မန်မန်းလမ်းကြောင်းကုန်စည်ပို့ဆောင်ရေးလမ်းမကြီး

မြန်မာ-တရုတ်နယ်စပ် မန်မန်းလမ်းကြောင်းကို ယူနန်ပြည်နယ် ကုန်စည်ပို့ဆောင်ရေး လမ်းမကြီးအဖြစ် တည်ဆောက်သွားမည်ဟုဆို

မန်မန်းလမ်းကြောင်းကုန်စည်ပို့ဆောင်ရေးလမ်းမကြီး

မြန်မာ-တရုတ်နယ်စပ် ဝမ်တိန်နယ်စပ်ဂိတ်ရှိ မန်မန်းလမ်းကြောင်းသည် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကုန်စည်ပို့ဆောင်ရေး လမ်းမကြီးအဖြစ် တည်ဆောက်သွားမည်ဖြစ်ကြောင်း မင်္ဂလာ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

၎င်း၏ တည်နေရာနှင့် မူဝါဒဆိုင်ရာ အားသာချက်များကို အမှီပြုကာ တရုတ်-မြန်မာ နှစ်နိုင်ငံကုန်သွယ်မှုတွင် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်မည်ဟုဆိုသည်။

အဆိုပါလမ်းကြောင်းတွင် ယခုနှစ်အစပိုင်းမှစတင်၍ ကုန်စည်စီးဆင်းမှု တန်ချိန် ၇,၀၀၀ ကျော် ရှိပြီး နေ့စဉ် ဖြတ်သန်းသွားလာနေသည့် ယာဉ်အစီးရေ ၅၀၀ ခန့်ရှိသည်။

မန်မန်းလမ်းကြောင်းကုန်စည်ပို့ဆောင်ရေးလမ်းမကြီး

လက်ရှိအချိန်တွင် ဝမ်တိန်နယ်စပ်ဂိတ်သည် တရုတ်နိုင်ငံ စပါးတင်သွင်းမှု ပထမအသုတ် သတ်မှတ်ထားသော နယ်စပ်ဂိတ်၊ ယူနန်ပြည်နယ်၏ အအေးခန်းထုတ်ကုန်များ တင်သွင်းမှု သတ်မှတ်ထားသော တစ်ခုတည်းသော နယ်စပ်ဂိတ်နှင့် ယူနန်ပြည်နယ်၏ ပထမဆုံး စားသုံးနိုင်သော ရေနေတိရစ္ဆာန်များ တင်သွင်းမှု ကုန်းတွင်းနယ်စပ်ဂိတ်လည်း ဖြစ်ပြီး မကြာမီတွင် တရုတ်ဆေးဖက်ဝင်အပင်များ တင်သွင်းမှု နယ်စပ်ဂိတ် တိုးချဲ့တည်ဆောက်ရန်အတွက် အရည်အချင်းပြည့်မီအောင် ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ကိုခန့်

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/02/24/%e1%80%99%e1%80%94%e1%80%ba%e1%80%99%e1%80%94%e1%80%ba%e1%80%b8%e1%80%9c%e1%80%99%e1%80%ba%e1%80%b8%e1%80%80%e1%80%bc%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b8%e1%80%80%e1%80%af%e1%80%94%e1%80%ba/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 2月 24, 2023 10:46 上午
下一篇 2月 24, 2023 10:54 上午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....