ပြင်ဦးလွင်တွင်စိတ်ပြောင်းမူးယစ်ဆေးဝါးများဖမ်းမိ

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်တွင် ငွေကျပ်သိန်းလေးထောင်ကျော် တန်ဖိုးရှိ စိတ်ပြောင်းမူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

ပြင်ဦးလွင်တွင်စိတ်ပြောင်းမူးယစ်ဆေးဝါးများဖမ်းမိ

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ဝက်ဝံကျေးရွာ၊ X-Ray(ဝက်ဝံ)စစ်ဆေးရေးဂိတ်တွင် နိုဝင်ဘာလ ၁၃ ရက် ညနေ ၅နာရီခန့်က Mark ll မော်တော်ယာဉ်တစ်စီးပေါ်မှ ကာလတန်ဖိုး ငွေကျပ်သိန်း ၄၁၁၀ တန်ဖိုးရှိ စိတ်ပြောင်းမူးယစ်ဆေးဝါးများကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၁၃ ရက်နေ့ ညနေ ၅ နာရီ ၁၅ အချိန်ခန့်က ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ ပြင်ဦးလွင်မြို့နယ်၊ ဝက်ဝံကျေးရွာ၊ X-Ray(ဝက်ဝံ) ၌ X-Ray စက်ဖြင့် တားဆီးနှိမ်နင်းရေးလုပ်ငန်းများ ဆောင်ရွက်စဉ် မူဆယ်မြို့ဘက်မှ မန္တလေးမြို့ဘက်သို ဇော်ဇော်အောင် မောင်းနှင်လာသည့် MARK II အမျိုးအစား မော်တော်ယာဉ်အား စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်တွင် တင်ဆောင်လာသော ဆောင်းဘောက်အတွင်းမှ စိတ်ပြောင်းမူးယစ်ဆေးဝါးများ ရောစပ်ထားသောအမှုန့် (Happy Water) အလေးချိန် ၃.၂ ကီလို (ဒေသကာလပေါက် ဈေးတန်ဖိုးငွေကျပ်သိန်း ၃၈၄၀)နှင့် ကက်တမင်းအလေးချိန် ၉၀၀ ဂရမ် (ဒေသကာလပေါက်ဈေး တန်ဖိုးငွေ ကျပ်သိန်း ၂၇၀)တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ခြင်း ဖြစ်သည်။

စစ်ဆေးဖော်ထုတ်ချက်အရ နိုဝင်ဘာလ ၁၅ ရက်နေ့ ညနေ ၇ နာရီခွဲခန့်အချိန်တွင် မူဆယ်မြို့ တောင်ရပ်ကွက်၊ ဝီဘဲလမ်းကြားရှိ ကားဂိတ်တွင် သက်နိုင်(ခ)အာကာအား ထပ်မံဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။

ထို့ကြောင့် စိတ်ပြောင်းမူးယစ်ဆေးဝါးများကို သယ်ဆောင် ဖြန့်ချိရောင်းချသူများဖြစ်သည့် ဇော်ဇော်အောင်(၃၈)နှစ်နှင့် သက်နိုင်(ခ)အာကာ (၂၈)နှစ်တို့အား  ပိတ်ချင်းမြောင်နယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပ ဒေအရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

ကိုကျားကြီး

Original works by shin@PaukPhaw Network: http://www.paukphaw.org/2022/11/21/%e1%80%95%e1%80%bc%e1%80%84%e1%80%ba%e1%80%a6%e1%80%b8%e1%80%9c%e1%80%bd%e1%80%84%e1%80%ba%e1%80%90%e1%80%bd%e1%80%84%e1%80%ba%e1%80%85%e1%80%ad%e1%80%90%e1%80%ba%e1%80%95%e1%80%bc%e1%80%b1%e1%80%ac/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 11月 21, 2022 8:49 下午
下一篇 11月 21, 2022 8:58 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....