စစ်ကိုင်းမြို့၏ (၂၃)ကြိမ်မြောက် အမေနေ့ အခမ်းအနားကျင်းပ
ပြာသိုလပြည့်နေ့၌ ကျရောက်သော (၂၃)ကြိမ်မြောက် အမေနေ့ အခမ်းအနားကို ဇန်နဝါရီ ၅ ရက် နံနက် ၁၀ နာရီက စစ်ကိုင်းမြို့ စစ်ကိုင်းတောင်ရိုး မိဂဒါဝုန်ကျောင်းတိုက်တွင် ကျင်းပကြောင်း သိရသည်။
အခမ်းအနားတွင် စာရေးဆရာကြီး နေမင်းသန့် နှင့် ဆရာ အိမ်တင်အေး(ပုလဲ)တို့က အမေနေ့အကြောင်း အဖွင့်အမှာစကားများ ပြောကြားကြပြီးနောက် စာရေးဆရာ ရွှေမင်းသား(စစ်ကိုင်း)က မိတ်ဆက်စကားများပြောကြားသည်။
ကြွရောက်လာကြသော ရဟန်းစာဆိုရှင်များ၊ ကဗျာဆရာများနှင့် စာပေဝါသနာရှင်များက အမေနေ့ ကဗျာများ ရွတ်ဖတ်ဂုဏ်ပြုကြပြီး (၂၃)ကြိမ်မြောက် အမေနေ့ အထိမ်းအမှတ်အဖြစ်ထုတ်ဝေသည့် “ပန်းကကြိုး နှင့် တေးပဉ္စင်” အမေ့မေတ္တာဖွဲ့ ကဗျာများ စာအုပ်အား ကြွရောက်လာသော စာပေဧည့်ပရိတ်သတ်များအား လက်ဆောင် ပေးအပ်သည်။
အခမ်းအနားကို မန္တလေး၊ အမရပူရ၊ မြစ်ငယ်၊ အင်းဝနှင့် စစ်ကိုင်းမြို့များမှ စာရေးဆရာများ၊ ကဗျာဆရာများ၊ စာပေဝါသနာရှင်များ တက်ရောက်ကြကြောင်း သိရသည်။
အညာသား (စစ်ကိုင်း)
၎
င
၎
၎
Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/01/08/%e1%80%85%e1%80%85%e1%80%ba%e1%80%80%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%b8%e1%80%99%e1%80%bc%e1%80%ad%e1%80%af%e1%80%b7%e1%81%8f-%e1%81%82%e1%81%83%e1%80%80%e1%80%bc%e1%80%ad%e1%80%99/