ပုသိမ်ကြီးမြို့နယ်ရွှေဆိုင်တစ်ဆိုင်ဓားပြတိုက်ခံရ

ပုသိမ်ကြီးမြို့နယ်တွင် ရွှေဆိုင်တစ်ဆိုင် ဓားပြတိုက်ခံရပြီး ရွှေ ၅၀ ကျပ်သားခန့် လုယက်ခံရ

ပုသိမ်ကြီးမြို့နယ်ရွှေဆိုင်တစ်ဆိုင်ဓားပြတိုက်ခံရ

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ မြို့သာကုန်းကျေးရွာ၊ မန္တလေး-ပုသိမ်ကြီးကားလမ်းဘေးရှိ အောင်သပြေ ရွှေဆိုင်အား ဒီဇင်ဘာလ ၂၂ ရက် မွန်းလွဲ ၁ နာရီခွဲခန့်က ဓားပြတိုက်ခံခဲ့ရပြီး ရွှေ ၅၀ ကျပ်သားခန့် လုယက်ယူဆောင်သွားကြောင်း သိရသည်။

အဆိုပါ အောင်သပြေရွှေဆိုင်သို့ Mask များ တပ်ဆင်ထားသော အမည်မသိ အမျိုးသားလေးဦး ရောက်ရှိလာပြီး ဆိုင်အတွင်းသို့ သေနတ်တစ်ချက်ဖောက်ကာ ဆိုင်ဝန်ထမ်းများအား ခြိမ်းခြောက်၍ ဆိုင်အတွင်းရှိ မှန်ကောင်တာများအတွင်းမှ ကာလတန်ဖိုးစုစုပေါင်း ကျပ်သိန်း ၁၄၀၀ ခန့်ရှိ ရွှေထည်မျိုးစုံ စုစုပေါင်း ၅၀ ကျပ်သားခန့်အားယူဆောင်၍ မန္တလေး-ပုသိမ်ကြီးသွားကားလမ်းမှတဆင့် ဆိုင်ကယ်များဖြင့် မန္တလေးဘက်သို့ မောင်းနှင်ထွက်ပြေးသွားခဲ့ခြင်းကြောင်း ရဲတပ်ဖွဲ့မှတ်တမ်းအရ သိရသည်။

ပြီးခဲ့သည့်နှစ်ရက် ဒီဇင်ဘာလ ၂၀ ရက်နေ့ကလည်း၊ မန္တလေးမြို့တွင် ပြည်ကြီးတံခွန်မြို့နယ်မှ မောသစ်ရွှေဆိုင်ပိုင်ရှင်၊ နေအိမ်ရှေ့လုယက်ဓားပြတိုက်ခံရပြီး ငွေကျပ်သိန်း ၂,၇၀၀ ကျော် တန်ဖိုးရှိ ရွှေထည်ပစ္စည်းများပါသွားသည့် ဖြစ်စဉ်တစ်ခု ဖြစ်ခဲ့သေးကြောင်း သိရသည်။

ကိုကျားကြီး

Original works by shin@PaukPhaw Network: http://www.paukphaw.org/2022/12/27/%e1%80%95%e1%80%af%e1%80%9e%e1%80%ad%e1%80%99%e1%80%ba%e1%80%80%e1%80%bc%e1%80%ae%e1%80%b8%e1%80%99%e1%80%bc%e1%80%ad%e1%80%af%e1%80%b7%e1%80%94%e1%80%9a%e1%80%ba%e1%80%9b%e1%80%bd%e1%80%be%e1%80%b1/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 12月 27, 2022 3:28 下午
下一篇 12月 27, 2022 3:29 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....