ရွှေဘိုပေါ်ဆန်းစပါးအသစ်သည် ၁၅ရက်အတွင်း တင်း ၁၀၀ လျှင် ကျပ် ၃သိန်းထိ စျေးတက်သွားခဲ့

ရွှေဘိုပေါ်ဆန်းစပါးအသစ်သည် ၁၅ရက်အတွင်း တင်း ၁၀၀ လျှင် ကျပ် ၃သိန်းထိ စျေးတက်သွားခဲ့

ရွှေဘိုပေါ်ဆန်းစပါးအသစ်သည် ၁၅ရက်အတွင်း တင်း ၁၀၀ လျှင် ကျပ် ၃သိန်းထိ စျေးတက်သွားခဲ့

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုဒေသထွက် ရွှေဘိုပေါ်ဆန်းစပါးအသစ်စျေးသည် ၁၅ ရက်အတွင်း တင်း ၁၀၀ လျှင် ကျပ် ၃ သိန်းထိ ဈေးမြင့်တက်သွားကြောင်း သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလကုန်က ရွှေဘိုပေါ်ဆန်းစပါးအသစ် အနိမ့်စပါး တင်း ၁၀၀ လျှင် ကျပ် ၁၅ သိန်းရှိရာမှ လက်ရှိ ဇန်နဝါရီလ ၁၆ ရက်နေ့တွင် ကျပ် ၁၈ သိန်းစျေးထိ ရှိလာပြီး အလတ်စျေးသည် ယခင်က ၁၅ သိန်း ၅ သောင်းစျေးမှ ယခုတွင် ၁၉ သိန်း၊ အမြင့်စျေးသည် ယခင် ၁၆ သိန်းရှိရာမှ ယခု သိန်း ၂၀ အထိ စျေးမြင့်တက်သွားကြောင်း ဈေးကွက်မှသိရသည်။

ရွှေဘိုပေါ်ဆန်းစပါးအဟောင်းစျေးသည် တည်ငြိမ်နေရာ တင်း ၁၀၀ လျှင် အနိမ့်သည် ကျပ် ၂၅ သိန်းနှင့် အမြင့်သည် ၂၇ သိန်းစျေး ရှိနေသည်။

ရွှေဘိုခရိုင်အတွင်း ၂၀၂၂-၂၀၂၃ မိုးရာသီရွှေဘိုပေါ်ဆန်း စိုက်ဧကသည် ၃၃၃၉၄၂ ဧက ရှိကြောင်းသိရသည်။

စျာန်ထူးကို

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/01/20/%e1%80%9b%e1%80%bd%e1%80%be%e1%80%b1%e1%80%98%e1%80%ad%e1%80%af%e1%80%95%e1%80%b1%e1%80%ab%e1%80%ba%e1%80%86%e1%80%94%e1%80%ba%e1%80%b8%e1%80%85%e1%80%95%e1%80%ab%e1%80%b8%e1%80%a1%e1%80%9e%e1%80%85/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 1月 20, 2023 10:02 上午
下一篇 1月 20, 2023 10:03 上午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....