တရုတ်-မြန်မာနယ်စပ်ဂိတ်များ၈ရက်နေ့ပြန်ဖွင့်မည်

ပိတ်ထားသော တရုတ်-မြန်မာ နယ်စပ်ဂိတ်များ ဇန်နဝါရီလ ၈ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်မည်

တရုတ်-မြန်မာနယ်စပ်ဂိတ်များ၈ရက်နေ့ပြန်ဖွင့်မည်

လာမည့် ဇန်နဝါရီလ ၈ ရက်နေ့မှစ၍ တရုတ်-မြန်မာ နယ်စပ်ဂိတ်လမ်းကြောင်းဖြစ်သော ရွှေလီနယ်စပ်ဂိတ် ကျယ်ဂေါင်နန်းတော်ဂိတ်၊ ကုန်ပစ္စည်းစခန်းနှင့် တရုတ်-မြန်မာဈေးစသည့် လမ်းကြောင်းသုံးခု၌ လူ၊ ကုန်ပစ္စည်း ဖြတ်သန်းသွားလာမှုကို ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ လူမှုကွန်ရက်စာမျက်နှာမှတဆင့် ဇန်နဝါရီလ ၅ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

လက်ရှိတွင် တရုတ်နိုင်ငံ ရွှေလီနယ်စပ်ဂိတ် စီမံအုပ်ချုပ်သည့်ဌာနက နှစ်ဦးနှစ်ဖက်လူပုဂ္ဂိုလ်သွားလာမှု၊ ကုန်ပစ္စည်းဖြတ်သန်းမှု ပြန်လည်ဖွင့်လှစ်ရန်အတွက် တက်တက်ကြွကြွပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိသည်ဟု ထုတ်ပြန်ထားသည်။

ဖြတ်သန်းသွားလာခွင့် ပြန်လည်ဖွင့်လှစ်ပြီးနောက် ပြည်ဝင်ပြည်ထွက်သည့် ကုန်ပစ္စည်းယာဉ်များနှင့် မောင်းနှင်သူများသည် ကုန်ပစ္စည်းစခန်းလမ်းကြောင်းမှဝင်ထွက်ရမည်ဖြစ်ပြီး အချိန်မှာ ပေကျင်းစံတော်ချိန် ၈:၀၀-၂၃:၀၀ အထိဖြစ်သည်။

ထို့အတူ အစိုးရဝန်ထမ်းနှင့် အတူလိုက်ပါသောယာဉ်များသည် နန်းတော်ဂိတ်လမ်းကြောင်းမှ ဝင်ထွက်ရမည်ဖြစ်ပြီး အချိန်မှာ ပေကျင်းစံတော်ချိန် ၈:၀၀-၂၁:၃၀ အထိဖြစ်သည်။

အခြားလူပုဂ္ဂိုလ်နှင့် အသေးစားအိမ်စီးကား၊ နှစ်ဘီးဆိုင်ကယ်၊ အီလက်ထရောနစ်ဆိုင်ကယ်များကမူ တရုတ်-မြန်မာဈေးလမ်းကြောင်းမှ ဝင်ထွက်ရမည်ဖြစ်ပြီး အချိန်မှာ ပေကျင်းစံတော်ချိန် ၈:၀၀-၂၁:၃၀ အထိဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

တရုတ်-မြန်မာ စီးပွားရေးနှင့် ကုန်သွယ်ရေးဆက်ဆံမှု၊ ပြည်သူလူနေမှုဘဝ အကျိုးစီးပွားများကို ပိုမိုကောင်းမွန်စွာ ဝန်ဆောင်မှုပေးနိုင်ရန်၊ နှစ်နိုင်ငံနယ်စပ်ဒေသ ချစ်ကြည်ရင်းနှီးစွာ ကူးလူးဆက်ဆံ ပူးပေါင်းဆောင်ရွက်မှုကိုမြှင့်တင်ရန်အတွက် ပြန်လည်ဖွင့်လှစ်ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

ကိုခန့်

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/01/08/%e1%80%90%e1%80%9b%e1%80%af%e1%80%90%e1%80%ba-%e1%80%99%e1%80%bc%e1%80%94%e1%80%ba%e1%80%99%e1%80%ac%e1%80%94%e1%80%9a%e1%80%ba%e1%80%85%e1%80%95%e1%80%ba%e1%80%82%e1%80%ad%e1%80%90%e1%80%ba%e1%80%99/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 12月 31, 2022 10:02 上午
下一篇 1月 8, 2023 6:55 上午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....