၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဖေဖော်ဝါရီလအတွင်း တရုတ်-မြန်မာနယ်စပ် နုံတောင်လမ်းကြောင်း၏ နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှုပမာဏ ယွမ် သန်း ၁၅၀ ရှိ
၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလတွင် တရုတ်-မြန်မာနယ်စပ် နုံတောင်လမ်းကြောင်း၏ ပိုကုန်သွင်းကုန်ပမာဏ တန်ချိန် ၈၀၀၀၀ ရှိပြီး နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှုပမာဏ ယွမ် သန်း ၁၅၀ ရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက မတ်လ ၁ ရက်နေ့တွင် ၎င်း၏လူမှုကွန်ရက်စာမျက်နှာကတဆင့် သတင်းထုတ်ပြန်သည်။
တရုတ်နိုင်ငံတွင် ကပ်ရောဂါဆိုင်ရာ မူဝါဒများ ပိုမိုကောင်းမွန်အောင် ပြင်ဆင်လာချိန်မှစ၍ နုံတောင်လမ်းကြောင်းတွင် ယာဉ်များ တိုက်ရိုက်ဝင်ထွက်သွားလာသည့် နယ်စပ်ဖြတ်ကျော် သယ်ယူပို့ဆောင်ရေးပုံစံ ကျင့်သုံးခဲ့ရာ နေ့စဉ် အဝင်အထွက် မော်တော်ယာဉ်အစီးရေ ၂၀၀ နှင့် ဂိတ်ဖြတ်သန်းသည့် ကုန်ပစ္စည်း တန်ချိန် ၂,၆၀၀ ကို စစ်ဆေးနိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မြသုခ
Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/03/03/%e1%80%94%e1%80%af%e1%80%b6%e1%80%90%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%9c%e1%80%99%e1%80%ba%e1%80%b8%e1%80%80%e1%80%bc%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b8%e1%80%80%e1%80%af%e1%80%94/