Mrs.Grand Internationalအိမ်ထောင်ရှင်အလှမယ်ပြိုင်ပွဲကျင်းပ

မန္တလေးတွင် Mrs. Grand International နိုင်ငံတကာ အိမ်ထောင်ရှင်အလှမယ်ပြိုင်ပွဲကျင်းပ

Mrs.Grand Internationalအိမ်ထောင်ရှင်အလှမယ်ပြိုင်ပွဲကျင်းပ

နိုင်ငံတကာ အိမ်ထောင်ရှင်အလှမယ်ပြိုင်ပွဲတစ်ခုဖြစ်သော Mrs.Grand International ပြိုင်ပွဲကို မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်ရှိ Swallow Hotel တွင် နိုဝင်ဘာလ၇ရက်မှ ၁၄ရက်အထိ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ Mrs. Grand International ပြိုင်ပွဲ၏ Winner ဆုကို ဗီယက်နမ်ကိုယ်စားပြု Mrs. Phan Kim Oanh ကရရှိခဲ့ပြီး မြန်မာကိုယ်စားပြုအလှမယ် Mrs. Sarah Boih Top 5 အထိ အရွေးချယ်ခံခဲ့ရပြီး Title ဆု လေးဆု ရရှိခဲ့သည်။

Mrs.Grand Internationalအိမ်ထောင်ရှင်အလှမယ်ပြိုင်ပွဲကျင်းပMrs.Grand Internationalအိမ်ထောင်ရှင်အလှမယ်ပြိုင်ပွဲကျင်းပ

မြန်မာကိုယ်စားပြုအလှမယ် Mrs.Sarah ရရှိခဲ့သည့် ဆုများမှာ Mrs. Grand International (Standard) Winner ဆု၊ Mrs. Friendship Award ဆု၊ Mrs. P opularity Award ဆုနှင့် Mrs. Best Talent Award ဆု တို့ဖြစ်ကြောင်း သိရသည်။

နိုင်ငံတကာအိမ်ထောင်ရှင်အလှမယ်ပြိုင်ပွဲ Mrs.Grand Internationalသို့ မြန်မာ၊ ထိုင်း၊ ဗီယက်နမ်၊ ကနေဒါ၊ တောင်အာဖရိက အစရှိသော နိုင်ငံပေါင်း၃၀ကျော်မှ အလှမယ်များ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

ကိုကျားကြီး

Original works by shin@PaukPhaw Network: http://www.paukphaw.org/2022/11/21/mrs-grand-international%e1%80%a1%e1%80%ad%e1%80%99%e1%80%ba%e1%80%91%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%9b%e1%80%be%e1%80%84%e1%80%ba%e1%80%a1%e1%80%9c%e1%80%be%e1%80%99%e1%80%9a%e1%80%ba/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 11月 14, 2022 3:54 下午
下一篇 11月 21, 2022 8:45 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....