စစ်ကိုင်းမြို့ ဖြူစင်မေတ္တာရှင် နာမှုကူညီရေးအသင်း တည်ထောင်ခြင်း(၃)နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားကျင်းပ
စစ်ကိုင်းမြို့ မီးရထားရပ်ကွက်ရှိ ဖြူစင်မေတ္တာရှင် နာမှုကူညီရေးအသင်း တည်ထောင်ခြင်း(၃)နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားနှင့် အလှူရှင်များ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲကို နိုဝင်ဘာ ၁၃ ရက် နံနက် ၉ နာရီက မီးရထားရပ်ကွက်ရှိ ကျော်ဇေယျုံဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် အသင်းနာယက ဦးကျော်မြင့် က ဂုဏ်ပြုအမှာစကားပြောကြားပေးပြီး အသင်း ဥက္ကဋ္ဌ ဦးမောင်သန်း မှ အသင်း၏ ဝင်ငွေထွက်ငွေစာရင်းများ ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် ပင့်သံဃာ ဆရာတော်ကြီးများအား လှူဖွယ်ဝထ္တုအစုစုတို့လှူဒါန်းကာ ဧည့်ပရိတ်သတ်အပေါင်းမှ ငါးပါးသီလ ဆောက်တည်ကြပြီး ဆရာတော် ဘဒ္ဒန္န အရှင်ဝဏ္ဍိဿရ မှ အနုမောဓနာတရားများချီးမြှင့်ပေးကာ ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကြောင်း သိရသည်။
အညာသား (စစ်ကိုင်း)
Original works by shin@PaukPhaw Network: http://www.paukphaw.org/2022/11/14/%e1%80%96%e1%80%bc%e1%80%b0%e1%80%85%e1%80%84%e1%80%ba%e1%80%99%e1%80%b1%e1%80%90%e1%80%b9%e1%80%90%e1%80%ac%e1%80%9b%e1%80%be%e1%80%84%e1%80%ba%e1%80%94%e1%80%ac%e1%80%9b%e1%80%b1%e1%80%b8%e1%80%a1/