စစ်ကိုင်းမြို့မိမြို့ဖအဖွဲ့က လူဦးရေ(၂၀၀၀)ခန့်အတွက် စတုဒီသာ ကျွေးမွေး

စစ်ကိုင်းမြို့မိမြို့ဖအဖွဲ့က လူဦးရေ(၂၀၀၀)ခန့်အတွက် စတုဒီသာ ကျွေးမွေး

စစ်ကိုင်းမြို့မိမြို့ဖအဖွဲ့က လူဦးရေ(၂၀၀၀)ခန့်အတွက် စတုဒီသာ ကျွေးမွေး

စစ်ကိုင်းမြို့မိမြို့ဖအဖွဲ့ ၏ စတုထ္ထအကြိမ်မြောက် စတုဒီသာ ထမင်း နှင့် ဟင်းများ ကျွေးမွေးလှူဒါန်းခြင်းကို စစ်ကိုင်းမြို့ တကောင်းရပ်ကွက်ရှိ ရွေရိုင်တန်းဓမ္မာရုံတွင် နိုဝင်ဘာလ ၁၂ ရက် ညနေ ၃ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။

စတုဒီသာ ထမင်း နှင့် ဟင်းကျွေးမွေးလှူဒါန်းမှုတွင် မြို့မိမြို့ဖအဖွဲ့(စစ်ကိုင်း)မှ ဥက္ကဋ္ဌ ဦးတင်မျိုးလွင် နှင့် မြို့မိမြို့ဖအဖွဲ့ဝင်များက အယုတ် အလတ် အမြတ်မရွေး လာရောက်သုံးဆောင်ကြသော လူ(၂၀၀၀)ခန့်ကို ငါးခြောက်ထောင်းကြော်၊ ပဲကြာဇံဟင်း၊ ငရုပ်သီးငပိကြော်၊ သရက်ချဉ်သုပ် တို့ဖြင့် ဧည့်ခံကျွေးမွေး ကုသိုလ်ပြုခဲ့သည်။

စစ်ကိုင်းမြို့မိမြို့ဖအဖွဲ့က လူဦးရေ(၂၀၀၀)ခန့်အတွက် စတုဒီသာ ကျွေးမွေး

ထို့အတူ အခြားရပ်ကွက်များတွင်လည်း အဆင်သင့်သလို ဆက်လက် စတုဒီသာကျွေးမွေးသွားမည် ဖြစ်ကြောင်း သိရသည်။

အညာသား (စစ်ကိုင်း)

Original works by shin@PaukPhaw Network: http://www.paukphaw.org/2022/11/14/%e1%80%85%e1%80%85%e1%80%ba%e1%80%80%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%b8%e1%80%99%e1%80%bc%e1%80%ad%e1%80%af%e1%80%b7%e1%80%99%e1%80%ad%e1%80%99%e1%80%bc%e1%80%ad%e1%80%af%e1%80%b7%e1%80%96/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 11月 14, 2022 3:53 下午
下一篇 11月 21, 2022 8:44 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....