ရခိုင်ပြည်နယ်လေအားလျှပ်စစ်စီမံကိန်း၃ခုတည်ဆောက်မည်

ရခိုင်ပြည်နယ် အမ်းမြို့နယ်၊ ဂွမြို့နယ်နှင့် သံတွဲမြို့နယ်တို့တွင် လေအားလျှပ်စစ်စီမံကိန်း ၃ ခု တည်ဆောက်မည်

ရခိုင်ပြည်နယ်လေအားလျှပ်စစ်စီမံကိန်း၃ခုတည်ဆောက်မည်

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ဂွမြို့နယ်နှင့် သံတွဲမြို့နယ်အတွင်းရှိ လေအားလျှပ်စစ်စီမံကိန်းများဆိုင်ရာ သဘောတူညီမှု စာချွန်လွှာ (Memorandum of Agreement-MOA) လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို မတ်လ ၁ ရက်နေ့ နံနက် ၁၀နာရီက နေပြည်တော်ရှိ လျှပ်စစ်စွမ်းအားဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပကြောင်း သိရသည်။

အဆိုပါစီမံကိန်းများအတွက် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန လျှပ်စစ်စွမ်းအားစီမံရေး ဦးစီးဌာနနှင့် Primus Advanced Technologies Limited၊ Asia Ecoenergy Development Limited ၊ Yunnan Machinery and Equipment Import and Export Co., Ltd.  တို့အကြား လေအားလျှပ်စစ်စီမံကိန်းများဆိုင်ရာ သဘောတူညီမှု စာချွန်လွှာ (Memorandum of Agreement-MOA) လက်မှတ်ရေးထိုးကြခြင်းဖြစ်သည်။

အခမ်းအနားသို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်၊ ဒုတိယဝန်ကြီး ဦးအေးကျော်၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Chen Hai ၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာနနှင့်လုပ်ငန်းများမှ ညွှန်ကြားရေး မှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် ဌာနအကြီးအကဲများ၊ Primus Advanced Technologies Limited၊ Asia Ecoenergy Develop-ment Limited နှင့် Yunnan Machinery and Equipment Import and Export Co., Ltd. တို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

အဆိုပါ လေအားလျှပ်စစ်စီမံကိန်း သုံးခုမှာ အမ်း လေအားလျှပ်စစ်စီမံကိန်း ၁၅၀ မဂ္ဂါဝပ်၊ ဂွ လေအား လျှပ်စစ်စီမံကိန်း  ၁၀၀ မဂ္ဂါဝပ်၊  သံတွဲ လေအား လျှပ်စစ်စီမံကိန်း ၁၁၀ မဂ္ဂါဝပ်တို့ဖြစ်ပြီး မြန်မာနိုင်ငံသားပိုင် PRIMUS ၊ ဟောင်ကောင်အခြေစိုက် AED နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ YMEC တို့က စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်သည်။

အဆိုပါ စီမံကိန်း သုံးခုလုံးအား ၂၀၂၅ ခုနှစ်အတွင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်အောင် ဆောင်ရွက်သွားကြမည်ဖြစ်ပြီး စီမံကိန်း သုံးခု အနက်မှ ဂွစီမံကိန်း၏ ပထမအဆင့် ၅၀ မဂ္ဂါဝပ်ကို ၂၀၂၃  ခုနှစ်  ဒီဇင်ဘာလတွင်  တည်ဆောက်ရေး လုပ်ငန်းများ စတင်နိုင်ရေးအတွက် ကုမ္ပဏီများအနေဖြင့် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်သည်။

တရုတ် ပြည်သူ့သမ္မတနိုင်ငံနှင့် လျှပ်စစ်ဓာတ် အားထုတ်လုပ်နိုင်ရန် လိုအပ်သည့်  လေစွမ်းအင်၊  နေစွမ်းအင်၊ ရေအားနှင့်  သဘာဝဓာတ်ငွေ့ အရင်းအမြစ်များ ပေါကြွယ်ဝသည့်  မြန်မာနိုင်ငံတို့အကြား  ပူးပေါင်း ဆောင်ရွက်မှုသည် နှစ်နိုင်ငံအတွက် အထူးအကျိုး ဖြစ်ထွန်းစေမည်ဖြစ်ပါကြောင်း၊   မြန်မာနိုင်ငံ၏ ပြည်တွင်းလျှပ် စစ်ဓာတ်အားဖူလုံမှုနှင့် ၂၀၃၀ ပြည့် နှစ်တွင်  နိုင်ငံတော်ဓာတ်အားစနစ်မှ တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ် အားရရှိနိုင်ရေး  ရည်မှန်းချက်များ ပြည့်မီစေရန် လျှပ်စစ်ကဏ္ဍတွင် ဆောင်ရွက်နေသည့် စီမံကိန်းများ၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ကုမ္ပဏီ များက ဆက်လက်ပူးပေါင်း ပါဝင်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံ၏ ပထမဆုံးတည်ဆောက်မည့် လေအား လျှပ်စစ်စီမံကိန်းများဖြစ်သည့်အတွက်  တရုတ်-မြန်မာ  လျှပ်စစ်ကဏ္ဍ   ပူးပေါင်း ဆောင်ရွက်မှု၏ ခြေလှမ်းသစ်   စတင်ခြင်းလည်းဖြစ်ပါကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Chen Hai က ပြောကြားသည်။

မြသုခ

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/03/03/%e1%80%9b%e1%80%81%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%95%e1%80%bc%e1%80%8a%e1%80%ba%e1%80%94%e1%80%9a%e1%80%ba%e1%80%9c%e1%80%b1%e1%80%a1%e1%80%ac%e1%80%b8%e1%80%9c%e1%80%bb%e1%80%be%e1%80%95/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 3月 3, 2023 10:30 上午
下一篇 3月 3, 2023 10:32 上午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....