ဆွေမျိုးပေါက်ဖော်မဂ္ဂဇင်း (၃)နှစ်ပြည့် အခမ်းအနားကျင်းပ

ဆွေမျိုးပေါက်ဖော်မဂ္ဂဇင်း (၃)နှစ်ပြည့် အခမ်းအနားကျင်းပ

ဆွေမျိုးပေါက်ဖော်မဂ္ဂဇင်း (၃)နှစ်ပြည့် အခမ်းအနားကျင်းပ

ဆွေမျိုးပေါက်ဖော်မဂ္ဂဇင်း၏ (၃) နှစ်ပြည့် အခမ်းအနားကို ဒီဇင်ဘာလ ၁၀ ရက်နေ့ ညနေပိုင်းက ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် သုဝဏ္ဏဘောလုံးကွင်းဝင်းအတွင်းရှိ Myanmar Sport Hotel တွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင်များ၊ မြန်မာတရုတ်ပူးပေါင်း ဆက်ဆံရေး ဗဟိုအသင်း၏ နာယကကြီးများဖြစ်ကြသည့် ဦးတင်ဦး (ပြည်ထောင်စုစာရင်းစစ်ချုပ်)၊ ဦးတင့်ဆန်း (ပြည်ထောင်စုဝန်ကြီး(ငြိမ်း)၊ ဦးစိန်ဝင်းအောင် (သံအမတ်ကြီး(ငြိမ်း)၊ ပြန်ကြား ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး) နှင့် အမှုဆောင်များ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံမှူးကြီး Dr. Zheng Zhihong နှင့် မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း (ဗဟို)၊ မြန်မာ-တရုတ် ပူးပေါင်းဆက်ဆံရေးဗဟိုနှင့် ဆွေမျိုး ပေါက်ဖော်မဂ္ဂဇင်းမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။

ဆွေမျိုးပေါက်ဖော်မဂ္ဂဇင်း (၃)နှစ်ပြည့် အခမ်းအနားကျင်းပဆွေမျိုးပေါက်ဖော်မဂ္ဂဇင်း (၃)နှစ်ပြည့် အခမ်းအနားကျင်းပဆွေမျိုးပေါက်ဖော်မဂ္ဂဇင်း (၃)နှစ်ပြည့် အခမ်းအနားကျင်းပ

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဂုဏ်ပြုအဖွင့်အမှာစကား ပြောကြားပြီး ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံမှူးကြီးနှင့် မြန်မာ-တရုတ် ချစ်ကြည် ရေးအသင်း(ဗဟို) ဥက္ကဋ္ဌ၊ မြန်မာ- တရုတ် ပူးပေါင်းဆက်ဆံရေး ဗဟိုအသင်း ဦးဆောင်နာယက၊ သံအမတ်ကြီး (ငြိမ်း) ဦးစိန်ဝင်းအောင် တို့က ဂုဏ်ပြုစကားများ ပြောကြားကြသည်။

ထို့နောက် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလတွင် စတင်ထုတ်ဝေခဲ့သည့် ဆွေမျိုးပေါက်ဖော်မဂ္ဂဇင်းမှ နှစ်နိုင်ငံ ချစ်ကြည်ရေးဆိုင်ရာ စာပေများကို ရေသားခဲ့သော ပုဂ္ဂိုလ်များကို ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ပြီး ဆွေမျိုးပေါက်ဖော်မဂ္ဂဇင်း၏ စာဖတ်ပရိသတ်တစ်ဦးက ၎င်း၏စာပေအမြင်ကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

မြသုခ

Original works by shin@PaukPhaw Network: http://www.paukphaw.org/2022/12/21/%e1%80%86%e1%80%bd%e1%80%b1%e1%80%99%e1%80%bb%e1%80%ad%e1%80%af%e1%80%b8%e1%80%95%e1%80%b1%e1%80%ab%e1%80%80%e1%80%ba%e1%80%96%e1%80%b1%e1%80%ac%e1%80%ba%e1%80%99%e1%80%82%e1%80%b9%e1%80%82%e1%80%87/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 12月 21, 2022 2:26 下午
下一篇 12月 21, 2022 2:27 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....