မြန်မာနိုင်ငံDTVETအဖွဲ့စွန့်ဦးတီထွင်မှုပြိုင်ပွဲပထမဆုရ

မြန်မာနိုင်ငံ DTVET အဖွဲ့သည် ပထမအကြိမ် ယူနန်အပြည်ပြည်ဆိုင်ရာ ဆန်းသစ်တီထွင်မှုနှင့် စွန့်ဦးတီထွင်မှုပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရာ ပထမဆုရရှိခဲ့

မြန်မာနိုင်ငံDTVETအဖွဲ့စွန့်ဦးတီထွင်မှုပြိုင်ပွဲပထမဆုရ

မြန်မာနိုင်ငံ DTVET အဖွဲ့၏ “အစိမ်းရောင်စွမ်းအင်အခြေခံ ရေကန်သန့်ရှင်းရေးစနစ်” သည် ပထမအကြိမ် ယူနန်အပြည်ပြည်ဆိုင်ရာ ဆန်းသစ်တီထွင်မှုနှင့် စွန့်ဦးတီထွင်မှုပြိုင်ပွဲတွင် ပထမဆု ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါအဖွဲ့ကို မြန်မာနိုင်ငံ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် စက်မှုသင်တန်းကျောင်းနှင့် အစိုးရစက်မှုလက်မှုသိပ္ပံသုတေသနဌာန (အင်းစိန်) တို့မှ ဆရာ ဆရာမ ကျောင်းသားကျောင်းသူများဖြင့် ဖွဲ့စည်းယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။

ပထမအကြိမ် ယူနန်အပြည်ပြည်ဆိုင်ရာ ဆန်းသစ်တီထွင်မှုနှင့် စွန့်ဦးတီထွင်မှုပြိုင်ပွဲကို ၂၀၂၂ ခုနှစ် သြဂုတ်လတွင် ကူမင်းမြို့၌ “အွန်လိုင်း+အော့ဖ်လိုင်း” ပေါင်းစပ်မှုပုံစံဖြင့် ကျင်းပခဲ့ပြီး စီးပွားရေးလုပ်ငန်းအုပ်စု၊ အဖွဲ့လိုက်အုပ်စု၊ ကနဦးတီထွင်ဖန်တီးမှုအုပ်စု၊ အစပျိုးအုပ်စု ဟူ၍ အုပ်စုလေးခု ခွဲခြားကျင်းပခဲ့ရာ ပဏာမပြိုင်ပွဲတွင် စီမံကိန်း ၃၄၈ ခု ပါဝင်ခဲ့ပြီး အုပ်စု ၁၀ ခုခွဲ၍ မိတ်ဆက်ပြသခဲ့ကာ စီမံကိန်း ၁၀၀ ခု ဖိုင်နယ်ပြိုင်ပွဲသို့ ဝင်ရောက်ခဲ့သည်။

မြန်မာနိုင်ငံDTVETအဖွဲ့စွန့်ဦးတီထွင်မှုပြိုင်ပွဲပထမဆုရ

ဖိုင်နယ်ပြိုင်ပွဲတွင် အုပ်စုတစ်ခုစီမှ ပထမဆု တစ်ဆု၊ ဒုတိယဆု နှစ်ဆု၊ တတိယဆု သုံးဆု အကဲဖြတ် ရွေးချယ်ခဲ့ကြောင်း သိရသည်။

မြသုခ

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/01/28/%e1%80%99%e1%80%bc%e1%80%94%e1%80%ba%e1%80%99%e1%80%ac%e1%80%94%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%84%e1%80%b6dtvet%e1%80%a1%e1%80%96%e1%80%bd%e1%80%b2%e1%80%b7%e1%80%85%e1%80%bd%e1%80%94/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 1月 28, 2023 2:15 下午
下一篇 1月 28, 2023 2:16 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....