တရုတ်-လာအို-မြန်မာ-ထိုင်း မဲခေါင်မြစ် ပူးတွဲကင်းလှည့်

တရုတ်-လာအို-မြန်မာ-ထိုင်း လေးနိုင်ငံ၏ ၁၂၄ ကြိမ်မြောက် မဲခေါင်မြစ် ပူးတွဲကင်းလှည့်ရေးလှုပ်ရှားမှု စတင်

တရုတ်-လာအို-မြန်မာ-ထိုင်း မဲခေါင်မြစ် ပူးတွဲကင်းလှည့်

ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် တရုတ်-လာအို-မြန်မာ-ထိုင်း လေးနိုင်ငံ၏ ၁၂၄ ကြိမ်မြောက် မဲခေါင်မြစ် ပူးတွဲကင်းလှည့်ရေးလှုပ်ရှားမှု တရားဝင်စတင်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

ယခုအကြိမ်လှုပ်ရှားမှုကာလအတွင်း လေးနိုင်ငံမှ တရားဥပဒေစိုးမိုးရေးဌာနများက မဲခေါင်မြစ် “ရွှေတြိဂံ” အထက်မြစ်ဝှမ်း ၁၁ ကီလိုမီတာ အကွာက လာအိုနိုင်ငံ Mengmo ပင်လယ်ရေပြင်တွင် “ဖေးမကူညီ – ၂၀၂၂” ပူးတွဲလေ့ကျင့်မှု ကျင်းပမည်ဖြစ်သည်ဟုဆိုသည်။

လေ့ကျင့်မှုတွင် မှောင်ခိုပြည်ဝင်မှု၊ မူးယစ်ဆေးဝါးစသည့် ပြစ်မှုကျူးလွန်မှုများအား ကြည်းရေ ပူးတွဲတိုက်ဖျက်ခြင်းအား အဓိကအကြောင်းအရာအဖြစ် ထားရှိမည်ဖြစ်ပြီး တရုတ်-လာအို-မြန်မာ-ထိုင်း လေးနိုင်ငံ တရားဥပဒေစိုးမိုးရေးအဖွဲ့ဝင်များ ပူးတွဲလှုပ်ရှားမှု၊ အရေးပေါ်နှင့် ရုတ်တရက်ဖြစ်ပွားသော ကိစ္စများအား ဖြေရှင်းမှုနှင့် ပူးတွဲစစ်ဆင်သည့်စွမ်းရည်များကို စစ်ဆေး၍ မြှင့်တင်ရန် ရည်ရွယ်ချက်ကာ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။

မြသုခ

Original works by shin@PaukPhaw Network: http://www.paukphaw.org/2022/12/27/%e1%80%90%e1%80%9b%e1%80%af%e1%80%90%e1%80%ba-%e1%80%9c%e1%80%ac%e1%80%a1%e1%80%ad%e1%80%af-%e1%80%99%e1%80%bc%e1%80%94%e1%80%ba%e1%80%99%e1%80%ac-%e1%80%91%e1%80%ad%e1%80%af%e1%80%84%e1%80%ba/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 12月 27, 2022 3:26 下午
下一篇 12月 27, 2022 3:28 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....