ကမ္ဘာ့ရန်သူ ဆိုးရောစ့် နှင့် အမေရိကန်အရင်းရှင် ဒီမိုကရေစီ ။

ကမ္ဘာ့ရန်သူ ဆိုးရောစ့် နှင့် အမေရိကန်အရင်းရှင် ဒီမိုကရေစီ ။

ကမ္ဘာ့ရန်သူ ဆိုးရောစ့် နှင့် အမေရိကန်အရင်းရှင် ဒီမိုကရေစီ ။

အသက် ၉၂ နှစ်ရှိ အမေရိကန် ဘီလျံနာ ဆိုးရောစ့်က နောက်တကြိမ် ကမ္ဘာ့မီဒီယာမှာ နေရာယူလိုက်တယ်။ ဒီတခါကတော့ အိန္ဒိယနဲ့ အဓိကပက်သက်ပါသည် ။ ပြီးခဲ့သော ၂ လပိုင်း ၁၈ ရက်နေ့တွင်အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးက ဆိုးရောစ့်ကို အသက်ကြီးပြီး ခေါင်းမာတဲ့၊ ချမ်းသာပြီး အန္တရာယ်ကြီးမားတဲ့ အဘိုးကြီးလို့ ခေါ်ဝေါ်လိုက်တယ်။ အဲ့ဒီလိုပြောဆိုပြီးနောက် အိန္ဒိယ လူအဖွဲ့အစည်းများနှင့် မီဒီယာများက ဆိုးရောစ့်နှင့် သူ၏ Open Society Fund နှင့် ပက်သက်သူများ ၊ ဆက်စပ်ကုမ္ပဏီများကို ဖော်ထုတ်ပြီး ရှုံ့ချပြောဆိုကြသည်။ အဲ့လိုဖြစ်သွားသည့် အကြောင်းအရာမှာ ဆိုးရောစ့်ကနေ အိန္ဒိယ၏အကြီးဆုံး လုပ်ငန်းစုကို Short Selling (စတော့ရှယ်ယာပိုင်ဆိုင်သည့် ကုမ္ပဏီကို အဆိုးမြင်ပြီး ၊  ရှိသမျှ ရှယ်ယာများကို အလျင်စလို ရောင်းချပြီး ၊ ရှယ်ယာတန်ဖိုးများ အကြီးအကျယ်ကျဆင်းမှ ပြန်ဝယ်ပြီး အမြတ်ထုတ်သည့် ကစားနည်း ) လုပ်နေသည့် ကြားမှာ အိန္ဒိယဝန်ကြီးချုပ် မိုဒီက ဒီလုပ်ငန်းစုနှင့် ပါဝင်ပက်သက်မှုရှိနေတယ်ဆိုတဲ့ စွတ်စွဲမှုတွေအပေါ် မကျေနပ်သည့်အတွက် ဝန်ကြီးက ဒီလိုထုတ်ဖော်ပြောကြားခဲ့တယ် ။

ကမ္ဘာ့ရန်သူ ဆိုးရောစ့် နှင့် အမေရိကန်အရင်းရှင် ဒီမိုကရေစီ ။

ဒီကိစ္စပေါ်တွင် ကျွန်တော်၏အမြင်က အဲ့ဒီကုမ္ပဏီ၏ စတော့ရှယ်ယာတန်ဖိုး ဒေါ်လာ ဘီလျံ ၁၄၀ ပျောက်ဆုံးတာ ဆိုးရောစ့်အတွက် အရေးမကြီးဘူး ၊ သူ ကစားပြီးရလာသည့်အမြတ် ဒေါ်လာ ၉ ဘီလျံကသာ သူ့အတွက်ပိုပြီး အရေးပါခဲ့သည် ။ နောက်တချက်က သူများနိုင်ငံက ဒီမိုကရေစီနည်းလမ်းကျမကျ အရေးမကြီးဘူး ၊ သူ့လုပ်ငန်းတွင် အမြတ်ရဖို့က အရေးပိုကြီးပါသည် ။ အမှန်တကယ်က တကမ္ဘာလုံး၏လုပ်ငန်းများကို အဆိုးမြင်သည့် Short Selling နည်းလမ်းဖြင့် သူများနိုင်ငံဒုက္ခရောက်မရောက်ကို ဂရုမစိုက်ပဲ သူ့လုပ်ငန်းအမြတ်ရှာရန် ရောင်စုံတော်လှန်ရေး အကြမ်းဖက်လုပ်ငန်း နှင့် အထောက်ကူပြုသည့် သူ၏ စီးပွားရှာနည်းကို တကယ်အံ့ဩမိပါသည် ။

ကမ္ဘာ့ရန်သူ ဆိုးရောစ့် နှင့် အမေရိကန်အရင်းရှင် ဒီမိုကရေစီ ။

သူ၏ သက်တမ်းတလျှောက်တွင် ၁၉၃၀ ခုနှစ် ဟန်ဂေရီမြို့တော်ရှိ ဂျူးလူမျိုးမိသားစုမှ မွေးဖွားခဲ့သည် ။ ၁၉၅၃ ခုနှစ်မှစပြီး ငွေကြေးပွဲစားဘဝနှင့် စပြီးလုပ်ကိုင်ခဲ့သည်။ အဲ့ဒီအချိန်ကနေစပြီး ကုမ္ပဏီ၏ သေရေးရှင်းရေး ၊ နိုင်ငံတခု၏ သေရေးရှင်ရေးကို ဂရုမစိုက်ပဲ သူ့ငွေကြေး၏ ကြီးထွားမှုကိုသာ အာရုံစိုက်သည့် အရင်းရှင်စစ်စစ်ဘဝ စတင်ခဲ့သည် ။ ၁၉၉၂ ခုနှစ် ၊ အင်္ဂလန် ဘဏ်လုပ်ငန်းစုကို ဒုက္ခပေးသည့်တိုက်ပွဲတွင် ဒေါ်လာ သန်း ၆၅၀ အမြတ်ထုတ်ခဲ့သည် ။ ၁၉၉၇ တွင် ထိုင်း ၊ အင်ဒိုနီးရှား ၊ ဖိလစ်ပိုင် နှင့် မြန်မာတို့ကို အကြီးအကျယ်ဒုက္ခပေးတဲ့ ငွေကြေးကစားမှုထဲ သူ့လုပ်ငန်းစုက ဒေါ်လာ ဘီလျံဆယ်ချီအမြတ်ထုတ်ခဲ့သည်။ ၁၉၉၇ တိုက်ပွဲထဲတွင် ဟောင်ကောင်ကို အနိုင်မရခဲ့ဘူး ။ ဒေါ်လာ ၄ ဘီလျံ ဆုံးရှုုံးခဲ့သည် ။ ဒီအချိန်ကစပြီး ဟောင်ကောင်ကို အကူအညီပေးလိုက်သည့် တရုတ်အစိုးရကို မုန်းတီးသည့် စိတ် ကိန်းအောင်းခဲ့သည် ။ ၂၀၁၂ တွင် ဂျပန် ယန်း ကို ပစ်မှတ်ထား Short Selling လုပ်ခဲ့ပြန်တယ် ။ ၃ လအတွင်း ဒေါ်လာ ၁ ဘီလျံ ရရှိခဲ့တယ် ။ ၂၀၁၃ ခုနှစ်တွင်လည်း စတာလင်ပေါင် နှင့် ဩစတြေးလျ ဒေါ်လာကို အောင်မြင်စွာ တိုက်ခိုက်ပြန်တယ် ။ ၂၀၁၆ ခုနှစ် ဒက်ချ် ဘဏ်ကိုတိုက်တာနဲ့ အီးယူအုပ်စုကို ဒုက္ခပေးပြန်သည် ။ ဒီကနေစပြီး အီးယူတခုလုံးကို Short Selling အောင်မြင်အောင်လုပ်ခဲ့လို့ အီးယူက အမေရိကန်နဲ့ ပြိုင်ဆိုင်နိုင်စွမ်းလုံးဝမရှိတဲ့အဆင့် ရောက်ရှိခဲ့သည် ။

ကမ္ဘာ့ရန်သူ ဆိုးရောစ့် နှင့် အမေရိကန်အရင်းရှင် ဒီမိုကရေစီ ။

ပိုဆိုးတာက ဒီလိုစီးပွားရေးမှာအမြတ်ထုတ်ခြင်းသာမကပဲ မြတ်ဖို့ သုံးလာသည့် နိုင်ငံရေးနည်းဗျူဟာသည် ကမ္ဘာ့နိုင်ငံများကို ပိုဒုက္ခပေးနိုင်ခဲ့သည် ။ အများစု ခေါ်ဆိုခဲ့သည့် ရောင်စုံတော်လှန်ရေးကိစ္စဖြစ်ပါသည် ။ သူ့အတွက် အမေရိကန်အတွက် နှစ်သက်တဲ့ အဖွဲ့  ရွေးချယ်တင်မြှောက်ခံရလျှင် သူတို့လိုအပ်သည့် ဒီမိုကရေစီဖြစ်ခဲ့လျှင် စစ်မှန်သောဒီမိုကရေစီဟုဆိုကာ  ထောက်ပံ့ပေးခဲ့သည် ။ သူတို့လိုအပ်သော အဖွဲ့ ရွေးချယ်တင်မြှောက်မခံရလျှင် ဒီမိုကရေစီအတု ဟု သတ်မှတ်ပြီး ဆန့်ကျင်ဘက် အုပ်စုကို ထောက်ပံ့သည် ။ သူ၏ Open Society သုတေသီအဖွဲ့နှင့် သူ၏ ဖောင်ဒေရှင်းကနေ နှစ်စဉ် ဘတ်ဂျက် ဒေါ်လာ ၁ ဘီလျံ အထိသုံးစွဲခဲ့သည် ။ အဲ့ဒီ ရည်ရွယ်ချက်သီးသန့်အတွက် သုံးစွဲဖို့ပါပဲ ။

ကမ္ဘာ့ရန်သူ ဆိုးရောစ့် နှင့် အမေရိကန်အရင်းရှင် ဒီမိုကရေစီ ။

သူ၏ ရုံးခွဲများက နိုင်ငံပေါင်း ၆၀ တွင်တည်ရှိသည် ။ တောင်အာဖရိက နှင့် အနောက်တောင် အာဖရိကတွင် အစောဆုံး တည်ထောင်ခဲ့သည် ။ ထို့နောက် ရုရှားနှင့် ယူကရိန်း အစရှိသည့် အရှေ့ဥရောပနိုင်ငံများ ၊ ထို့နောက် အာရှအလယ်ပိုင်း ၊ အရှေ့တောင်အာရှ အစရှိသည့် တရုတ်ကို ပတ်ထားသည့် နိုင်ငံများ တွင် တည်ထောင်ခဲ့သည် ။ တရုတ်၏ အထူးအုပ်ချုပ်ခွင့်ဒေသဖြစ်သည့် ဟောင်ကောင်တွင်လည်း တည်ထောင်ခဲ့သည် ။ ရောင်စုံတော်လှန်ရေးများကို ထောက်ပံ့ပေးခဲ့သည် ။ ယခုအချိန်တွင် သမိုင်းရှုထောင့်နှင့် ပြန်လေ့လာမည်ဆိုလျှင် တကြိမ်မှာ အောင်မြင်သလိုလို ဖြစ်ခဲ့သော်လည်း ယခုတော့ ဒုက္ခရောက်နေသောနိုင်ငံများသာ တွေ့မြင့်မိသည် ။ တကယ် ပြန်လည်သုံးသပ်သင့်သော စိတ်ဝင်စားဖွယ်ကောင်းသည့် ကိစ္စပါပဲ ။

ကမ္ဘာ့ရန်သူ ဆိုးရောစ့် နှင့် အမေရိကန်အရင်းရှင် ဒီမိုကရေစီ ။

အထူးသဖြင့် ၁၉၉၄ ခုနှစ်မှစပြီး မြန်မာနိုင်ငံထဲ လှုပ်ရှားခဲ့သော ဆိုးရောစ့်ဖောင်ဒေးရှင်းအကြောင်း သတိထားသင့်သည်။ ဒီအဖွဲ့၏ ဝဘ်ဆိုဒ်မှာတော့ ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီအတွက် ၊ လူအခွင့်အရေးအတွက် ၊ အမှန်တရားအတွက်  ထောက်ပံ့ငွေပေးသည့် အစိုးရမဟုတ်သော အဖွဲ့အစည်းဆိုပေမယ့် တကယ်တမ်းမှာတော့ သူ အမြဲအဆိုးမြင်သော မုန်းတီးသော ၊ Short Selling နဲ့ တိုက်ချင်သော ၊ အမေရိကန်နိုင်ငံ အကျိုးစီးပွားအတွက် ဆင်နွှဲနေသော ၊ တရုတ် တိုက်ပွဲကြီးကို လုပ်ဆောင်နေသော အရင်းရှင်စနစ်ကိုယ်စားပြု အဖွဲ့အစည်းပါပဲ ။ ဥပမာအနေဖြင့် ဦးသိန်းစိန်အစိုးရ တက်လာချိန်ကစပြီး မြစ်ဆုံဆန့်ကျင်ရေးကိစ္စ ၊ လက်ပံတောင်းတောင် စီမံကိန်းဆန့်ကျင်ရေးကိစ္စအတွက် ငွေကြေးမြောက်မြားစွာ သုံးခဲ့သည် ။ ထိုအချိန်ကစပြီး တရုတ်ဆန့်ကျင်ရေးလှုပ်ရှားသော အဖွဲ့အစည်း နှင့် မီဒီယာများ များပြားလာသည် ။ သူနဲ့ အမေရိကန် NEDအဖွဲ့ရဲ့ ငွေကြေးဖြင့် ပညာသင်ထောက်ပံ့ကြေးများပေးပြီး လူငယ်များစွာကို သူတို့နိုင်ငံသို့ခေါ် ပြီး နိုင်ငံရေးပညာများ သင်ကြားပေးခဲ့သည် ။ တချိန်တည်းမှာပဲ ပြည်တွင်း၌ သင်တန်းကျောင်းများစွာ ထူထောင်ပြီး လူငယ်များကို သူတို့လိုချင်သည့်အတွေးအခေါ်များ သင်ကြားပေးခဲ့သည်။ အစွန်းရောက်လွတ်လပ်ရေးဝါဒ ၊ အစွန်းရောက်ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝါဒ ၊ အစွန်းရောက် မျှတရေးဝါဒ စသဖြင့် ကိုယ့်နိုင်ငံဖွံဖြိုးတိုးတက်ရေးအတွက် အနှောက်အယှက်ပေးနိင်သည့် အတွေးအခေါ်မျိုးမွေးမြူပေးခဲ့သည် ။  ၂၀၁၅ ရွေးကောက်ပွဲကာလတခုတည်း အင်န်ဂျီအိုအဖွဲ့အစည်း ၅၀ ကို ပေးသော ထောက်ပံ့ငွေကြေးသည် ဒေါ်လာ ၅၇ မီလီလျံဖြစ်ပါသည် ။ အင်န်ဂျီအိုမကပဲ အစိုးရအဖွဲ့အစည်းကိုလည်း ချယ်လှယ်ခဲ့သည် ။ လုံခြုံရေးအကြံပေးနှင့် နိုင်ငံတကာစီးပွားဆက်ဆံရေး ဝန်ကြီး ဦးသောင်းထွန်း(သူ၏တပည့်ဟောင်း)ကို ရာထူးပေးခဲ့သည် ။ ယခု ကျွန်တော်တို့နိုင်ငံဖြစ်နေတဲ့အခြေအနေမျိုးက မစ္စတာဆိုးရောစ့်ရဲ့ အကြိုက်ဆုံးအခြေအနေလို့တောင် ပြောလို့ရပါတယ် ။ ရက်စက်စွာ စီးပွားရှာသူတယောက်ကနေ စေတနာနဲ့ ကျွန်တော်တို့နိုင်ငံကို လာကူညီတာမဟုတ်ပါ ။ မြန်မာကို ကျဆုံးနိုင်ငံအဖြစ် ပုံသွင်းပြီး ၊ တရုတ်ကို ဒုက္ခပေးချင်တာ သူ့ရဲ့တခုတည်းသော ရည်ရွယ်ချက်ပါ ။

ကမ္ဘာ့ရန်သူ ဆိုးရောစ့် နှင့် အမေရိကန်အရင်းရှင် ဒီမိုကရေစီ ။

ရုရှားတွင် သူနှင့် သူအဖွဲ့အစည်းကို အကြမ်းဖက်အုပ်စုအဖြစ် သတ်မှတ်ကြေငြာခဲ့သလို ၊ သူ၏ အမိနိုင်ငံ အမေရိကန်တွင်လည်း သိန်းနဲ့ချီသောပြည်သူများက လက်မှတ်ထိုးပြီး အမေရိကန်အစိုးရ ဝဘ်ဆိုဒ်မှာ သူ့ကို ဆန္ဒပြခဲ့သည်။ အမေရိကန်ပြည်တွင်း လိမ်လည်မှုအဖွဲ့အစည်းဆန့်ကျင်ရေးဥပဒေ RICO နှင့် နိုင်ငံတော်ကာကွယ်ရေး ဥပဒေ NDAA အရ ဆိုးရောစ့်ကို အကြမ်းဖက်သမားအဖြစ်သတ်မှတ်ပြီး ပိုင်ဆိုင်မှုသိမ်းဆည်းရန် ဆန္ဒပြခဲ့သည် ။ မြန်မာလူထုကရော ……. သူ့နောက်လိုက်လုပ်ရမလား ၊ သူ့ကိုဆန့်ကျင်ရှုံ့ချရမလား …။

 ကမ္ဘာ့ရန်သူ ဆိုးရောစ့် နှင့် အမေရိကန်အရင်းရှင် ဒီမိုကရေစီ ။

Original works by PaukPhaw@PaukPhaw Network: http://www.paukphaw.org/2023/03/05/%e1%80%80%e1%80%99%e1%80%b9%e1%80%98%e1%80%ac%e1%80%b7%e1%80%9b%e1%80%94%e1%80%ba%e1%80%9e%e1%80%b0-%e1%80%86%e1%80%ad%e1%80%af%e1%80%b8%e1%80%9b%e1%80%b1%e1%80%ac%e1%80%85%e1%80%b7%e1%80%ba/

(1)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 3月 3, 2023 10:32 上午
下一篇 3月 11, 2023 11:22 上午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....