Bank of China (Hong kong) နှစ်စဉ် ပညာသင်ကြေး ထောက်ပံ့မည်

Bank of China (Hong kong) က ရန်ကုန်တက္ကသိုလ် ကျောင်းသားကျောင်းသူ(၁၀၀)ဦးကို နှစ်စဉ် ပညာသင်ကြေး ထောက်ပံ့မည်

Bank of China (Hong kong) နှစ်စဉ် ပညာသင်ကြေး ထောက်ပံ့မည်

Bank of China (Hong Kong) နှင့် တရုတ်နိုင်ငံ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း တို့သည် နှစ်စဉ် ရန်ကုန်တက္ကသိုလ်မှ ကျောင်းသားကျောင်းသူ ၁၀၀ ဦးကို ပညာသင်ထောက်ပံ့ကြေး ပေးအပ်ခြင်း စတင်သည့်အခမ်းအနားကို ဒီဇင်ဘာလ ၉ ရက်နေ့တွင် ရန်ကုန်မြို့၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး Mr. Chen Hai ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဌ ဒေါ်သန်းသန်းဆွေ၊ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ စီးပွားရေးသံမှူး Mr. Tan Shufu ၊ Bank of China (Hong Kong) ဒုတိယဥက္ကဌ Mr. Chen Wen ၊ တရုတ်နိုင်ငံ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း အထွေထွေအတွင်းရေးမှူး Mr. Chen Hongtao ၊ Bank of China (Hong Kong) ရန်ကုန်ဘဏ်ခွဲ ဥက္ကဌ Mr. Liu Ying နှင့် မြန်မာနိုင်ငံ ပညာရေးဝန်ကြီးဌာန၊ ရန်ကုန်တက္ကသိုလ်တို့မှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

Bank of China က ရန်ကုန်တက္ကသိုလ်မှ ကျောင်းသားသစ်များကို ပညာသင်ထောက်ပံ့ကြေး ပေးအပ်ခြင်းသည် တရုတ်ကုမ္ပဏီ၏ မြန်မာနိုင်ငံတွင် လူမှုရေးတာဝန်များ တက်တက်ကြွကြွ ထမ်းဆောင်မှု၊ ပြည်သူများအား အကျိုးပြုမှုကို ထင်ဟပ်နေကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့်အတူ ပညာရေး၊ လူမှုယဉ်ကျေးမှုကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ဆက်တိုက်ဆောင်ရွက်သွားရန် ဆန္ဒရှိကြောင်း၊ ရန်ကုန်တက္ကသိုလ် အပါအဝင် မြန်မာနိုင်ငံမှ တက္ကသိုလ်ကျောင်းများနှင့် တရုတ်နိုင်ငံအကြား ကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ပြီး နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုဆက်ဆံရေး ပိုမိုတိုးတက်စေရေးအတွက် လူတော်လူချွန်များ ပိုမိုမွေးထုတ်ပေးရန် ထောက်ခံအားပေးကြောင်း သံအမတ်ကြီး Mr. Chen Hai က အမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့သည်။

Bank of China (Hong kong) နှစ်စဉ် ပညာသင်ကြေး ထောက်ပံ့မည်Bank of China (Hong kong) နှစ်စဉ် ပညာသင်ကြေး ထောက်ပံ့မည်

Bank of China (Hong Kong) သည့် နိုင်ငံအတွင်း ဘဏ်ခွဲဖွင့်လှစ်ခွင့် ရရှိထားသည့် နိုင်ငံခြားဘဏ်များထဲက တစ်ခုဖြစ်ပြီး စီးပွားရေးအဖွဲအစည်းများ (Foreign Corporate) ၊ နိုင်ငံခြားမှာ ဖွဲစည်းပြီး ပြည်တွင်းတွင် လာရောက်လုပ်ကိုင်သည့် နိုင်ငံခြားစီးပွားရေး အဖွ့်အစည်းများနှင့် ပြည်တွင်းစီးပွားရေးလုပ်ငန်းများကိုပါ ချေးငွေထုတ်ချေးခွင့်ကို ဗဟိုဘဏ်က ခွင့်ပြုထားကြောင်း သိရသည်။

ကိုခန့်

Original works by shin@PaukPhaw Network: http://www.paukphaw.org/2022/12/21/bank-of-china-hong-kong-%e1%80%94%e1%80%be%e1%80%85%e1%80%ba%e1%80%85%e1%80%89%e1%80%ba-%e1%80%95%e1%80%8a%e1%80%ac%e1%80%9e%e1%80%84%e1%80%ba%e1%80%80%e1%80%bc%e1%80%b1%e1%80%b8-%e1%80%91%e1%80%b1/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 12月 21, 2022 2:27 下午
下一篇 12月 21, 2022 2:29 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....