ပဲရာသီအသစ်တွင် ဒေါ်လာဈေးအပြောင်းအလဲအပေါ် မူတည်ပြီး ပို့ကုန်ပဲများ ဈေးကောင်းရရှိလာနိုင်ဟုဆို

ပဲရာသီအသစ်တွင် ဒေါ်လာဈေးအပြောင်းအလဲအပေါ် မူတည်ပြီး ပို့ကုန်ပဲများ ဈေးကောင်းရရှိလာနိုင်ဟုဆို

ပဲရာသီအသစ်တွင် ဒေါ်လာဈေးအပြောင်းအလဲအပေါ် မူတည်ပြီး ပို့ကုန်ပဲများ ဈေးကောင်းရရှိလာနိုင်ဟုဆို

၂၀၂၃ခုနှစ် ပဲရာသီအသစ်တွင် ဒေါ်လာဈေးအပြောင်းအလဲအပေါ် မူတည်ပြီး ပြည်တွင်းမှပို့ကုန်ပဲ ဈေးကောင်းလာနိုင်ကြောင်းနှင့် ပြည်တွင်း ပဲရာသီအသစ်၌ ထွက်ရှိလာသည့် ပဲများ အရည်အသွေးကောင်းရန် လိုအပ်ကြောင်း ပဲ၊နှမ်းကုန်သည် များထံက သိရသည်။

လက်ရှိ ပဲသစ်ရာသီအတွက် မိုးရေကောင်းတစ်ချက် လိုအပ်နေသေးကြောင်း၊ ထွက်ရှိလာသည့် ပဲအရည်အသွေး ကျဆင်းမှုမရှိအောင် တောင်သူများ ဂရုပြုသင့်ကြောင်း ပဲကုန်သည်တစ်ဦးက ပြောသည်။

ဒီဇင်ဘာ လကုန်ပိုင်းတွင် ပို့ကုန်ပဲအသစ်များဖြစ်သည့် မတ်ပဲနှင့် ပဲစင်းငုံဈေးကွက်မှာ မန္တလေးဈေးကွက်အတွင်း အဝင်မများသေးသော်လည်း နယ်ဈေးကွက်မှာ အရောင်းအဝယ် ကောင်းနေကြောင်း မန္တလေးဈေးကွက်အတွင်း ရောက်ရှိလာပါက ဈေးပိုမိုမြင့်တက်လာစရာရှိကြောင်း၊ အရောင်းအဝယ် ကောင်းနေသည့် နှမ်းမျိုးစုံဈေးကွက်မှာ တစ်အိတ်လျှင် ငွေကျပ် ၁၀၀၀၀- ၁၅၀၀၀ ခန့် ဈေးကျသွားကြောင်း၊ ပြည်တွင်းသုံး ကုလားပဲအုပ်စုမှာ မျိုးစေ့ အဝယ်ရှိနေချိန်ဖြစ်ခြင်းကြောင့် အမြင့်ဈေးတန်းအတိုင်း ဆက်လက် ရှိနေမည်ဖြစ်ကြောင်း  ဦးကျော်သွင် (ရွှေစင်သိန်းပွဲရုံ) က ပြောသည်။

“မတ်ပဲဈေးက တစ်အိတ် ငွေကျပ် ၁၇၈၀၀၀-၁၇၉၀၀၀ ပေါက်ဈေး ဖြစ်လာတယ်။ မတ်ပဲ နဲ့အတူ  ပဲစင်းငုံဈေးကလည်း ကောင်းနေပါတယ်။ ပဲစင်းငုံအသစ်တွေက နယ်ဈေးတွေမှာ ဈေးကောင်းနေပါတယ်။ တစ်တင်း ငွေကျပ် ၅၈၀၀၀ လောက် ပေါက်ဈေးရှိနေပြီ။ ဒီဈေးက မန္တလေးဈေးကွက်ထဲ ရောက်လာရင် ပိုလာနိုင်ပါတယ်။ နှမ်းမျိုးစုံနဲ့ ပဲတီစိမ်းကတော့ ဈေး ပြန်အေးနေပါတယ်။ နှမ်းနက် ဆိုရင် သုံးတင်းတစ်အိတ် ငွေကျပ် ၂၈၀၀၀၀ လောက် ပေါက်ဈေးကနေ ငွေကျပ် ၁၀၀၀၀-၁၅၀၀၀ကျော် ဈေးပြန် ကျသွားတယ်။ ကုလားပဲဈေးကွက်က အမြင့်ဈေး ဆက်တက်သွားတယ်။ ဒီအချိန်က မျိုးစေ့ အဝယ်လည်းရှိနေတော့ ဒီဈေးတန်းအတိုင်း ဆက်သွားလိမ့်မယ်။ ပြည်တွင်းသုံး ပဲမာလိုင်းကတော့ အဟောင်းတွေက စျေးခပ်အေးအေးပဲ ရှိနေပါတယ်။ ၂၀၂၂ ခုနှစ် ပဲရာသီ မှာတော့ ပဲအဟောင်း လက်ကျန်သမားတွေ အကုန်ရောင်းကြပါပြီ။ ပဲအသစ်ရာသီမှာ  ပဲအထွက်နည်း နိုင်တာတော့ လာမည့်ပဲရာသီမှာ အဝယ်ကောင်းမယ့် အခြေအနေ ပါ။ ပေါက်ဈေးကတော့ ဒေါ်လာ ဈေးအတက်မရှိရင် လက်ရှိပေါက်ဈေးဝန်းကျင်အတိုင်း ရှိနေမယ်။ ဒေါ်လာဈေးမြင့်လာရင်တော့ ပြည်တွင်းပဲ အဝယ်ဈေး မြင့်လာနိုင်တယ်”ဟု ၎င်းက ပြောသည်။

မန္တလေးပဲဈေးကွက်တွင် အသစ်ဝင်ပို့ကုန်မတ်ပဲများ စျေးကောင်းလာပြီး ပဲစင်းငုံဈေးကွက်မှာ နယ်ဈေး အရောင်းအဝယ်ကောင်းနေရာ ဒီဇင်ဘာ ၁၄ ရက်နေ့တွင် မတ်ပဲ သုံးတင်းဝင် တစ်အိတ်  ငွေကျပ် ၁၇၈၀၀၀၀၊ ပဲစင်းငုံ နယ်ဈေး တစ်တင်း ငွေကျပ် ၅၈၀၀၀၊ ပဲတီစိမ်း အညာမှာ ထိပ်စသုံးတင်းဝင်တစ်အိတ်လျှင် ငွေကျပ် ၁၃၀၀၀၀ပေါက်ဈေး ရှိ သည်။

ဒီဇင်ဘာ ၁၄ ရက်တွင် ကုလားပဲ V2 တစ်အိတ်လျှင် ငွေကျပ် ၁၉၄၀၀၀၊ ပဲယင်း တစ်အိတ်လျှင် ငွေကျပ် ၁၁၂၀၀၀၊ ပဲကြီး တစ်အိတ်လျှင် ငွေကျပ် ၂၀၅၀၀၀၊ ပဲထောပတ် တစ်အိတ်လျှင် ငွေကျပ်  ၁၆၀၀၀၀၊  စွန်တာပြာ တစ်အိတ် လျှင် ငွေကျပ် ၁၃၇၀၀၀၊ မြေထောက်ပဲ တစ်အိတ်လျှင် ငွေကျပ် ၂၀၀၀၀၀၊  ကျွန်းစားတော်ပဲ တစ်အိတ်လျှင် ငွေကျပ် ၃၀၀၀၀၀ ပေါက်ဈေးရှိကြောင်း ကုန်စည်ဒိုင်မှသိရသည်။

ရွှေနွယ်ကြိုး

Original works by shin@PaukPhaw Network: http://www.paukphaw.org/2022/12/21/%e1%80%95%e1%80%b2%e1%80%9b%e1%80%ac%e1%80%9e%e1%80%ae%e1%80%a1%e1%80%9e%e1%80%85%e1%80%ba%e1%80%90%e1%80%bd%e1%80%84%e1%80%ba-%e1%80%92%e1%80%b1%e1%80%ab%e1%80%ba%e1%80%9c%e1%80%ac%e1%80%88%e1%80%b1/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 12月 21, 2022 2:30 下午
下一篇 12月 27, 2022 3:22 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....