မုံရွာခရိုင် ၄ မြို့နယ်တွင် မြေပြင်ကွင်းဆင်း လူဦးရေစာရင်း ကောက်ယူလျက်ရှိ

မုံရွာခရိုင် ၄ မြို့နယ်တွင် မြေပြင်ကွင်းဆင်း လူဦးရေစာရင်း ကောက်ယူလျက်ရှိ

မုံရွာခရိုင် ၄ မြို့နယ်တွင် မြေပြင်ကွင်းဆင်း လူဦးရေစာရင်း ကောက်ယူလျက်ရှိကြောင်း မုံရွာခရိုင် လုပ်ငန်းအဖွဲ့ မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးကော်မတီဥက္ကဋ္ဌ မုံရွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့  ဥက္ကဋ္ဌ ဦးဇော်တင်မိုး ထံမှသိရသည်။

“စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင် မုံရွာမြို့နယ်၊ ဘုတလင်မြို့နယ်၊ ချောင်းဦးမြို့နယ်နဲ့ အရာတော်မြို့နယ် တို့မှာ အိမ်ထောင်စုလူဦးရေစာရင်း မှန်ကန်စေရေးအတွက် မြေပြင်ကွင်းဆင်း လူဦးရေစာရင်း ကောက်ယူရေး လုပ်ငန်းတွေကို ဇန်နဝါရီလ ၉ ရက် မနက် ၈ နာရီခွဲကစပြီး တပြိုင်နက်တည်း ဆောင်ရွက်နေပါပြီ” ဟု ဦးဇော်တင်မိုး ကပြောသည်။

မြေပြင်ကွင်းဆင်း လူဦးရေစာရင်းကောက်ယူရာတွင် မုံရွာမြို့နယ်တွင် ရပ်ကွက်ပေါင်း (၂၇)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၆)အုပ်စုတို့မှ အိမ်ထောင်စုပေါင်း (၅၄၃၆၄)စု၊ ချောင်းဦးမြို့နယ်တွင် ရပ်ကွက်ပေါင်း (၆)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၁)အုပ်စုတို့မှ အိမ်ထောင်စုပေါင်း (၅၂၉)စု၊ ဘုတလင်မြို့နယ်တွင် ရပ်ကွက်ပေါင်း (၃)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၃)အုပ်စုတို့မှ အိမ်ထောင်စုပေါင်း (၂၉၂၈)စု၊ အရာတော်မြို့နယ်တွင် ရပ်ကွက်ပေါင်း (၃)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၂)အုပ်စုတို့မှ အိမ်ထောင်စုပေါင်း (၄၇၇၇)စုတို့ကို ကောက်ယူကြမည်ဖြစ်သည်။

မုံရွာခရိုင် ၄ မြို့နယ်တွင် မြေပြင်ကွင်းဆင်း လူဦးရေစာရင်း ကောက်ယူလျက်ရှိမုံရွာခရိုင် ၄ မြို့နယ်တွင် မြေပြင်ကွင်းဆင်း လူဦးရေစာရင်း ကောက်ယူလျက်ရှိ

သက်ဆိုင်ရာမြို့နယ်များအလိုက် မြေပြင်ကွင်းဆင်း လူဦးရေစာရင်းကောက်ယူရေးအဖွဲ့များက ဇန်နဝါရီလ (၉)ရက်နေ့မှ ဇန်နဝါရီလ (၃၁)ရက်နေ့အထိ (ရုံးပိတ်ရက်များမပါ) နံနက် ၈ နာရီခွဲမှ ညနေ ၄ နာရီခွဲအထိ လူနေအိမ်များအတွင်း အမှန်တကယ်နေထိုင်သော လူဦးရေစာရင်းကောက်ယူခြင်းများကို တစ်အိမ်တက်ဆင်း ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စျာန်ထူးကို

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/01/11/%e1%80%99%e1%80%af%e1%80%b6%e1%80%9b%e1%80%bd%e1%80%ac%e1%80%81%e1%80%9b%e1%80%ad%e1%80%af%e1%80%84%e1%80%ba-%e1%81%84-%e1%80%99%e1%80%bc%e1%80%ad%e1%80%af%e1%80%b7%e1%80%94%e1%80%9a%e1%80%ba%e1%80%90/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 1月 11, 2023 11:15 上午
下一篇 1月 20, 2023 10:01 上午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....