ချောင်းဦးတွင်ဆောင်းနေကြာများ စိုက်ပျိုးလျက်ရှိ

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်တွင် ဓာတုဆေးလျော့သုံးသည့်နည်း၊ အထွက်တိုးနည်းများအတိုင်း ဆောင်းနေကြာများ စိုက်ပျိုးလျက်ရှိ

ချောင်းဦးတွင်ဆောင်းနေကြာများ စိုက်ပျိုးလျက်ရှိ

ချောင်းဦးမြို့နယ်တွင် ဓာတုဆေးလျော့သုံးသည့်နည်း၊ အထွက်တိုးနည်းများအတိုင်း ဆောင်းနေကြာများ စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

“ဆောင်းနေကြာစိုက်ပျိုးရာမှာ နေကြာတစ်မျိုးတည်း သီးသန့်စိုက်ပျိုးကြသလို ဂျုံ၊ကုလားပဲ သီးနှံများနဲ့လည်း သီးညှပ်စိုက်ပျိုးနေတာပါ။ စိုက်ပျိုးရေးဌာနက ဖြန့်ဖြူးပေးထားတဲ့ စပ်မျိုး(၁)နေကြာကို (၁၀)ဧကစိုက်ပျိုးထားတာပါ”ဟု ချောင်းဦးမြို့နယ်၊ ထူးနီကျေးရွာရှိ တောင်သူတစ်ဦးကပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်တွင် ဆောင်းနေကြာကို ယခင်နှစ်က ၁၁၂၂ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ယခုနှစ် ၂၀၂၂-၂၀၂၃ခုနှစ်တွင် ၂၃၆၁ ဧက စိုက်ပျိုးရန် လျာထား ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ချောင်းဦးတွင်ဆောင်းနေကြာများ စိုက်ပျိုးလျက်ရှိ

နေကြာစိုက်ပျိုးရာတွင် အထွက်နှုန်းကောင်းပြီး ဆီထွက်ရာခိုင်နှုန်းမြင့်မားသည့် ရေဆင်းစပ်မျိုး နေကြာများနှင့် ဆင်းရွှေနေကြာမျိုးများကို ဖြန့်ဖြူးပေးလျက်ရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးထံမှ သိရသည်။

စျာန်ထူးကို

Original works by shin@PaukPhaw Network: http://www.paukphaw.org/2022/12/15/%e1%80%81%e1%80%bb%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b8%e1%80%a5%e1%80%ae%e1%80%b8%e1%80%90%e1%80%bd%e1%80%84%e1%80%ba%e1%80%86%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b8%e1%80%94%e1%80%b1/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 12月 15, 2022 9:14 下午
下一篇 12月 21, 2022 2:25 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....