တရုတ်သံရုံး၊ကောင်စစ်ဝန်ချုပ်ရုံးတို့Biometric Visaစအသုံးပြု

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးနှင့် ကောင်စစ်ဝန်ချုပ်ရုံးတို့သည် Biometric ဗီဇာကို စတင်အသုံးပြု

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးနှင့် မန္တလေးမြို့ရှိ ကောင်စစ်ဝန်ချုပ်ရုံးတို့သည် biometric ဗီဇာကို နိုဝင်ဘာလ ၂၈ ရက်နေ့တွင် စတင်အသုံးပြုကြောင်း သိရသည်။

သက်ဆိုင်ရာ တရုတ်နိုင်ငံ၏ဥပဒေနှင့် စည်းမျဉ်းစည်းကမ်းများနှင့် နိုင်ငံတကာ ကျင့်ထုံးများနှင့်အညီ ယခုကဲ့သို့ biometric ဗီဇာကို ပြောင်းလဲအသုံးပြုခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ဝက်ဘ်ဆိုဒ် သတင်းဖော်ပြချက်အရသိရသည်။

တရုတ်နိုင်ငံ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသမှ ဗီဇာလျှောက်ထားသူများမှလွဲ၍ တရုတ်ဗီဇာလျှောက်ထားသူများသည် အွန်လိုင်းဖောင်ဖြည့်ပြီး ရက်ချိန်းယူပြီးနောက် ချိန်းဆိုထားသည့်အချိန်အတိုင်း လျှောက်လွှာတင်ပြမည့်အချက်အလက်များကိုယူဆောင်ကာ သံရုံး သို့မဟုတ် ကောင်စစ်ဝန်ချုပ်ရုံးသို့ အချက်အလက်များတင်ပြပြီး လက်ဗွေရယူရန် လိုအပ်ကြောင်း ဖော်ပြထားသည်။

ကင်းလွတ်ခွင့်ရှိသူများအနေဖြင့် အသက် ၁၄ နှစ်အောက် သို့မဟုတ် အသက် ၇၀ ကျော်သူများ၊ သံတမန် နိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသူ သို့မဟုတ် တရုတ်နိုင်ငံ၏ သံတမန်ရေးရာ၊ တရားဝင်နှင့် သင့်လျော်သော ဗီဇာလိုအပ်ချက်များနှင့် ကိုက်ညီသူများ၊ မြန်မာနိုင်ငံရှိ တရုတ်သံရုံး သို့မဟုတ် ကောင်စစ်ဝန်ရုံးတွင် ဗီဇာလျှောက်ထားပြီး ငါးနှစ်အတွင်း တူညီသော နိုင်ငံကူးလက်မှတ်ဖြင့် ၎င်းတို့၏ လက်ဗွေရာ ထုတ်ယူပြီးသူများ၊ လက်ဆယ်ချောင်းလုံး မပြည့်စုံပါက သို့မဟုတ် လက်ဗွေဆယ်ချောင်းကို သိမ်းဆည်း၍မရသူများ စသည်တို့ဖြစ်သည်။

လျှောက်ထားသူများသည် လက်ဗွေကို လူကိုယ်တိုင်သွားရောက် စုဆောင်းရန် သတိပြုရမည်ဖြစ်ကြောင်း သတိပေးထားပြီး မိမိကိုယ်စား အခြားသူတစ်ဦးက အစားထိုးကာ လက်ဗွေကောက်ယူလျှင် လျှောက်ထားသူသည် တရုတ်နိုင်ငံသို့ ဝင်ရောက်ရန်ငြင်းပယ်ခံရမည်ဖြစ်ပြီး ယင်းကြောင့် ဖြစ်ပေါ်လာသည့် အကျိုးဆက်များကို လျှောက်ထားသူကိုယ်တိုင် ခံယူရမည်ဖြစ်သည်ဟု ကြေညာချက်တွင် အသိပေးထားသည်။

တရုတ်ဗီဇာအွန်လိုင်းဖောင်ဖြည့်ရန် ဝက်ဘ်ဆိုဒ်မှာ https://cova.cs.mfa.gov.cn ဖြစ်ပြီး အွန်လိုင်းကြိုတင်ချိန်းဆိုမှုဝက်ဘ်ဆိုဒ်မှာ https://avas.cs.mfa.gov.cn ဖြစ်ကာ သိလိုသည်များကို တယ်လီဖုန်း ဝ၀၉၅-၁-၈၂၂၁၂၈၀/၈၂၂၁၂၈၁ မှ ၆၇၇၊ ဝ၀၉၅-၉၈၉၄၈၅၃၁၈၈ (ရန်ကုန်)၊ ဝ၀၉၅-၉၄၀၁၄၇၀၈၇၅ (မန္တလေး)၊ E-mail yangon@csm.mfa.gov.cn (ရန်ကုန်)၊ mandalay@csm.mfa.gov.cn (မန္တလေး) များသို့ ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ကြောင်း သိရသည်။

ကောင်းကောင်း

Original works by shin@PaukPhaw Network: http://www.paukphaw.org/2022/12/15/%e1%80%90%e1%80%9b%e1%80%af%e1%80%90%e1%80%ba%e1%80%9e%e1%80%b6%e1%80%9b%e1%80%af%e1%80%b6%e1%80%b8%e1%81%8a%e1%80%80%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%85%e1%80%85%e1%80%ba%e1%80%9d%e1%80%94/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 11月 21, 2022 8:58 下午
下一篇 12月 15, 2022 9:10 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....