စစ်ကိုင်းတိုင်းတွင် အာလူးကို မိရိုးဖလာနှင့်စျေးကွက်အရ စိုက်ပျိုး
စစ်ကိုင်းတိုင်းဒေသကြီး ခရိုင်၁၁ခုတွင် အာလူးဧက၅၆၀၀ ကျော်စိုက်ပျိုးနေပြီး အာလူးကို မိရိုးဖလာနှင့်စျေးကွက်အရ စိုက်ပျိုးနေကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန ဒုဦးစီးမှူး ဦးအောင်ကြည်ဝင်း ထံမှသိရသည်။
“အာလူးကို စစ်ကိုင်းတိုင်းမှာ ဧကအများကြီး မစိုက်ပါဘူး။ ဒါပေမယ့် အကြိုက်များတော့ စိုက်ဧက ပုံမှန်ပါဘဲ။ ဆောင်းတွင်းပိုင်းမှာ စျေးကွက်အရရော၊ မိရိုးဖလာအရပါ အာလူးကို စိုက်ကြတယ်။ စျေးကွက်မှာက ရှမ်းပြည်ကဝင်တဲ့ အာလူးတွေများတယ်”ဟု ဦးအောင်ကြည်ဝင်းကပြောသည်။
လက်ရှိ ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အာလူး ၅၆၅၀ ဧက စိုက်ရန်လျာထားရာ စတင်စိုက်သည့် အောက်တိုဘာလမှ ဒီဇင်ဘာလ၁၂ ရက်အထိ ဧက၃၇၀၀ ကျော် စိုက်ပျိုးပြီးထားကြောင်း စစ်ကိုင်းတိုင်းစိုက်ပျိုးရေးဦးစီးဌာနမှ စာရင်းများအရ သိရသည်။
အာလူးကို စစ်ကိုင်းတိုင်းအတွင်း ဧက ၆၀၀ ကျော်ဖြင့် မော်လိုက်ခရိုင်တွင် အများဆုံးစိုက်ပျိုးပြီး ခန္တီး၊ ဟုမ္မလင်း၊ နာဂဒေသ၊ ကလေး၊ တမူး၊ ရွှေဘို၊ ရေဦး၊ ကသာနှင့် ကောလင်းခရိုင်များတွင် စိုက်ပျိုးကြကြောင်း သိရသည်။
စျာန်ထူးကို
၎
င
၎
၎
Original works by shin@PaukPhaw Network: http://www.paukphaw.org/2022/12/21/14645/