မုံရွာပြည်ထောင်စုပျံကျဈေးသစ်ကြီးဖွင့်လှစ်တော့မည်

ဈေးဆိုင်ခန်းပေါင်း (၁၂၀၀)ကျော်ပါရှိသည့် မုံရွာမြို့၊ ပြည်ထောင်စုပျံကျဈေးသစ်ကြီး မကြာမီ ဖွင့်လှစ်တော့မည်

မုံရွာပြည်ထောင်စုပျံကျဈေးသစ်ကြီးဖွင့်လှစ်တော့မည်

မကြာမီဖွင့်လှစ်တော့မည့် မုံရွာမြို့၊ ပြည်ထောင်စုပျံကျဈေးသစ်ကြီးရှိ ဈေးဆိုင်ခန်းပေါင်း (၁၂၈၀) ကို ဇန်နဝါရီလ ၆ ရက်က မုံရွာမြို့နှင့်အခြားမြို့များမှ ပျံကျဈေးသည်များအတွက် အခမဲ့ မဲဖောက်နေရာချထားပေးခဲ့ကြောင်း သိရသည်။

“မုံရွာမြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မြေဧက(၆.၅)ဧကပေါ်မှာ တည်ဆောက်ပြီးစီးတဲ့ ပြည်ထောင်စုပျံကျဈေးသစ်ကြီးရှိ ဈေးဆိုင်ခန်းပေါင်း (၁၂၈၀) ကို မုံရွာမြို့နှင့်အခြားမြို့တွေက ပျံကျဈေးသည်တွေအတွက် အခမဲ့ မဲဖောက်နေရာချထားပေးတာပါ။ ဒီနေ့မနက်က မုံရွာမြို့နယ် စည်ပင်သာယာရေးအဖွဲ့ ရုံးမှာ မဲဖောက်ပေးတာပါ” ဟု မုံရွာမြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးထွန်းထွန်း ကပြောသည်။

မုံရွာပြည်ထောင်စုပျံကျဈေးသစ်ကြီးဖွင့်လှစ်တော့မည်

တည်ဆောက်ပြီးစီးသော ပြည်ထောင်စုပျံကျဈေးသစ်ကြီးတွင် ကန်သာယာယာယီပျံကျဈေးမှ ပျံကျဈေးသည်များကို မဲစနစ်ဖြင့် စနစ်တကျ ရွေ့ပြောင်းဆောင်ရွက်နိုင်ရေးအတွက် ကြပ်မတ်ဆောင်ရွက်ပေးပြီး ပျံကျဈေးသည်စာရင်းများအား ပထမအကြိမ်၊ ဒုတိယအကြိမ်၊ တတိယအကြိမ်အဖြစ် သုံးကြိမ်တိုင်တိုင် ပန်းရောင်းဈေးသည်(၉၂)ဦး၊ ကုန်စိမ်းဈေးသည် (၆၆၈)ဦး၊ အခြားစားသောက်ကုန်၊ အလှကုန်၊ အဝတ်အထည်၊ သစ်သီး ဈေးသည် (၁၁၇)ဦး၊ ကုန်ခြောက်/ကုန်စုံ ဈေးသည်(၇၁)ဦး၊ အသားငါးဈေးသည်(၁၇၆)ဦး စုစုပေါင်း (၁၁၂၄)ဦးအား အမျိုးအစား(၅)မျိုးခွဲခြား၍ ကွင်းဆင်းကောက်ယူခဲ့ပြီး  မဲဖောက်ကာ အခမဲ့ နေရာချထားပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။

စျာန်ထူးကို

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/01/09/%e1%80%99%e1%80%af%e1%80%b6%e1%80%9b%e1%80%bd%e1%80%ac%e1%80%95%e1%80%bc%e1%80%8a%e1%80%ba%e1%80%91%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%85%e1%80%af%e1%80%95%e1%80%bb%e1%80%b6%e1%80%80%e1%80%bb/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 1月 9, 2023 5:24 下午
下一篇 1月 11, 2023 11:15 上午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....