နှစ်သစ်ကူး စတုဒိသာလှူဒါန်းပွဲ ပူးပေါင်းပြုလုပ်

နှစ်သစ်ကူး စတုဒိသာလှူဒါန်းပွဲ မြန်မာပြည်ဖွား တရုတ်ဗုဒ္ဓဘာသာဝင်မိသားစုများနှင့် မင်္ဂလာမန္တလေးမိသားစု ပူးပေါင်းပြုလုပ်

နှစ်သစ်ကူး စတုဒိသာလှူဒါန်းပွဲ ပူးပေါင်းပြုလုပ်

မြန်မာပြည်ဖွား တရုတ်ဗုဒ္ဓဘာသာဝင်မိသားစုများနှင့် မင်္ဂလာမန္တလေးမိသားစုတို့၏ နှစ်သစ်ကူး စတုဒိသာလှူဒါန်းပွဲကို ဇန်နဝါရီလ ၂၀ ရက်နေ့ မွန်းလွဲပိုင်းက မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်ရှိ မင်္ဂလာမန္တလေး ပရိုမိုးရှင်းဧရိယာ၌ ကျင်းပကြောင်း သိရသည်။

အဆိုပါစတုဒိသာလှူဒါန်းပွဲသို့ မန္တလေးမြို့အခြေစိုက် တရုတ်ပြည်သူ့သမ္မတနိုင်ငံကောင်စစ်ဝန်ချုပ်ရုံး ကောင်စစ်ဝန်ချုပ် Mr. Chen Chen (ခ) ဦးခင်စိန်၊ နယူးစတားလိုက်အုပ်စု ဥက္ကဋ္ဌ ဦးကျော်ကျော်ဝင်း၊ မြို့သာစက်မှုဥယျာဉ် မြို့တော်ဥက္ကဋ္ဌ ဦးအောင်ဝင်းခိုင်၊ မဟာမိတ်နောက်မျိုးဆက်များမှ ဦးမြင့်ထွန်း၊ မန္တလေးတိုင်းဒေသကြီး မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း နာယက မဟာသဒ္ဓမ္မဇောတိကဓဇ ဂရိတ်ဦးမြဝင်း၊ ကချင်ပြည်နယ် သာရေးနာရေးအသင်း ဥက္ကဋ္ဌ ဦးစိုင်းချင်၊ မန္တလေးဖူချင့် အမျိုးသမီးပရဟိတအသင်း ဥက္ကဋ္ဌ ဒေါ်သန်းသန်းမြင့်၊ မန္တလေးပင်လယ်ရပ်ခြားရောက်တရုတ်အမျိုးသမီး ချစ်ကြည်ရေးအသင်း ဥက္ကဋ္ဌ ဒေါ်ဖြူဖြူလှိုင်၊ ပြည်သူ့ကျန်းမာရေးနှင့် မြို့ပြဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ရန်ပုံငွေရှာဖွေရေးကော်မတီ ဒုဥက္ကဋ္ဌ ဦးကျော်ထွန်းနှင့် အဖွဲ့ဝင် ဦးသိန်းမြင့်၊ အထက်မြန်မာပြည် တရုတ်ကုန်သည်ကြီးများအသင်း အတွင်းရေးမှူး ဦးစက်တီ၊ Oversea Chinese အသင်း ဥက္ကဋ္ဌ ဉီးမြင့်နိုင်၊ မန္တလေးကြင်းတောယန်ပရဟိတအသင်း ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ ဦးဖြူဝင်း၊ မန္တလေးဖူကျင့် ဗုဒ္ဓဘာသာဘုရားကျောင်း ဥက္ကဋ္ဌ ဦးတိုက်စန်း၊ ကြင်းတောယန်အမျိုးသမီးပရဟိတအသင်း နာယက အဂ္ဂမဟာသီရိသုဓမ္မသိင်္ဂီ ဒေါ်ခင်ရွှေ၊ မန္တလေးလူမျိုးစု ဗုဒ္ဓဘာသာဘုရားကျောင်း ဒုဥက္ကဋ္ဌ ဦးသန်းထိုက်၊ မန္တလေးကွမ်တုံ ဗုဒ္ဓဘာသာဘုရားကျောင်း ဥက္ကဋ္ဌ ဦးစောဦး၊ မန္တလေးယူနန် ဗုဒ္ဓဘာသာဘုရားကျောင်း ဥက္ကဋ္ဌ ဦးတင်ထွန်းတို့က နှစ်သစ်ကူးစတုဒိသာလှူဒါန်းပွဲကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

နှစ်သစ်ကူး စတုဒိသာလှူဒါန်းပွဲ ပူးပေါင်းပြုလုပ်နှစ်သစ်ကူး စတုဒိသာလှူဒါန်းပွဲ ပူးပေါင်းပြုလုပ်နှစ်သစ်ကူး စတုဒိသာလှူဒါန်းပွဲ ပူးပေါင်းပြုလုပ်

ထို့နောက် နှစ်သစ်ကူး စတုဒိသာအလှူသို့ လာရောက်ကြသော ပြည်သူများအား ကြာဆံကြော်၊ လိမ္မော်သီး၊ အချိုရည်၊ မရွေးမုန့်၊ ကိတ်မုန့်နှင့် ရိုးရာအစားအသောက် စတုဒီသာများ၊ ကျပ် ၃၀၀၀ တန် ဈေးဝယ်ကတ်နှင့် အန်ပေါင်းများ အစရှိသည်တို့ကို စနစ်တကျပေးဝေ လှူဒါန်းခဲ့ကြကြောင်း သိရသည်။

ကိုကျားကြီး

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/01/28/%e1%80%94%e1%80%be%e1%80%85%e1%80%ba%e1%80%9e%e1%80%85%e1%80%ba%e1%80%80%e1%80%b0%e1%80%b8-%e1%80%85%e1%80%90%e1%80%af%e1%80%92%e1%80%ad%e1%80%9e%e1%80%ac%e1%80%9c%e1%80%be%e1%80%b0%e1%80%92%e1%80%ab/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 1月 20, 2023 10:03 上午
下一篇 1月 28, 2023 2:15 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....