နမ့်ပငချောင်းရေအားလျှပ်စစ်ကို၂၀၂၅အပြီးဆောက်မည်

နမ့်ပငချောင်း အသေးစား ရေအားလျှပ်စစ်စီမံကိန်းကို ၂၀၂၅ ခုနှစ်တွင် အပြီးတည်ဆောက်မည်

နမ့်ပငချောင်းရေအားလျှပ်စစ်ကို၂၀၂၅အပြီးဆောက်မည်

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့အနောက်ဘက်တွင် တည်ဆောက်လျက်ရှိသည့် နမ့်ပငချောင်း အသေးစား ရေအားလျှပ်စစ်စီမံကိန်းကို ၂၀၂၅ ခုနှစ်တွင် အပြီးတည်ဆောက်သွားမည်ဖြစ်ကြောင်းသိရသည်။

နမ့်ပငချောင်း အသေးစား ရေအားလျှပ်စစ်စီမံကိန်းသည် ဟုမ္မလင်းမြို့၏ အနောက်ဘက် (၇.၅)မိုင်ခန့်အကွာ၊ နားသကျိုက်ကျေးရွာအနီးတွင် တည်ရှိပြီး ရေဆင်း ဧရိယာ ၃၉၀.၇၃ စတုရန်းမိုင်၊ Concrete Gravity Dam တမံဖြစ်ပြီး၊ တမံ အလျားသည် ၄၇၃ ပေ၊ တမံအမြင့် ၁၁၄.၈ ပေနှင့် ရေအားအမြင့် ၈၀.၃၈ ပေ ရှိမည်ဖြစ်ကြောင်း သိရသည်။

တမံ၏ ကန်ရေပြည့် ရေလှောင်ပမာဏသည် ၁၁၃၅၂ ဧကရှိမည်ဖြစ်ပြီး သံကူကွန်ကရစ် ရေပိုလွှဲအမျိုးအစားဖြစ်ကာ စက်အင်အား ၆ မဂ္ဂါဝပ် ၂  x ၃ မဂ္ဂါဝပ်တပ်ဆင်၍ နှစ်စဉ်ပျမ်းမျှ ဓာတ်အား ၃၄.၆၈ ကီလိုဝပ် နာရီသန်းပေါင်း ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်းလည်းသိရသည်။

နမ့်ပငချောင်း အသေး စားရေအားလျှပ်စစ်စီမံကိန်းသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဖေဖော်ဝါရီလ ၂၈ ရက်နေ့က တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

စျာန်ထူးကို

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/03/11/%e1%80%94%e1%80%99%e1%80%b7%e1%80%ba%e1%80%95%e1%80%84%e1%80%81%e1%80%bb%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b8%e1%80%9b%e1%80%b1%e1%80%a1%e1%80%ac%e1%80%b8%e1%80%9c%e1%80%bb%e1%80%be%e1%80%95/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 3月 11, 2023 11:57 上午
下一篇 3月 11, 2023 11:59 上午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....