ဆိုလာစွမ်းအင်ဖွံ့ဖြိုးမှုအတွက် စွမ်းဆောင်ရည်အရှိန်မြှင့်တင်ရန် အမျိုးသားအဆင့် ဆိုလာ Photovoltaic အသုံးချမှုတိုးမြှင့်ရေးနှင့် လေ့ကျင့်ရေးစင်တာ တည်ထောင်ခြင်း စီမံကိန်း စတင်ဖွင့်လှစ်

ဆိုလာစွမ်းအင်ဖွံ့ဖြိုးမှုအတွက် စွမ်းဆောင်ရည်အရှိန်မြှင့်တင်ရန် အမျိုးသားအဆင့် ဆိုလာ Photovoltaic အသုံးချမှုတိုးမြှင့်ရေးနှင့် လေ့ကျင့်ရေးစင်တာ တည်ထောင်ခြင်း စီမံကိန်း စတင်ဖွင့်လှစ်

ဆိုလာစွမ်းအင်ဖွံ့ဖြိုးမှုအတွက် စွမ်းဆောင်ရည်အရှိန်မြှင့်တင်ရန် အမျိုးသားအဆင့် ဆိုလာ Photovoltaic အသုံးချမှုတိုးမြှင့်ရေးနှင့် လေ့ကျင့်ရေးစင်တာ တည်ထောင်ခြင်း စီမံကိန်း စတင်ဖွင့်လှစ်

မြန်မာနိုင်ငံတွင် ဆိုလာစွမ်းအင်ဖွံဖြိုးမှုအတွက် စွမ်းဆောင်ရည်အရှိန်မြှင့်တင်ရန် မြန်မာနိုင်ငံ အမျိုးသားအဆင့် ဆိုလာ Photovoltaic အသုံးချမှုတိုးမြှင့်ရေးနှင့် လေ့ကျင့်ရေးစင်တာ တည်ထောင်ခြင်း စီမံကိန်းကို မတ်လ ၁ ရက်နေ့တွင် စတင်ဖွင့်လှစ်လိုက်ကြောင်း သိရသည်။

သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန သုတေသနနှင့် တီထွင်ဆန်းသစ်မှု ဦးစီးဌာနမှကြီးမှူး၍ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး အထူးရန်ပုံငွေ  ၂၀၂၂ ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည့် “Establishment Myanmar National – Level Solar PV Application Promotion and Training Center to Accelerate the capacity building of Development of Solar Energy in Myanmar” စီမံကိန်း၏ လုပ်ငန်းစဉ် တစ်ခုဖြစ်သော “Launching Ceremony နှင့် Solar Photovoltaic အသုံးပြုခြင်းဆိုင်ရာ  နှီးနှော ဖလှယ်ပွဲ” အခမ်းအနားကို နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ ကျင်းပခဲ့ခြင်းဖြစ်သည်။

ဆိုလာစွမ်းအင်ဖွံ့ဖြိုးမှုအတွက် စွမ်းဆောင်ရည်အရှိန်မြှင့်တင်ရန် အမျိုးသားအဆင့် ဆိုလာ Photovoltaic အသုံးချမှုတိုးမြှင့်ရေးနှင့် လေ့ကျင့်ရေးစင်တာ တည်ထောင်ခြင်း စီမံကိန်း စတင်ဖွင့်လှစ်ဆိုလာစွမ်းအင်ဖွံ့ဖြိုးမှုအတွက် စွမ်းဆောင်ရည်အရှိန်မြှင့်တင်ရန် အမျိုးသားအဆင့် ဆိုလာ Photovoltaic အသုံးချမှုတိုးမြှင့်ရေးနှင့် လေ့ကျင့်ရေးစင်တာ တည်ထောင်ခြင်း စီမံကိန်း စတင်ဖွင့်လှစ်ဆိုလာစွမ်းအင်ဖွံ့ဖြိုးမှုအတွက် စွမ်းဆောင်ရည်အရှိန်မြှင့်တင်ရန် အမျိုးသားအဆင့် ဆိုလာ Photovoltaic အသုံးချမှုတိုးမြှင့်ရေးနှင့် လေ့ကျင့်ရေးစင်တာ တည်ထောင်ခြင်း စီမံကိန်း စတင်ဖွင့်လှစ်

အဆိုပါ အခမ်းအနားတွင် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော်ကအဖွင့်အမှာ စကားပြောကြားပြီးမြန်မာ နိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသံရုံးမှ Minister Counselor Dr.Zheng Zhigong နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒုတိယ  ညွှန်ကြားရေးမှူးချုပ် ဦးဝင်းဇေယျာထွန်း  တို့က အမှာစကား ပြောကြားကြသည်။

အဆိုပါ စီမံကိန်း သည် မြန်မာနိုင်ငံတွင် ဆိုလာ လျှပ်စစ်ဓာတ်အားဆိုင်ရာ အသုံးချ အစီအစဉ်များ ဖွံ့ဖြိုးတိုးတက်လာစေရန် အရှိန်အဟုန်ဖြင့် ကြီးမားသော အခန်းကဏ္ဍမှ ပါဝင်မည်ဖြစ်ကာ မြန်မာနိုင်ငံ ရှိ နေရောင်ခြည်စွမ်းအင်သုံး Photovoltaic အသုံးချမှုသမိုင်းတွင် အမှတ်အသားတစ်ခုအဖြစ် ကျန်ရစ်စေမည် ဖြစ်သည်ဟု ပြည်ထောင်စုဝန်ကြီးကပြောကြားသည်။

၂၀၂၂ ခုနှစ်တွင် သုတေသနနှင့် တီထွင် ဆန်းသစ်မှုဦးစီးဌာနသည် မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ စီမံကိန်းသုံးခုကို အကောင်အထည်ဖော် ဆောင်ရွက်ခွင့်ရခဲ့သည်။

“Solar Photovoltaic အသုံးပြုခြင်းဆိုင်ရာ နှီးနှောဖလှယ်ပွဲ” တွင် သုတေသန နှင့် တီထွင်ဆန်းသစ်မှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ Inner Mongolia University of Technology မှ Professors များ၊ ဆက်စပ်ဝန်ကြီးဌာနများမှ ဘာသာ ရပ်ဆိုင်ရာ ပညာရှင်များက Solar Photovoltaic ဆိုင်ရာ နည်းပညာ ရပ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မြသုခ

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/03/03/14875/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 3月 3, 2023 10:31 上午
下一篇 3月 5, 2023 10:34 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....