ရွှေလီနယ်စပ်ဂိတ်ခရီးသည်၆သောင်းကျော်ဝင်ထွက်

မြန်မာ-တရုတ် နယ်စပ် ရွှေလီနယ်စပ်ဂိတ်တွင် ခရီးသည်ဝင်ထွက်သွားလာမှု ပြန်လည်ခွင့်ပြုပြီးနောက် တစ်လအတွင်း ခရီးသည် ၆သောင်းကျော် ဝင်ထွက်ခဲ့

ရွှေလီနယ်စပ်ဂိတ်ခရီးသည်၆သောင်းကျော်ဝင်ထွက်

မြန်မာ-တရုတ် နယ်စပ် ရွှေလီနယ်စပ်ဂိတ်တွင် ဇန်နဝါရီလ ၂၅ ရက်နေ့မှစ၍ ခရီးသည် ဝင်ထွက်သွားလာမှု ပြန်လည်စတင်ခဲ့ပြီးနောက် ပြည်ဝင်ပြည်ထွက် ခရီးသည်အရေအတွက် ဆက်တိုက် မြင့်တက်လာကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

တရုတ်နိုင်ငံတွင် ကပ်ရောဂါဆိုင်ရာ မူဝါဒများ ပိုမိုကောင်းမွန်အောင် ပြင်ဆင်လာခဲ့ပြီးနောက် နယ်စပ်ဝင်ထွက်သွားလာမှုများ ပြန်လည်စတင်ခဲ့ချိန်မှစကာ တစ်ရက်အတွင်း အဝင်အထွက်ခရီးသည် အများဆုံး ၃၅၀၃ ဦးရှိခဲ့ပြီး တစ်လအတွင်း အဝင်အထွက်ခရီးသည် စုစုပေါင်း ၆၀၀၀၀ ကျော် ရှိပြီဖြစ်သည်။

လက်ရှိတွင် နယ်စပ်ဂိတ်နှင့်ထိစပ်လျက်ရှိသော ခရိုင်မြို့များမှ အိမ်ထောင်စုစာရင်းရှိ နယ်စပ်နေပြည်သူများအား ဇန်နဝါရီ ၂၅ ရက်မှစပြီး မြန်မာ-တရုတ်နယ်စပ် နန်းတော်ဂိတ်ပေါက်၌ Border Pass စာအုပ်နီ ပြုလုပ်ပေးနေခြင်းဖြစ်သည်။

ရွှေလီနယ်စပ်ဂိတ်ခရီးသည်၆သောင်းကျော်ဝင်ထွက်

လတ်တလောတွင် မြန်မာနိုင်ငံ၏အခြားဒေသမှ လာရောက်သူများကို နယ်စပ်ဝင်ထွက်ခွင့် တစ်ခါသုံးကတ် အသုံးပြုကာ ဝင်ထွက်ခွင့်ပြုနိုင်ရန်အတွက် နှစ်နိုင်ငံ တာဝန်ရှိသူများ ဆွေးနွေးနေဆဲ ဖြစ်သည်ဟုသိရသည်။

ကောင်းကောင်း

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/03/03/%e1%80%9b%e1%80%bd%e1%80%be%e1%80%b1%e1%80%9c%e1%80%ae%e1%80%94%e1%80%9a%e1%80%ba%e1%80%85%e1%80%95%e1%80%ba%e1%80%82%e1%80%ad%e1%80%90%e1%80%ba%e1%80%81%e1%80%9b%e1%80%ae%e1%80%b8%e1%80%9e%e1%80%8a/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 3月 3, 2023 10:28 上午
下一篇 3月 3, 2023 10:30 上午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....