ချောင်းဦးမိုးရာသီစိုက်သခွားမွှေးများရောင်းချ

ချောင်းဦးမြို့နယ် မိုးရာသီစိုက်သခွားမွှေးများ စတင်ဆွတ်ခူး၍ စျေးကွက်သို့တင်ပို့ရောင်းချ

ချောင်းဦးမိုးရာသီစိုက်သခွားမွှေးများရောင်းချ

စစ်ကိုင်းတိုင်းဒေသကြီး ချောင်းဦးမြို့နယ်အတွင်း မိုးရာသီစိုက်သခွားမွှေးများ စတင်ဆွတ်ခူး၍ စျေးကွက်သို့ တင်ပို့ရောင်းချနေပြီ ဖြစ်ကြောင်း မင်းတည်ကျေးရွာမှ သခွားစိုက်တောင်သူတစ်ဦး ကပြောသည်။

“အခု သခွားခူးနေကြပြီ။ လွန်ခဲ့တဲ့ ၂ လ ခွဲလောက်က စစိုက်ထားတာပါ။ ဖရဲမစိုက်ဘူး။ အသီးရအောင် တော်တော်လုပ်ယူရတယ်။ ပိုးမွှားပေါတယ်။ စိုက်ထားတာ ၈၀ ရာခိုင်နှုန်းလောက် အောင်မြင်မယ်။ ၂၀ ရာခိုင်နှုန်းလောက် ပျက်စီးတယ်။ တချို့ဆိုရင် တစ်ခင်းလုံးပျက်တာတွေရှိတယ်။ စုတ်စားပိုးတွေများတယ်။ အရင်က အခုလို ပိုးကြောင့် ပျက်တာမရှိခဲ့ဘူး။ မနှစ်က မိုးရာသီ မစိုက်ဖြစ်ဘူး။ ဆောင်းခါစိုက်ကြတယ်”ဟု သခွားမွှေးစိုက်တောင်သူတစ်ဦး ကပြောသည်။

လက်ရှိတွင် သခွားမွှေးစျေးနှုန်းသည် 1KG လျှင် တရုတ်ငွေ ၅ယွမ်စျေးပေါက်နေပြီး တစ်ဧကလျှင် အပင် ၇၅၀၀၊ ၈၀၀၀ ခန့် စိုက်ကြသော်လည်း အပင်စေ့၊ ကိုင်းစေ့ အသီးမရကြကြောင်း သိရသည်။ ချောင်းဦးမြို့နယ်ရှိ ဖရဲ၊ သခွားစိုက်တောင်သူအချို့သည် တစ်ဧက ၁၃တန်၊ ၁၄တန်အထိ ရကြသကဲ့သို့ အထွက်မကောင်းလျှင် ၈တန်နှင့် ၁၀တန်ကြား ထွက်သည်။ ပျမ်းမျှ ၁၀တန်နှင့် ၁၂တန်အကြား ထွက်ကြကြောင်းသိရသည်။

“တရုတ်နယ်စပ်ပို့ရတာ အခု အဆင်ပြေပါတယ်။ ဒီရက်ပိုင်း ၁၂ဘီး ၂စီး၊ ၃စီးတော့ နယ်စပ်ဖက် တက်သွားကြပြီ။ တစ်ခေါက်သွားရင် တစ်ပတ်လောက်ကြာတယ်။ အရင်က တလလောက်ကြာတယ်။ အသီးအရည်အသွေးက မြေ ၂မျိုးမှာ စိုက်ထားတယ်။ စနယ်မြေနဲ့သဲမြေမှာ စိုက်တယ်။ သဲစိုက်က အလုံးကြီးပြီး အပျက်အစီးများတယ်။ စနယ်မြေစိုက်က အလုံးသေးပြီး အပျက်အစီးနည်းတယ်။ စျေးရတယ်မရဘူးဆိုတာ တရုတ်နယ်စပ်က အဝယ်ပေါ် မူတည်တာပါ။ အလုံးကြီးတိုင်းလည်း စျေးမရဘူး။ အလုံးသေးပြီး အစက်အပျောက်ကင်းပြီး သီးချောရှင်းရင် စျေးပိုရတယ်”ဟု သခွားစိုက်တောင်သူက ပြောသည်။

စျာန်ထူးကို

Original works by shin@PaukPhaw Network: http://www.paukphaw.org/2022/11/21/%e1%80%81%e1%80%bb%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b8%e1%80%a5%e1%80%ae%e1%80%b8%e1%80%99%e1%80%bc%e1%80%ad%e1%80%af%e1%80%b7%e1%80%94%e1%80%9a%e1%80%ba-%e1%80%99%e1%80%ad%e1%80%af%e1%80%b8/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 11月 21, 2022 8:45 下午
下一篇 11月 21, 2022 8:57 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....