ဖုံးအုပ်စိုက်နည်းစနစ်ဖြင့်ပဲများစိုက်ပျိုး

ဖုံးအုပ်စိုက်နည်းစနစ်ဖြင့် မြေပဲ၊ မတ်ပဲ၊ ကုလားပဲများ စိုက်ပျိုးဖြစ်ထွန်းလျက်ရှိ

ဖုံးအုပ်စိုက်နည်းစနစ်ဖြင့်ပဲများစိုက်ပျိုး

စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည်မြို့နယ်တွင် လတ်တလောကာလ ဖုံးအုပ်စိုက်နည်းစနစ်ဖြင့် မြေပဲ၊ မတ်ပဲ၊ ကုလားပဲများ စိုက်ပျိုးထားရာ ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

“လောလောဆယ်မှာ မြေပဲနဲ့မတ်ပဲကို ဖုံးအုပ်စနစ်နဲ့ စိုက်ထားတယ်။ ၁၀ရက်၊ ၁၅ရက်သား အပင်ပေါက်တော့ ရနေပါပြီ။ ဖုံးအုပ်စိုက်ပျိုးတဲ့စနစ်က သဘာဝဝန်းကျင် မပျက်ဆီးအောင် စိုက်တဲ့စနစ်ပါ။ အကျိုးထူးတွေ တော်တော်များပါတယ်။ ပထမဆုံး မြေပဲစိုက်ရင် ထယ်တွေ ထွန်တွေနဲ့ မြေကို တအားလုပ်ကြတယ်လေ။ အဲဒါမျိုး တအားကြီးလုပ်စရာမလိုဘဲ အပင်ပေါက်ဖို့ဦးတည်ပြီး ကောက်ရိုးတွေနဲ့ ဖုံးအုပ်စိုက်လိုက်တဲ့အခါ ပေါက်တူးပေါက်စရာ၊ ပေါင်းနှုတ်စရာတွေ မလိုတော့ဘူးပေါ့။ ဖုံးအုပ်ထားတဲ့ ကောက်ရိုးတွေက လာမယ့်ရာသီအတွက် မြေသြဇာတွေ ပြန်ဖြစ်သွားတာပါ။ ဖုံးအုပ်ထားတဲ့အောက်မှာ အကျိုးပြု အဏုဇီဝတွေ ရှင်သန်ပေါက်ဖွားတော့ လယ်မြေယာမြေတွေ ကောင်းသထက် ကောင်းလာတယ်” ဟု ကိုမျိုးဝင်း ကပြောသည်။

ဖုံးအုပ်စိုက်နည်းစနစ်ဖြင့်ပဲများစိုက်ပျိုးဖုံးအုပ်စိုက်နည်းစနစ်ဖြင့်ပဲများစိုက်ပျိုးဖုံးအုပ်စိုက်နည်းစနစ်ဖြင့်ပဲများစိုက်ပျိုး

ဦးမျိုးဝင်းအနေဖြင့် မြေပဲ တစ်ဧက၊ မတ်ပဲ နှစ်ဧကခွဲနှင့် ကုလားပဲ တစ်ဧက၊ ဗူး၊ ဖရုံ၊ ခရမ်းချဥ်စသည်များက ဒသမ ၈၀ ဧကကျော်ခန့် စိုက်ထားကြောင်း သိရသည်။

“ပြီးခဲ့တဲ့နှစ်က မတ်ပဲ တစ်ဧကကို ၁၀တင်းကျော်၊ မြေပဲက မိုးများခဲ့တော့ ပြောသလောက် မရခဲ့ပါဘူး။ စနစ်တစ်ခုက လုပ်ရင်း စနစ်သဘောသဘာဝကို ကိုယ်တိုင်နားလည်းပြီး လုပ်တတ်အောင် အချိန်ယူရပါတယ်။ ဖြစ်အောင် ကြိုးစားရပါတယ်”ဟု ကိုမျိုးဝင်း ကပြောသည်။

၂၀၂၀ မိုးစပါးအပြီး ၂၀၂၁ ဆောင်းသီးနှံစိုက်ပျိုးရာတွင် စပါးရိုးပြတ်ငုတ်ထဲတွင် ကုလားပဲ၊ မတ်ပဲ မျိုးစေ့များကြဲပက်ခဲ့ပြီး ရိုးပြတ်ငုတ်များကို ထွန်စက်ဖြင့်ခုတ်ကာ အခင်းထဲ ပြန်လည်ဖုံးအုပ်ပေးခဲ့ကြောင်း ကိုမျိုးဝင်း ထံကသိရသည်။ အခင်းထဲရှိ ရိုးပြတ်ငုတ်များဖြင့် မလုံလောက်ပါက အနီးနားအခင်းများမှ ကောက်ရိုးများကို တိုက်ယူပြီး အခင်းထဲ ဖုံးအုပ်ပေးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

“ပြီးခဲ့တဲ့ စပါးစိုက်ရာသီတုန်းက အရင်နှစ်ကထွက်တဲ့စပါး ဖြစ်ထွန်းမှုမမှီခဲ့ဘူး။ အထွက်သင့်ပါတယ်။ အားသာချက်၊ အားနည်းချက်တွေတော့ သိအောင် ကြိုးစားလိုက်ရတယ်။ သိလိုက်ရတယ်။ သဘာဝသွင်းအားစုတွေနဲ့ စိုက်ရာမှာ ဘယ်လောက်ထိထည့်မလဲ။ ဘယ်လောက်လျော့မလဲဆိုတာတွေ မူတည်ပြီး သိအောင်လက်တွေ့လုပ်ရတာပေါ့”ဟု ကိုမျိုးဝင်း ကပြောသည်။

မထွန်မထယ် ဓာတုလွတ် စိုက်ထားသည့် အစွမ်းဖွင့်စိုက်နည်းစနစ်ကို ဆရာကြီးဦးသိန်းဆု (စိုက်ပျိုးရေးတက္ကသိုလ်)က စတင်ခဲ့ရာ ၂၀၁၉ ခုနှစ် မတ်လကုန်ပိုင်းကစ၍ တန့်ဆည်မြို့နေ တောင်သူ ကိုမျိုးဝင်းက စပါးနှင့်အခြားသီးနှံများကို စတင်စိုက်ပျိုးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စျာန်ထူးကို

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/02/02/14793/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 2月 2, 2023 11:20 上午
下一篇 2月 24, 2023 10:46 上午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....