တရုတ်-မြန်မာ-အိန္ဒိယသမုဒ္ဒရာလမ်းကြောင်းသစ်ကုန်ပို့

တရုတ်-မြန်မာ-အိန္ဒိယသမုဒ္ဒရာ လမ်းကြောင်းသစ်မှ တစ်နှစ်တာအတွင်း စုစုပေါင်း ကုန်စည်ပို့ဆောင်မှုပမာဏ ၂၁၈၀၀ တန် ပို့ဆောင်နိုင်ခဲ့

တရုတ်-မြန်မာ-အိန္ဒိယသမုဒ္ဒရာလမ်းကြောင်းသစ်ကုန်ပို့

တရုတ်-မြန်မာ-အိန္ဒိယသမုဒ္ဒရာ လမ်းကြောင်းသစ်မှ တစ်နှစ်တာအတွင်း ရေကြောင်း-ကားလမ်း-ရထားလမ်း ပူးတွဲသယ်ယူပို့ဆောင်ရေး အကြိမ်(၂၀) ပြီးမြောက်ခဲ့ပြီး ကုန်စည်ပို့ဆောင်မှုပမာဏ ၂၁၈၀၀ တန်ချိန် ပို့ဆောင်နိုင်ခဲ့ကာ ကုန်စည်တန်ဖိုး ယွမ် ၃၄၈ သန်း ရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်ထားသည်။

ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် တရုတ်-မြန်မာ-အိန္ဒိယသမုဒ္ဒရာ လမ်းကြောင်းသစ်၏ အကြိမ် (၂၀) မြောက် အထူးကုန်တင်ရထား ပြည်တွင်းပိုင်းသယ်ယူပို့ဆောင်မှုသည် ယူနန်ပြည်နယ် လင်ချန်းမြို့ မုန်တိန် ချင်းရွှေဟော်နယ်စပ်ဂိတ်မှ စတင်ထွက်ခွာ၍ မြန်မာနိုင်ငံသို့ ဓာတ်မြေသြဇာ တန်ချိန် ၅၅၀ တင်ပို့ခဲ့ပြီး Bonded ပြောင်းဖူး တန်ချိန် ၁၂၀၀ တင်သွင်းခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၂၀၂၁ ခုနှစ် သြဂုတ်လတွင် တရုတ်-မြန်မာ-အိန္ဒိယသမုဒ္ဒရာ လမ်းကြောင်းသစ် စတင် စမ်းသပ်ပြေးဆွဲမှု အောင်မြင်ခဲ့ပြီး တရုတ်-မြန်မာနှင့် တတိယနိုင်ငံတို့မှ ကုန်စည်များ ပထမဆုံးအကြိမ် နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှုနှင့် သယ်ယူပို့ဆောင်မှုကို အကောင်အထည်ဖော်နိုင်ခဲ့ကြောင်း သိရသည်။

မြသုခ

Original works by shin@PaukPhaw Network: http://www.paukphaw.org/2022/12/27/%e1%80%90%e1%80%9b%e1%80%af%e1%80%90%e1%80%ba-%e1%80%99%e1%80%bc%e1%80%94%e1%80%ba%e1%80%99%e1%80%ac-%e1%80%a1%e1%80%ad%e1%80%94%e1%80%b9%e1%80%92%e1%80%ad%e1%80%9a%e1%80%9e%e1%80%99%e1%80%af-2/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 12月 27, 2022 3:29 下午
下一篇 12月 27, 2022 3:31 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....