နယ်စပ်ကောင်းမွန်လာပါကနှမ်းမြေပဲဆန်ဈေးမြင့်လာနိုင်

နယ်စပ်ပို့ကုန်လမ်းကြောင်း ကောင်းမွန်လာပါက နှမ်းမျိုးစုံနှင့် မြေပဲဆန်ဈေးကွက်မှာ အမြင့်ဈေးကို ဦးတည်လာနိုင်ဟုဆို

နယ်စပ်ကောင်းမွန်လာပါကနှမ်းမြေပဲဆန်ဈေးမြင့်လာနိုင်

အသစ်ဝင်ရောက်လာသည့် ပို့ကုန်မတ်ပဲနှင့် ပဲစင်းငုံ ဈေးမြင့်တက်လာခြင်းမရှိသေးသော်လည်း နှစ်ကုန်ပိုင်းနှင့် နှစ်ကုန်ပြီးနောက်ပိုင်းတွင် အရောင်းအဝယ် သွက်လက်လာမည်ဖြစ်ကြောင်း၊ ပြည်တွင်း လက်ကျန်နည်းလာသည့် ကုလားပဲအုပ်စုမှာ အမြင့်ဈေးတန်းအတိုင်း ဆက်လက်ရှိနေမည်ဖြစ်ကြောင်း  နယ်စပ်ပို့ကုန်လမ်းကြောင်း ကောင်းမွန်လာပါက နှမ်းမျိုးစုံနှင့် မြေပဲ ဆန်ဈေးကွက်မှာ အမြင့်ဈေးကို ဦးတည်လာနိုင်ကြောင်း ဦးကျော်သွင်(ရွှေစင်သိန်းပွဲရုံ)က ပြော သည်။

“ဒီအချိန်က နှစ်ကုန် အဟောင်းရောင်း အသစ်ဝယ်ချိန် ပါ။ ပဲနှစ်ကလည်း ၂မျိုး၊ ၃မျိုး စတင် ဝင်ရောက်နေပါပြီ။ လက်ရှိ သီတင်းပတ်မှာ ဖြစ်ပေါ်နေတဲ့ အမြင့်ပဲဈေးတွေက နှစ်ကုန်ထိ ဒီအတိုင်းပဲ ဆက်သွားပါလိမ့် မယ်။ ကုလားပဲ V2 တစ်အိတ် ၁၉၅၀၀၀ထိ ပေါက်ဈေးရှိနေပါတယ်။ ဒီပေါက်ဈေးက ဒီနှစ်အတွက်တော့ အမြင့်ဆုံးဈေး ဖြစ်ခဲ့ပါတယ်။  ပို့ကုန် မတ်ပဲ ပေါက်ဈေးက တစ်အိတ် ငွေကျပ် ၁၇၀၀၀၀ ဝန်းကျင်၊ ပဲစင်းငုံ တစ်အိတ် ငွေကျပ် ၁၆၅၀၀၀ အထိ ပေါက်ဈေးရှိပါတယ်။ ပဲတီစီမ်း တစ်အိတ် ငွေကျပ် ၁၄၀၀၀၀ ဈေးတန်းတွေကတော့ လွန်ခဲ့တဲ့ ၁၀ရက်လောက်ကတည်းက တည်ငြိမ်နေတာပါ၊၊ ဒေါ်လာငွေလဲလှယ်နှုန်းကလည်း တည်ငြိမ်နေပါတယ်။  ပို့ကုန်ပဲတွေ အနေနဲ့ဈေး မတက်ဘဲ အရောင်းအဝယ်ကတော့ ကောင်းနေပါတယ်။ နှစ်ကုန်ပြီး ဇန်နဝါရီ ၁၅ရက်လောက်ဆိုရင် ပဲအသစ်တွေ ဈေးကွက်ထဲ အစုံ အလင် ဝင်ရောက်လာတော့မှာပါ။ ပို့ကုန် လှောင်လက်သမားတွေကတော့ အသစ်ဝင်လာမယ့် ပဲသစ်တွေကို စောင့်ဆိုင်းနေတာပါ။ ပြည်တွင်းသုံးပဲတွေကတော့  ဈေးမတက်တာ တစ်လကျော်  ကြာပါပြီ။ လာမည့် ပဲသစ်ရာသီမှာ ထွက်ပေါ်လာမယ့် ပို့ကုန်ပဲ ဈေးကွက်ကတော့ အမြင့်ဈေးတန်း တစ်ခု ဖြစ်လာနိုင်ပါတယ်” ဟု ၎င်းက ပြောသည်။

အိန္ဒိယနိုင်ငံ၏ ပဲလိုအပ်ချက် ရှိနေခြင်းကြောင့်လည်း အသစ်ထွက်လာမည့် ပို့ကုန်ပဲများ အမြင့်ဈေးတန်း ရရှိနိုင်သကဲ့သို့ ပြည်တွင်းသုံး ကုလားပဲအုတ်စု ဈေးအမြင့် ဖြစ်နေကြောင်း ပဲ၊နှမ်းကုန်သည်များထံက သိရသည်။

လက်ရှိဒေါ်လာဈေး တည်ငြိမ်နေသောကြောင့် အသစ်ဝင် ပို့ကုန်ပဲများ ဈေးတည်ငြိမ်နေသော်လည်း အိန္ဒိယ၏ ပဲလိုအပ်ချက် မြင့်မားနေပြီး ၂၀၂၃ခုနှစ် ပို့ကုန်ပဲသစ်များမှာ ဈေးကောင်းရရှိလာနိုင်ကြောင်း ပဲကုန်သည်များက သုံးသပ်ထားသည်။

ရွှေနွယ်ကြိုး

Original works by shin@PaukPhaw Network: http://www.paukphaw.org/2022/12/27/%e1%80%94%e1%80%9a%e1%80%ba%e1%80%85%e1%80%95%e1%80%ba%e1%80%80%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b8%e1%80%99%e1%80%bd%e1%80%94%e1%80%ba%e1%80%9c%e1%80%ac%e1%80%95%e1%80%ab%e1%80%80%e1%80%94/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 12月 27, 2022 3:28 下午
下一篇 12月 27, 2022 3:30 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....