တောင်ကြီးမြို့တွင် Safe Mekong Coordination Center အဆောက်အအုံ ဖွင့်လှစ်

တောင်ကြီးမြို့တွင် Safe Mekong Coordination Center အဆောက်အအုံ ဖွင့်လှစ်

တောင်ကြီးမြို့တွင် Safe Mekong Coordination Center အဆောက်အအုံ ဖွင့်လှစ်

လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ ပံ့ပိုးမှုဖြင့်တည်ဆောက်သည့် Safe Mekong Coordination Center (SMCC) ရုံး အဆောက်အအုံ ဖွင့်လှစ်ခြင်းအခမ်းအနားကို နိုဝင်ဘာလ ၂၉ ရက်နေ့တွင် ရှမ်းပြည်နယ် တောင်ကြီးမြို့၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ SMCC ရုံးသည် လန်ချန်း-မဲခေါင် ခြောက်နိုင်ငံက မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ လန်ချန်း-မဲခေါင်မြစ်ဝှမ်းဒေသ တည်ငြိမ်အေးချမ်းမှုနှင့် ဖွံဖြိုးတိုးတက် စည်ပင်ဝပြောမှု တိုးမြှင့်ရေးအတွက် အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း သိရသည်။

တောင်ကြီးမြို့တွင် Safe Mekong Coordination Center အဆောက်အအုံ ဖွင့်လှစ်တောင်ကြီးမြို့တွင် Safe Mekong Coordination Center အဆောက်အအုံ ဖွင့်လှစ်တောင်ကြီးမြို့တွင် Safe Mekong Coordination Center အဆောက်အအုံ ဖွင့်လှစ်

မြန်မာနိုင်ငံက SMCC ရုံး တည်ဆောက်ပြီးစီးခြင်းသည် လန်ချန်း-မဲခေါင် အဖွဲ့ဝင်ခြောက်နိုင်ငံ တရားဥပဒေစိုးမိုးရေးကဏ္ဍ လက်တွေ့ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုကောင်းမွန်စွာ အာမခံနိုင်ပြီး ရွှေတြိဂံဒေသ ပူးတွဲမူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးအခြေအနေကို ခိုင်မြဲစေကာ မူးယစ်ဆေးဝါးခြိမ်းခြောက်မှုကို ဖယ်ရှား၍ ဒေသတွင်းလုံခြုံရေးနှင့်တည်ငြိမ်မှုကို ကောင်းမွန်စွာ ကာကွယ်ထိန်းသိမ်းခြင်းဖြင့် မြန်မာနိုင်ငံနှင့် ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှုနှင့် စည်ပင်ဝပြောမှုအတွက် အကျိုးရှိသည့်ပတ်ဝန်းကျင် ဖန်တီးပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး သံမှူးကြီး Mr. Zheng Zhihong က ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားခဲ့သည်။

တရုတ်-မြန်မာနှစ်နိုင်ငံသည် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးကဏ္ဍတွင် အပြန်အလှန်၏ အရေးပါဆုံးပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်များထဲမှ တစ်နိုင်ငံဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံအပါအဝင် မဲခေါင်မြစ်ဒေသ နိုင်ငံငါးနိုင်ငံနှင့်အတူ “Safe Mekong” ပူးတွဲမူးယစ်ဆေးဝါးတိုက်ဖျက်ရေးလှုပ်ရှားမှု ခြောက်ကြိမ်ဖော်ဆောင်ခဲ့ကာ တရုတ်၊ လာအို၊ မြန်မာ၊ ဗီယက်နမ်၊ ထိုင်းနိုင်ငံများ မဲခေါင်မြစ်ပူးတွဲကင်းလှည့်လှုပ်ရှားမှုကို ၁၂၃ ကြိမ်ဖော်ဆောင်ခဲ့ပြီး မဲခေါင်မြစ်ဒေသ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုသည် နိုင်ငံတကာ တရားဥပဒေစိုးမိုးရေး လုံခြုံမှုပူးပေါင်းဆောင်ရွက်ရေး၏ စံနမူနာဖြစ်လာပြီဖြစ်ကြောင်း၊ အထွေထွေအတွင်းရေးမှူး Xi Jinping က တရုတ်ကွန်မြူနစ်ပါတီ၏ (၂၀) ကြိမ်မြောက် နိုင်ငံလုံးဆိုင်ရာ ပါတီညီလာခံအစီရင်ခံစာတွင် နိုင်ငံတော်လုံခြုံရေးသည် အမျိုးသားပြန်လည်ရှင်သန်ရေး၏ အခြေခံအုတ်မြစ်ဖြစ်ပြီး လူ့အဖွဲ့အစည်း တည်ငြိမ်မှုသည် နိုင်ငံတော် အင်အားတောင့်တင်းမှု၏ လိုအပ်ချက်ဖြစ်သည်ဟု ထောက်ပြပြောဆိုခဲ့ကြောင်း၊ တည်ငြိမ်အေးချမ်းသော မဲခေါင်မြစ်တစ်စင်းသည် မြစ်ကမ်းတစ်လျှောက်ပြည်သူများ သာယာချမ်းမြေ့သော ဘဝ၏ အာမခံဖြစ်ကြောင်း တရုတ်သံမှူးကြီး Mr. Zheng Zhihong က ဆက်လက်ပြောသည်။

မြန်မာနိုင်ငံသည် “Safe Mekong” စီမံကိန်း ဆက်လက်ကောင်းမွန်စွာဖော်ဆောင်၍ SMCC ရုံး၏အခန်းကဏ္ဍကို အပြည့်အဝအသုံးပြုကာ မဲခေါင်မြစ်ဝှမ်း၌ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းမှုမြှင့်တင်ရေး၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး အချက်အလက်များ အတူမျှဝေရေး၊ အစည်းအဝေးကျင်းပရေးစသည်တို့အတွက် အဆင်ပြေချောမွေ့စေရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြသုခ

Original works by shin@PaukPhaw Network: http://www.paukphaw.org/2022/12/15/%e1%80%90%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%80%e1%80%bc%e1%80%ae%e1%80%b8%e1%80%99%e1%80%bc%e1%80%ad%e1%80%af%e1%80%b7%e1%80%90%e1%80%bd%e1%80%84%e1%80%ba-safe-mekong-coordination-center/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 12月 15, 2022 9:10 下午
下一篇 12月 15, 2022 9:12 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....