ကုလားပဲဈေးကျဆင်းမှုမရှိ ဝယ်လိုအားကောင်းနေ

ကုလားပဲသစ်များ အိတ်ရေထောင်ချီ ဝင်ရောက်လာသော်လည်း ဈေးကျဆင်းမှုမရှိ ဝယ်လိုအားကောင်းနေ

ကုလားပဲဈေးကျဆင်းမှုမရှိ ဝယ်လိုအားကောင်းနေ

ကုလားပဲအုပ်စုပဲသစ်များ အိတ်ရေထောင်ချီ ဝင်ရောက်လာသော်လည်း ဈေးကျဆင်းမှုမရှိဘဲ ဝယ်လိုအား ကောင်းနေကြောင်း ပဲ၊နှမ်းကုန်သည်များထံက သိရသည်။

ပဲသစ်ရာသီအသစ်ဝင်ပဲများ ပမာဏများများ ဝင်ရောက်မှုရှိလျှင် ဈေးကွက်ပေါက်ဈေး အနည်းငယ် ကျဆင်းလေ့ရှိသော်လည်း ယခုနှစ်တွင် ပြည်တွင်းပဲကုန်သည်များ ငွေ မကိုင်ထားလိုဘဲ ပစ္စည်းသာ ကိုင်ထားလိုကြသဖြင့် ဈေးကွက်အတွင်း အသစ်ဝင်သလောက် ဝယ်လိုအားကောင်းနေခြင်းဖြစ်သည်။

ကုလားပဲအုပ်စုပဲများ အသစ် ဝင်သလောက် ဝယ်လိုအားကောင်း နေကြောင်း၊ အခြားပို့ကုန်ပဲများလည်း ပုံမှန်အမြင့်ဈေးဖြင့် အဝယ် ကောင်းနေကြောင်း  မြေထောက်ပဲများ တစ်အိတ်လျှင် ငွေကျပ်  ၂၉၀၀၀၀ ခန့် ပေါက်ဈေးဖြင့် စံချိန်တင် အကောင်းဆုံးပဲဖြစ်လာသော်လည်း နှမ်းမျိုးစုံဈေးကွက်မှာ တစ်အိတ် ငွေကျပ် သုံးသိန်းအောက် ကျဆင်းနေပြီး ပဲမာလိုင်းများမှာ ဈေးငြိမ်နေကြောင်း ဦးကျော်သွင်(ရွှေစင်သိန်း ပွဲရုံ)က ပြောသည်။

“ကုလားပဲအုပ်စု ပဲအသစ် အိတ်ရေ တစ်ထောင်ကျော် ဝင်ရောက်လာပေမယ့် ဈေးကျဆင်းမှုမရှိဘဲ ဈေးကောင်းနေပါတယ်။ ပဲအသစ်ဝင်ချိန် ပို့ကုန်အဝယ် မရှိရင် ဈေးကျဆင်းလေ့ရှိပါတယ်။ အခုချိန်မှာ အသစ်ဝင်သလောက်ကို အဝယ်ရှိနေပါတယ်။ ငွေကြိုပေး စနစ်နဲ့ကို အဝယ်ကောင်းနေလို့  ကုလားပဲ V2 တစ်အိတ်ကို ငွေကျပ် ၁၈၈၀၀၀ ပေါက်ဈေး ရှိလာပါတယ်။ ပို့ကုန်ပဲတွေလည်း  အမြင့်ဈေးအတိုင်း ပုံမှန်အဝယ် ရှိနေပါတယ်။ ပို့ကုန်ပဲတွေထဲမှာ မြေထောက်ပဲကတော့ ထူးထူး ခြားခြား ဈေးမြင့်တက်လာပါတယ်။ တစ်အိတ်ငွေကျပ် ၂၈၅၀၀၀ ပေါက်ဈေးနဲ့ အမြင့်ဆုံး ဈေးဖြစ်လာပါတယ်။ နှမ်းမျိုးစုံ အုပ်စုကတော့ တစ်အိတ်  ငွေကျပ်  ၂၈၅၀၀၀-၂၉၀၀၀၀ သာ ပေါက်ဈေး ရှိတော့တယ်။ ပြည်တွင်းသုံး ပဲမာလိုင်းကတော့ ဈေးအပြောင်းအလဲမရှိတော့ဘဲ လက်ရှိပေါက်ဈေးတွေက အခြေခံပေါက်ဈေး ဖြစ်လာပါတယ်”ဟု  ၎င်းက ပြောသည်။

ရွှေနွယ်ကြိုး

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/02/28/14855/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 3天前
下一篇 8小时前

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....