ညောင်ဦးမြို့နယ်၊ ဂျိုးကန်ကျေးရွာတွင် မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ပြီး နေအိမ် ၁၆ လုံး မီးလောင်ဆုံးရှုံး
မန္တလေးတိုင်းဒေသကြီး၊ညောင်ဦးမြို့နယ်၊ ဂျိုးကန်ကျေးရွာတွင် ထမင်းချက်ရာမှတစ်ဆင့် မီးလောင်မှုတစ်ခု ဖေဖော်ဝါရီ ၁၉ ရက် မွန်းလွဲ ၂နာရီခန့်က ဖြစ်ပွားခဲ့ပြီး နေအိမ်၁၆လုံး မီးလောင်ဆုံးရှုံးခဲ့ရကြောင်း မီးသတ်ဦးစီးဌာနမှ သိရသည်။
မီးလောင်မှုဖြစ်ပွားရာသို့ ညောင်ဦးခရိုင် မီးသတ်ဦးစီးမှူး ဦးထက်အောင် ဦးဆောင်၍ မြို့နယ်မီးသတ် ဦးစီးမှူး ဦးကျော်မင်းသူ၊ ခရိုင်/မြို့နယ်တို့မှ သန္ဓေ၊အရန် မီးသတ်တပ်ဖွဲဝင်များက မီးငြှိမ်းသတ်ယာဉ် ၅ စီး၊ ရေသယ်ယာဉ် ၄ စီး၊ ပုဂံနှင့် စဉ့်ကူနယ်မြေ မီးသတ်စခန်းမှ သန္ဓေ၊ အရန်မီးသတ်တပ်ဖွဲဝင်များ၊ လူမှုရေးအသင်းများမှ ရေသယ်ယာဉ်များတို့ဖြင့် သွားရောက်၍ မီးငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။
မီးလောင်မှုဖြစ်ပွားရသည့် အကြောင်းအရင်းမှာ ဂျိုးကန်ကျေးရွာနေ ဒေါ်စန်းမြင့်လှိုင်၏ (၁၆)ပေပတ်လည်ရှိ ထန်းရွက်မိုး၊ ထရံကာ မြေစိုက်လူနေအိမ်တွင် ထမင်းအိုးချက်ပြုတ်ခဲ့ရာမှ နေအိမ်အကာအား မီးကူးစက် လောင်ကျွမ်းခဲ့ရခြင်းဖြစ်ပြီး မီးလောင်မှုကြောင့် (၁၆)ပေပတ်လည် ထန်းရွက်မိုး၊ ထရံကာမြေစိုက် လူနေအိမ် (၃)လုံး၊ (၁၆) ပေ ပတ်လည် သွပ်မိုး၊ ဝါးထရံကာ မြေစိုက်လူနေအိမ် (၁)လုံး၊ (၂၄)ပေပတ်လည် သွပ်မိုး၊ ဝါးထရံကာနှစ်ထပ် လူနေအိမ် (၁၁) လုံး၊ (၁၆)ပေပတ်လည် သွပ်မိုး၊ ဝါးထရံကာနှစ်ထပ် လူနေအိမ် (၁)လုံး စုစုပေါင်း လူနေအိမ် (၁၆)လုံးနှင့် အိမ်တွင်းပစ္စည်းများ မီးလောင်ပျက်စီးခဲ့ရကြောင်း သိရသည်။
ကိုကျားကြီ
Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/02/24/%e1%80%82%e1%80%bb%e1%80%ad%e1%80%af%e1%80%b8%e1%80%80%e1%80%94%e1%80%ba%e1%80%80%e1%80%bb%e1%80%b1%e1%80%b8%e1%80%9b%e1%80%bd%e1%80%ac%e1%80%90%e1%80%bd%e1%80%84%e1%80%ba%e1%80%99%e1%80%ae%e1%80%b8/