ထိုင်းနယ်စပ်ကုန်သွယ်မှုပမာဏသည် တရုတ်နယ်စပ်ထက် ၂ ဆခန့် ပိုမိုတင်ပို့နိုင်ခဲ့

ထိုင်းနယ်စပ်ကုန်သွယ်မှုပမာဏသည် တရုတ်နယ်စပ်ထက် ၂ ဆခန့် ပိုမိုတင်ပို့နိုင်ခဲ့

မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများ၏ နယ်စပ်ကုန်သွယ်မှုများ၌ တရုတ်နှင့်ထိုင်းသည် အများဆုံးဖြစ်ပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ ဧပြီ ၁ ရက်မှ ဒီဇင်ဘာ ၉ ရက်ထိ တရုတ်နှင့် ထိုင်းနယ်စပ်ကုန်သွယ်ရေးစခန်းများမှ ကုန်သွယ်မှုပမာဏ နှိုင်းယှဉ်ပါက ထိုင်းဘက်တွင် ၂ ဆခန့် ပိုမိုခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ အချက်အလက်များအရ သိရသည်။

အဆိုပါကာလအတွင်း ကုန်သွယ်မှုပမာဏမှာ တရုတ်နယ်စပ်တွင် အမေရိကန်ဒေါ်လာ ၁၈၂၄ ဒသမ ၂၁၇ သန်း နှင့် ထိုင်းနယ်စပ်တွင် ၃၆၀၂ ဒသမ ၅၆၄သန်း ဖြစ်ရာ ထိုင်းနယ်စပ်မှ ကုန်သွယ်မှုပမာဏ အမေရိကန် ဒေါ်လာ ၁၇၇၈ သန်းကျော် ပိုမိုခဲ့သည်။

ထိုင်းဘက်မှ သွင်းကုန်များမှာ ဆောက်လုပ်ရေးပစ္စည်း၊ လူသုံးကုန်၊ အလှကုန်ပစ္စည်းနင့် စားသောက်ကုန်ပစ္စည်းများဖြစ်ပြီး ပို့ကုန်မှာ ပြောင်းအများဆုံးဖြစ်ကာ ကြက်သွန်နီ၊ ရော်ဘာနှင့် ရေထွက်ကုန်များ၊ စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ ဖြစ်ကြောင်း သိရသည်။

တရုတ်ဘက်တွင် မြန်မာပို့ကုန်များမှာ ဆန်/ဆန်ကွဲ၊ သစ်သီးဝလံ၊ ဂဏန်းနင့် ရေထွက်ပစ္စည်းများနှင့် အခြား ပြည်တွင်းထုတ်ကုန်များနှင့် သွင်းကုန်မှာ ဆောက်လုပ်ရေးပစ္စည်း၊ အီလက်ထရောနစ်ပစ္စည်းများ၊ စက်ပစ္စည်းများ၊ အဝတ်အထည်နှင့် အခြားပစ္စည်းများဖြစ်ကြောင်း သိရသည်။

ရွှေနွယ်ကြိုး

Original works by shin@PaukPhaw Network: http://www.paukphaw.org/2022/12/27/%e1%80%91%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%b8%e1%80%94%e1%80%9a%e1%80%ba%e1%80%85%e1%80%95%e1%80%ba%e1%80%80%e1%80%af%e1%80%94%e1%80%ba%e1%80%9e%e1%80%bd%e1%80%9a%e1%80%ba%e1%80%99%e1%80%be/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 12月 21, 2022 2:31 下午
下一篇 12月 27, 2022 3:23 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....