မောသစ်ရွှေဆိုင်မှရွှေထည်ပစ္စည်းများ ဓားပြတိုက်ခံရ

မန္တလေးမြို့က မောသစ်ရွှေဆိုင်ပိုင်ရှင်ထံမှ ငွေကျပ်သိန်း၂၇၀၀ကျော်တန်ဖိုးရှိ ရွှေထည်ပစ္စည်းများ ဓားပြတိုက်ခံရ

မောသစ်ရွှေဆိုင်မှရွှေထည်ပစ္စည်းများ ဓားပြတိုက်ခံရ

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ည)ရပ်ကွက်ရှိ မောသစ် ရွှေဆိုင်ပိုင်ရှင်၏ နေအိမ်ရှေ့တွင် ရွှေဆိုင်သို့ မော်တော်ကားဖြင့် သွားရောက်ရန် ပြင်ဆင်နေချိန် ဒီဇင်ဘာ ၂၀ ရက် နံနက် ၇နာရီဝန်းကျင်ခန့်က ဆိုင်ကယ်ဖြင့်လူနှစ်ဦးမှ ငွေကျပ်သိန်း ၂၇၀၀ကျော်တန်ဖိုးရှိ ရွှေထည်ပစ္စည်းများထည့်ထားသည့် ခြင်းနှစ်ခြင်း ဓားပြတိုက်လုယူသွားခဲ့ကြောင်း သိရသည်။

ယခုတစ်ကြိမ် မောသစ်ရွှေဆိုင် ဓါးပြတိုက်ခံရမှုသည် သုံးကြိမ်မြောက် ဖြစ်ပြီး မောသစ်ရွေဆိုင်နေအိမ် ရှေ့တွင် Surf အစိမ်းရောင် ကားဖြင့် ရွှေဆိုင်သို့သွားရောက်ရန် ရွှေဆွဲခြင်း(၃)ခြင်းအား ကားပေါ်သို့ တင်ဆောင်နေစဉ် 110အမျိုးအစား နံပတ်မပါ ဆိုင်ကယ် (၂)စီးဖြင့် လူ(၃)ဦး ရောက်ရှိလာပြီး သေနတ်အတိုဖြင့် (၅)ချက်ခန့် မိုးပေါ်ထောင်ပစ်ပြီး လုယူထွက်ပြေးရာ ခန့်မှန်း(၁)ပိသာခန့်ရှိ ရွှေထည်ပစ္စည်းများထည့်ထားသည့် ဆွဲခြင်း(၂)ခြင်း  (ကာလတန်ဖိုး သိန်း ၂၆၀၀ ကျပ်)နှင့် ငွေစက္ကူရောရာ ကျပ် ၁၀၁ သိန်း (စုစုပေါင်း ကျပ် ၂၇၀၁သိန်း) လုယူခံလိုက်ရခြင်းဖြစ်ကြောင်း သိရသည်။
ကိုကျားကြီး

Original works by shin@PaukPhaw Network: http://www.paukphaw.org/2022/12/27/%e1%80%99%e1%80%b1%e1%80%ac%e1%80%9e%e1%80%85%e1%80%ba%e1%80%9b%e1%80%bd%e1%80%be%e1%80%b1%e1%80%86%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%99%e1%80%be%e1%80%9b%e1%80%bd%e1%80%be%e1%80%b1%e1%80%91/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 12月 27, 2022 3:23 下午
下一篇 12月 27, 2022 3:26 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....