နာမည်ကျော်ကြား လူကြိုက်များသည့် ကာတွန်းပိုးဇာ၏ ကာတွန်းခရီးသည် တကိုယ်တော်ပြပွဲ ကျင်းပမည်

နာမည်ကျော်ကြား လူကြိုက်များသည့် ကာတွန်းပိုးဇာ၏ ကာတွန်းခရီးသည် တကိုယ်တော်ပြပွဲ ကျင်းပမည်

နာမည်ကျော်ကြား လူကြိုက်များသည့် ကာတွန်းပိုးဇာ၏ ကာတွန်းခရီးသည် တကိုယ်တော်ပြပွဲ ကျင်းပမည်

နာမည်ကျော်ကြား လူကြိုက်များသည့် ကာတွန်းပိုးဇာ၏ ကာတွန်းခရီးသည် တကိုယ်တော်ပြပွဲကို ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်၊ သံစျေးရှိ WE Creation Gallery တွင် နိုဝင်ဘာလ ၁၅ ရက်မှ ၂၀ရက်အထိ ကျင်းပရန် စီစဥ်ထားကြောင်း ဆရာပိုးဇာထံမှ သိရသည်။

“ပြပွဲလုပ်ဖြစ်တာက အမှတ်တရလည်းဖြစ်၊ ကိုယ်ကလည်း အသက်ကကြီးလာပြီဆိုတော့ မသေခင်လေး ပရိသတ်အတွက် အမှတ်တရ လုပ်ချင်လို့ပါ။ အရင်က အခုလို တကိုယ်တော်ပြပွဲမျိုး တစ်ခါမှမလုပ်ဖူးပါဘူး။ အုပ်စုပြပွဲအနေနဲ့ ကာတွန်းပြပွဲ ၂ခါလောက် ပြဘူးပါတယ်” ဟု ဆရာပိုးဇာကပြောသည်။

ကာတွန်းပိုးဇာ၏ ပထမဆုံး တကိုယ်တော်ပြပွဲကို နိုဝင်ဘာ ၁၅ ရက်နေ့မှ စတင်ကာ ခင်းကျင်းပြသသွားမည် ဖြစ်ပြီး ကာတွန်းခရီးသည်ဆိုသည့်အတိုင်း ဆရာပိုးဇာ၏ ကာတွန်းဆရာဘဝတစ်လျှောက်လုံးကို ခြုံငုံမိအောင် ကျစ်ကျစ်လစ်လစ်ဖြင့် ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

နာမည်ကျော်ကြား လူကြိုက်များသည့် ကာတွန်းပိုးဇာ၏ ကာတွန်းခရီးသည် တကိုယ်တော်ပြပွဲ ကျင်းပမည်နာမည်ကျော်ကြား လူကြိုက်များသည့် ကာတွန်းပိုးဇာ၏ ကာတွန်းခရီးသည် တကိုယ်တော်ပြပွဲ ကျင်းပမည်နာမည်ကျော်ကြား လူကြိုက်များသည့် ကာတွန်းပိုးဇာ၏ ကာတွန်းခရီးသည် တကိုယ်တော်ပြပွဲ ကျင်းပမည်

“ရေးထားတာ အစုံပဲဗျ။ ငယ်ငယ်က ရေးထားတဲ့ ပုံကြမ်းလက်ရာတွေ၊ ရုပ်ပြကာတွန်း ကော့မက်လက်ရာတွေ၊ မျက်နှာဖုံးတွေ၊ နောက်ပိုင်းရေးဆွဲဖြစ်တဲ့ ကားသစ်တွေ ပြမှာပါ။ အားလုံး ကားပေါင်း ၄၀ ကျော် ၅၀ လောက်ရှိမယ်။ အရွယ်အစားက ၁၅ လက်မ X ၁၁လက်မအရွယ်တွေ များတယ်။ လေ့ကျင့်ခဲ့တုန်းက ခဲကြမ်းပုံတွေ၊ တစ်ကွက်ကာတွန်းတွေ၊ တီရှပ်ဒီဇိုင်းတွေ အစုံပြမှာပါ။ ကိုယ်ဖြတ်သန်းခဲ့တဲ့ အမှတ်တရတွေ ပြတာပါ” ဟု ဆရာပိုးဇာကဆိုသည်။

ပြပွဲတွင် အပိုင်းသုံးပိုင်း ခွဲခြားပြသသွားမည်ဖြစ်ရာ ပထမပိုင်းတွင် ဆရာပိုးဇာ၏ ငယ်ဘဝပန်းချီလက်ရာများကို မြင်တွေ့ရမည်ဖြစ်ပြီး သဘာဝရေဆေးပန်းချီကားများ သာမက ခေတ်ပေါ်ပန်းချီစနစ်ဖြင့် ဆွဲထားသော ရေဆေးပန်းချီကားများကိုပါ မြင်တွေ့ရမည်ဖြစ်ကြောင်း သိရသည်။

ဒုတိယပိုင်းတွင် ဆရာပိုးဇာ၏ ၁၉၉၀ ခုကျော်ကတည်းက ရေးဆွဲခဲ့ပြီး အောင်မြင်မှုကြီးမားခဲ့သည့် မောင်မောင်ဇာ၊ အမြွာညီအစ်မတို့အပါအဝင် ရွှေအိ၊ ရွှေဘုတ်၊ ဝိတ်တား အစရှိသည့်ဇာတ်ကောင်ပုံတူများ၊ မူရင်း ကာတွန်းများကို ပြသသွားမည်ဖြစ်သကဲ့သို့ အမှတ်တရ စုဆောင်းလိုသူများအတွက်လည်း သက်သာသည့်စျေးနှုန်းဖြင့် ရောင်းချပေးသွားမည် ဖြစ်သည်။
“ပရိသတ်ရဲ့ အသိအမှတ်ပြု ဖြစ်သွားအောင်ရယ်၊ တွေ့ချင်တဲ့သူတွေ တွေ့လို့ရအောင်၊ အမှတ်တရ ဆုတောင်းချင်သူတွေလည်း ပုံလေးတွေနဲ့ ဆုတောင်းရအောင်၊ တတ်နိုင်တဲ့သူတွေကို သင့်တင့်တဲ့စျေးနဲ့ ရောင်းနိုင်အောင်ပါ။ ကိုယ်လဲအကျိုးရှိ ပရိသတ်လည်း အမှတ်တရဖြစ်အောင် ပြပွဲကို စီစဥ်ဖြစ်တာပါ” ဟု ဆရာပိုးဇာက ပြောသည်။

တတိယပိုင်းတွင် တစ်ကွက်ကာတွန်းများနှင့် သရုပ်ဖော်ပုံတချို့ ပြသမည်ဖြစ်ပြီး တိုတိုနှင့် ထိထိမိမိရှိလှသည့် ဆရာပိုးဇာ၏ စာမဲ့ကာတွန်းများ၊ တစ်ကွက်ကာတွန်းများကို ခံစားရစေရန် ရည်ရွယ်ကြောင်းသိရသည်။

စျာန်ထူးကို

Original works by shin@PaukPhaw Network: http://www.paukphaw.org/2022/11/13/%e1%80%94%e1%80%ac%e1%80%99%e1%80%8a%e1%80%ba%e1%80%80%e1%80%bb%e1%80%b1%e1%80%ac%e1%80%ba%e1%80%80%e1%80%bc%e1%80%ac%e1%80%b8-%e1%80%9c%e1%80%b0%e1%80%80%e1%80%bc%e1%80%ad%e1%80%af%e1%80%80%e1%80%ba/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 11月 13, 2022 9:56 上午
下一篇 11月 14, 2022 3:52 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....