တရုတ်-မြန်မာပူးပေါင်းဆောင်ရွက်မှုဖိုရမ်ကျင်းပ

တရုတ်နိုင်ငံဖွံ့ဖြိုးတိုးတက်မှုအသစ်နှင့် တရုတ်-မြန်မာပူးပေါင်းဆောင်ရွက်မှုဖိုရမ်ကျင်းပ

တရုတ်-မြန်မာပူးပေါင်းဆောင်ရွက်မှုဖိုရမ်ကျင်းပ

တရုတ်နိုင်ငံဖွံ့ဖြိုးတိုးတက်မှုအသစ်နှင့် တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်မှု ဖိုရမ်ကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့က ရန်ကုန်မြို့ ရှိ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) တွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါဖိုရမ်သို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Chen Hai ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ UMFCCI ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း၊ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး စီးပွားရေးသံမှူး Mr. Tan Shufu ၊ မြန်မာနိုင်ငံရှိ တရုတ်ကုန်သည်လုပ်ငန်းရှင်များအသင်း (CECCM) ဥက္ကဋ္ဌ Mr. Liu Ying နှင့် တရုတ်-မြန်မာ စက်မှုစီးပွားနယ်ပယ်မှ လူပုဂ္ဂိုလ်များ စုစုပေါင်း လူဦးရေတစ်ရာနီးပါး တက်ရောက်ခဲ့ကြသည်။

ဝန်ကြီးချုပ် ဦးစိုးသိန်း အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ၏ စီးပွားရေးနှင့် ကုန်သွယ်ရေးဆက်ဆံမှုကို အလွန်အလေးထားပြီး တရုတ်ကုမ္ပဏီများ မြန်မာနိုင်ငံတွင် လာရောက် ရင်းနှီးမြှုပ်နှံမှုကို ကြိုဆိုကြောင်း၊ တရုတ်နိုင်ငံနှင့်အတူ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေပြီး တရုတ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုအခွင့်အလမ်းသစ်ကို ကောင်းမွန်စွာ အသုံးပြုကာ မြန်မာနိုင်ငံ စီးပွားရေးနှင့် ပြည်သူလူနေမှုဘဝဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်လိုကြောင်း ပြောကြားခဲ့သည်။

တရုတ်-မြန်မာပူးပေါင်းဆောင်ရွက်မှုဖိုရမ်ကျင်းပတရုတ်-မြန်မာပူးပေါင်းဆောင်ရွက်မှုဖိုရမ်ကျင်းပ

အဆိုပါဖိုရမ်တွင် သံအမတ်ကြီး Mr. Chen Hai က နှစ်နိုင်ငံလုပ်ငန်းရှင်များသည် တရုတ်နိုင်ငံဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းအသစ်များကို ကောင်းမွန်စွာအသုံးပြု၍ တရုတ်-မြန်မာ ပူးပေါင်းဆောင်ရွက်မှု ထူးခြားချက်အသစ်များ ဖန်တီးကာ နှစ်နိုင်ငံဆက်ဆံရေးတိုးတက်မှုအတွက် အကျိုးထမ်းဆောင်မှုအသစ်များ လုပ်ဆောင်ရန် တိုက်တွန်းအားပေးခဲ့ပါသည်။

ဥက္ကဋ္ဌ Mr. Liu Ying ကအမှာစကားပြောကြားရာတွင် CECCM သည် UMFCCI နှင့်အတူ ချိတ်ဆက် ပူးပေါင်းဆောင်ရွက်မှုအားမြှင့်တင်၍ တရုတ်ကွန်မြူနစ်ပါတီ (၂၀) ကြိမ်မြောက် နိုင်ငံလုံးဆိုင်ရာပါတီညီလာခံနှင့် တရုတ်နိုင်ငံဖွံ့ဖြိုးတိုးတက်မှုအသစ်က သယ်ဆောင်လာသည့် အခွင့်အလမ်းများကို အမိအရဆုပ်ကိုင်ကာ တရုတ်-မြန်မာ ကုမ္ပဏီများအတွက် ကုန်သွယ်ရေး ရင်းနှီးမြှုပ်နှံမှုပလက်ဖောင်း တစ်ဆင့်တိုးတည်ဆောက်ပေးပြီး နှစ်နိုင်ငံလုပ်ငန်းကုမ္ပဏီများနှင့် တရုတ်-မြန်မာစီးပွားရေးစင်္ကြံတည်ဆောက်မှုအတွက် ဝန်ဆောင်မှုပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဖိုရမ်တွင် မြန်မာနိုင်ငံတွင်း လုပ်ဆောင်နေမှုများ၊ သံရုံးနှင့် တရုတ်ကုမ္ပဏီတို့၏ CSR များ၊ ဆူးလေဘုရား၊ သဗ္ဗညုဘုရား များအား ဝိုင်းဝန်းမွမ်းမံပေးနေမှုများ အပါအဝင် တရုတ်-မြန်မာ ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှု တိုးတက်မှုအခြေအနေ ဗီဒီယိုအတိုကို ထုတ်လွှင့်ပြသခဲ့ကြောင်း သိရသည်။

မြသုခ

Original works by shin@PaukPhaw Network: http://www.paukphaw.org/2022/12/15/%e1%80%90%e1%80%9b%e1%80%af%e1%80%90%e1%80%ba-%e1%80%99%e1%80%bc%e1%80%94%e1%80%ba%e1%80%99%e1%80%ac%e1%80%95%e1%80%b0%e1%80%b8%e1%80%95%e1%80%b1%e1%80%ab%e1%80%84%e1%80%ba%e1%80%b8%e1%80%86%e1%80%b1/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 12月 15, 2022 9:10 下午
下一篇 12月 15, 2022 9:12 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....