ငလျင်ဒဏ်ကြောင့် စစ်ကိုင်းတောင်နှင့် မင်းကွန်းဒေသရှိ စေတီပုထိုးအချို့ အနည်းငယ်ပျက်စီးခဲ့

ငလျင်ဒဏ်ကြောင့် စစ်ကိုင်းတောင်နှင့် မင်းကွန်းဒေသရှိ စေတီပုထိုးအချို့ အနည်းငယ်ပျက်စီးခဲ့

ငလျင်ဒဏ်ကြောင့် စစ်ကိုင်းတောင်နှင့် မင်းကွန်းဒေသရှိ စေတီပုထိုးအချို့ အနည်းငယ်ပျက်စီးခဲ့

ဒီဇင်ဘာလ ၁၅ရက်နေ့ မနက်အစောပိုင်းက လှုပ်ခဲ့သော ငလျင်ဒဏ်ကြောင့် စစ်ကိုင်းမြို့နယ်၊ မင်းကွန်းကျေးရွာ၊ မြသိန်းတန်စေတီတော်နှင့်ဝန်းကျင် အဆောက်အဦးအချို့ ထိခိုက်ပျက်ဆီးမှုများ ရှိခဲ့ကြောင်း သိရသည်။

မြသိန်းတန် စေတီတော်၏ စိန်ဖူးတော်၊ ငှက်မြတ်နားတော်တို့ ပြုတ်ကျပြီး စေတီတော်၏ အရှေ့ဘက် ခေါင်းလောင်းမှောက်အောက်ခြေမှ အထက်သပိတ်တော်အထိ ပေ ၄၀ခန့် အက်ကြောင်း ဖြစ်ခဲ့သည်။ အရှေ့ဖက် သီတာခုနှစ်တန်မုဒ်ဦး၏ ၆ ခုမြောက်မုဒ်ဦးနှင့် ၇ ခုမြောက်မုဒ်ဦး၏ အထက်တံတိုင်း အနည်းငယ်အက်သွားသည်။ ပြုတ်ကျခဲ့သည့် စိန်ဖူးတော်နှင့် ငှက်မြတ်နားတော်အား မင်းကွန်းကျေးရွာ၊ နဂါးပတ်ကျောင်းတိုက်ဆရာတော် ဥုးတိသာသန (လေးဌာန ဥက္ကဋ္ဌ ဆရာတော်)က ထိန်းသိမ်းထားကြောင်း သိရသည်။

ဒီဇင်ဘာလ ၁၅ ရက် နံနက် ၃ နာရီ ၁၅ ခန့်တွင် မန္တလေးမြေငလျင်စခန်း၏ အနောက်တောင်ဘက် (၁၅)မိုင်ခန့် အကွာ၊ တံတားဦးမြို့၏ အရှေ့ဘက် ၄ မိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အားရစ်ချ်တာစကေး ၅.၂ အဆင့်၊ အင်အားအသင့်အတင့်ရှိ မြေငလျင် လှုပ်ခတ်သွားခဲ့ခြင်း ဖြစ်သည်။

ငလျင်ဒဏ်ကြောင့် စစ်ကိုင်းတောင်နှင့် မင်းကွန်းဒေသရှိ စေတီပုထိုးအချို့ အနည်းငယ်ပျက်စီးခဲ့ငလျင်ဒဏ်ကြောင့် စစ်ကိုင်းတောင်နှင့် မင်းကွန်းဒေသရှိ စေတီပုထိုးအချို့ အနည်းငယ်ပျက်စီးခဲ့ငလျင်ဒဏ်ကြောင့် စစ်ကိုင်းတောင်နှင့် မင်းကွန်းဒေသရှိ စေတီပုထိုးအချို့ အနည်းငယ်ပျက်စီးခဲ့ငလျင်ဒဏ်ကြောင့် စစ်ကိုင်းတောင်နှင့် မင်းကွန်းဒေသရှိ စေတီပုထိုးအချို့ အနည်းငယ်ပျက်စီးခဲ့ငလျင်ဒဏ်ကြောင့် စစ်ကိုင်းတောင်နှင့် မင်းကွန်းဒေသရှိ စေတီပုထိုးအချို့ အနည်းငယ်ပျက်စီးခဲ့ငလျင်ဒဏ်ကြောင့် စစ်ကိုင်းတောင်နှင့် မင်းကွန်းဒေသရှိ စေတီပုထိုးအချို့ အနည်းငယ်ပျက်စီးခဲ့

ငလျင်ဒဏ်ကြောင့် မင်းကွန်းပုထိုးတော်ကြီး၏ ယခင်အက်ကွဲကြောင်းနေရာတွင် ၅ လက်မခန့် ထပ်မံ အက်ကွဲသွားပြီး စစ်ကိုင်းတောင်ပေါ်ရှိ စေတီပုထိုးအချို့လည်း အနည်းငယ်ပျက်စီးမှု ရှိခဲ့ကြောင်း သတင်းရင်းမြစ်များထံက သိရသည်။

မြသိန်းတန်စေတီတော်ကြီးသည် ၁၈၃၆ ခုနှစ်တွင် ငလျှင်ဒဏ်ကြောင့် ပြိုကျပျက်စီးသွားခဲ့ရာ ၁၈၇၄ ခုနှစ်တွင် မင်းတုန်းမင်းတရားကြီးမှာ နဂို မူလပုံစံအတိုင်း ပြန်လည်ပြုပြင်မွမ်းမံတည်ထား ကိုးကွယ်ခဲ့ကြောင်း သိရသည်။

စျာန်ထူးကို

Original works by shin@PaukPhaw Network: http://www.paukphaw.org/2022/12/21/%e1%80%84%e1%80%9c%e1%80%bb%e1%80%84%e1%80%ba%e1%80%92%e1%80%8f%e1%80%ba%e1%80%80%e1%80%bc%e1%80%b1%e1%80%ac%e1%80%84%e1%80%b7%e1%80%ba-%e1%80%85%e1%80%85%e1%80%ba%e1%80%80%e1%80%ad%e1%80%af%e1%80%84/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 12月 21, 2022 2:29 下午
下一篇 12月 21, 2022 2:30 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....