တရုတ်အကောက်ခွန်ဌာန-GACC တွင် မှတ်ပုံတင်နိုင်ရေးကြိုးပမ်း

တရုတ်အကောက်ခွန်ဌာန-GACC တွင် မှတ်ပုံတင်နိုင်ရေး မြန်မာပို့ကုန်ကုမ္ပဏီ ၆၀၀ကျော် ကြိုးပမ်းလျက်ရှိ

တရုတ်အကောက်ခွန်ဌာန-GACC တွင် မှတ်ပုံတင်နိုင်ရေးကြိုးပမ်း

ဆန်၊ ဆန်ကွဲ၊ ပြောင်းစသည့် လုပ်ငန်းများအပါအဝင် မြန်မာပို့ကုန် ကုမ္ပဏီ (၆၀၀) ကျော်က တရုတ်နိုင်ငံ အကောက်ခွန် အထွေထွေအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့ – GACC မှ မှတ်ပုံတင်ရရှိရေး ကြိုးပမ်းဆောင်ရွက်နေကြောင်း  စိုက်ပျိုးရေးဦးစီးဌာနက  သိရသည်။

မှတ်ပုံတင်လျှောက်ထားသည့် ကုမ္ပဏီတွေအနေဖြင့် ကုန်ပစ္စည်း (၁,၆၀၀) ကျော် တင်ပို့ရောင်းချရန် ရည်ရွယ်ထားပြီး စိုက်ပျိုးရေးဦးစီးဌာနလက်အောက်ရှိ သီးနှံကာကွယ်ရေးဌာနခွဲ – Plant Protection Division က မှတ်ပုံတင်နိုင်ရေး ဆောင်ရွက်ပေးလျက် ရှိသည်။

လက်ရှိတွင် ပြည်တွင်းအခြေစိုက် ဆန်၊ဆန်ကွဲတင်ပို့ရောင်းချသည့် ကုမ္ပဏီ (၆၂)ခု၊ ပြောင်းတင်ပို့ရန် ကုမ္ပဏီ (၁၁၂)ခုနှင့်  တစ်သျှူးငှက်ပျော တင်ပို့ရောင်းချမည့် ကချင်ပြည်နယ်အခြေစိုက် ကုမ္ပဏီ (၃၂) ခုတို့ကို GACC က မှတ်ပုံတင်ခွင့် ပြုထားသည်။

တရုတ်အကောက်ခွန်ဌာန-GACC တွင် မှတ်ပုံတင်နိုင်ရေးကြိုးပမ်းတရုတ်အကောက်ခွန်ဌာန-GACC တွင် မှတ်ပုံတင်နိုင်ရေးကြိုးပမ်း

နောက်ဆုံးခွင့်ပြုထားသောတစ်သျှူးငှက်ပျောအတွက် မြန်မာနိုင်ငံ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် တရုတ် GACC တို့ အပင်ကျန်းမာရေးဆိုင်ရာ လိုအပ်ချက်သဘောတူစာချုပ်ကို ယခုနှစ် အစောပိုင်းက လက်မှတ်ရေးထိုးခဲ့ကြောင်းသိရသည်။

GACC ၏ ပထမဆုံးအကြိမ် ၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ဒုတိယပတ်တွင် မြန်မာကုမ္ပဏီ (၄၃) ခုကို မှတ်ပုံတင်ခွင့်ပြုခဲ့ပြီးနောက် ဆန်နှင့် ဆန်ကွဲတင်ပို့ရောင်းချမည့် ကုမ္ပဏီတွေအနေဖြင့် တရုတ်နိုင်ငံထံ တရားဝင်တင်ပို့ခွင့် စတင်ရရှိခဲ့သည်။

စက်တင်ဘာ ၃၀ ရက်နေ့အထိ မြန်မာနိုင်ငံက ကုမ္ပဏီနှင့် စက်ရုံပေါင်း (၁,၁၀၀) ခန့်က လျှောက်လွှာပေါင်း (၁,၈၅၀) ကို တင်သွင်းခဲ့ကြောင်းGACC ရဲ့ ထုတ်ပြန်ထားသည်။

၂၀၂၀-၂၀၂၁ ခုနှစ်၌ တရုတ်နိုင်ငံကို မြန်မာနိုင်ငံကနေ လယ်ယာထွက်ကုန်ပစ္စည်း၊ တိရိစ္ဆာန်ထွက်ပစ္စည်းနှင့် ရေထွက်ပစ္စည်းတင်ပို့မှု အနေနှင့် ကန်ဒေါ်လာ ၅.၄ ဘီလီယံကျော် တင်ပို့နိုင်ခဲ့ကြောင်း စီးပွားကူးသန်းဝန်ကြီးဌာန က ထုတ်ပြန်ထားသည်။

ရွှေနွယ်ကြိုး

Original works by shin@PaukPhaw Network: http://www.paukphaw.org/2022/11/13/%e1%80%90%e1%80%9b%e1%80%af%e1%80%90%e1%80%ba%e1%80%a1%e1%80%80%e1%80%b1%e1%80%ac%e1%80%80%e1%80%ba%e1%80%81%e1%80%bd%e1%80%94%e1%80%ba%e1%80%8c%e1%80%ac%e1%80%94-gacc-%e1%80%90%e1%80%bd%e1%80%84/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 11月 13, 2022 9:55 上午
下一篇 11月 13, 2022 9:56 上午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....