မဲခေါင်မြစ်ဝှမ်းဒေသတွင်း လူကုန်ကူးမှု ပူးပေါင်းတိုက်ဖျက်ရေးစီမံကိန်း အစည်းအဝေး

မဲခေါင်မြစ်ဝှမ်းဒေသတွင်း လူကုန်ကူးမှု ပူးပေါင်းတိုက်ဖျက်ရေးစီမံကိန်း အစည်းအဝေးကျင်းပ

မဲခေါင်မြစ်ဝှမ်းဒေသတွင်း လူကုန်ကူးမှု ပူးပေါင်းတိုက်ဖျက်ရေးစီမံကိန်း အစည်းအဝေး

မဲခေါင်မြစ်ဝှမ်းဒေသတွင်း လူကုန်ကူးမှုပူးပေါင်း တိုက်ဖျက်ရေးစီမံကိန်း (COMMIT) ၏ COMMIT Regional Task Force (COMMIT RTF) အစည်း အဝေးကို ဒီဇင်ဘာလ ၁၅ ရက်နေ့ နံနက် ၈ နာရီခွဲတွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပကြောင်း သိရသည်။

အစည်းအဝေးသို့ COMMIT အဖွဲ့ဝင် နိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံတို့မှ ကိုယ်စားလှယ်များအပါအဝင် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ မှူး၊ ရဲမှူးချုပ် မြင့်ထူး ဦးဆောင်သော ဌာနဆိုင်ရာကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် သဘာပတိအဖြစ်ဆောင်ရွက်သည့် ထိုင်းနိုင်ငံ၊ လူမှုဖွံ့ဖြိုးရေးနှင့် လူသားလုံခြုံရေး ဝန်ကြီးဌာန (MSDHS)၊ အမြဲတမ်းအတွင်းဝန်က အဖွင့်အမှာစကားပြောကြားသည်။

ဒေသတွင်း လူကုန်ကူးမှုဖြစ်ပွားရခြင်း၏ အဓိကအကြောင်းရင်းများမှာ အလုပ်အကိုင် အခွင့်အလမ်း နည်းပါးခြင်း၊ ဆင်းရဲနွမ်းပါးခြင်း၊ အသိပညာနည်းပါးခြင်း၊ အလုပ်အကိုင်ဆိုင်ရာ သတင်းအချက်အလက် အပြည်အစုံ မရရှိခြင်း၊ ယုံကြည်လွယ်ခြင်း၊ နိုင်ငံများအကြား ကျင့်သုံးသော ဥပဒေစနစ်မတူညီခြင်း၊ ဆိုက်ရောက်နိုင်ငံများ၏ တရားမဝင်လုပ်သား လိုအပ်ချက်များပြားခြင်းနှင့် တရားမဝင် နယ်စပ်ဖြတ်ကျော်မှုများကို ထိန်းချုပ်နိုင်မှု အားနည်းခြင်းတို့ကြောင့် ဖြစ်ကြောင်း လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့မှူး၊ ရဲမှူးချုပ် မြင့်ထူး က အစည်းအဝေးတွင် ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

ကောင်းကောင်း

Original works by shin@PaukPhaw Network: http://www.paukphaw.org/2022/12/21/%e1%80%99%e1%80%b2%e1%80%81%e1%80%b1%e1%80%ab%e1%80%84%e1%80%ba%e1%80%99%e1%80%bc%e1%80%85%e1%80%ba%e1%80%9d%e1%80%be%e1%80%99%e1%80%ba%e1%80%b8%e1%80%92%e1%80%b1%e1%80%9e%e1%80%90%e1%80%bd%e1%80%84/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 12月 21, 2022 2:28 下午
下一篇 12月 21, 2022 2:29 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....