ကျောက်စိမ်းဈေးကွက် ဖြင့် တရုတ်ခရီးသွားဧည့်သည်များအား ဆွဲဆောင်လျက်ရှိဟု ပြည်ထောင်စုဝန်ကြီးပြောကြား
မိမိတို့နိုင်ငံအနေဖြင့်လည်း ကျောက်စိမ်းဈေးကွက် ဖြင့် တရုတ်ခရီးသွားဧည့်သည်များအား ဆွဲဆောင်လျက် ရှိကြောင်း ဟိုတယ်နှင့်ခရီး သွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်က ဒီဇင်ဘာလ ၈ ရက်နေ့တွင် ကျင်းပသည့် “မြန်မာ-တရုတ် ခရီးသွားလုပ်ငန်းမြှင့်တင်ရေး ညှိနှိုင်းအစည်းအဝေး”၌ ပြောကြားသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက တရုတ်ခရီးသွားများ ပိုမိုဝင် ရောက်နိုင်ရေးအတွက် သတင်းမီဒီယာများမှ တစ်ဆင့် မြှင့်တင်ရာတွင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက် ကြရန်လိုကြောင်း၊ ခရီးသွားလုပ်ငန်း၏ သဘာဝတွင် ကဏ္ဍအားလုံး ဆက်နွယ်မှုရှိနေသည့်အတွက် မိမိတို့၏ ရှိပြီးသားဈေးကွက်အား မြှင့်တင်ဆောင်ရွက်ရာတွင် မိမိတို့သက်ဆိုင်ရာ ကဏ္ဍအလိုက် ဝိုင်းဝန်းပူးပေါင်း ကူညီဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားသည်။
ဝန်ကြီးဌာန အနေဖြင့်လည်း တရုတ်ခရီးသွားဈေးကွက်အား မြှင့်တင်ဆောင်ရွက်ရန်အတွက် တရုတ်ဘာသာစကား သင်တန်းများနှင့် ဆက်စပ်သင်တန်းများအား ဖွင့်လှစ်ဆောင်ရွက်ပေးနေကြောင်း သိရသည်။
အဆိုပါအစည်းအဝေးသို့ ညွှန်ကြားရေးမှူးချုပ်များ၊ အရာရှိကြီးများ၊ ဘာသာရပ် တာဝန်ခံများ တက်ရောက်ကြပြီး မြန်မာနိုင်ငံခရီးသွား လုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် အသင်းအဖွဲ့များမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း(ဗဟို)ဥက္ကဋ္ဌ၊ မြန်မာ-တရုတ်ကုန်သည်ကြီးများအသင်းဥက္ကဋ္ဌ၊ မြန်မာ-တရုတ် ပူးပေါင်းဆက်ဆံရေးဗဟိုအသင်းဥက္ကဋ္ဌ၊ တရုတ်နိုင်ငံ၊ တယ်ဟုန်း ပြည်နယ်ခွဲကုန်သည်ကြီးများအသင်း (မြန်မာကိုယ်စားလှယ်ရုံး) တာဝန်ခံနှင့် ကိုယ်စားလှယ်များ၊ လေကြောင်းလိုင်းများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ဖူးကျင့်နိုင်ငံတကာ ဘာသာစကားသင်တန်းဌာနမှ ကျောင်းအုပ်ကြီးနှင့် ဖိတ်ကြားထားသူများ၊ နယ်ရုံးခွဲများမှ ရုံးခွဲတာဝန်ခံများက အွန်လိုင်းမှ ပါဝင်တက်ရောက်ကြကြောင်း သိရသည်။
ကိုခန့်
၎
င
၎
၎
Original works by shin@PaukPhaw Network: http://www.paukphaw.org/2022/12/21/%e1%80%80%e1%80%bb%e1%80%b1%e1%80%ac%e1%80%80%e1%80%ba%e1%80%85%e1%80%ad%e1%80%99%e1%80%ba%e1%80%b8%e1%80%88%e1%80%b1%e1%80%b8%e1%80%80%e1%80%bd%e1%80%80%e1%80%ba-%e1%80%96%e1%80%bc%e1%80%84%e1%80%b7/