မုံရွာစျေးကွက်မှပဲကြီးကိုဝယ်လက်များအဝယ်ရှိလာ

တရုတ်သို့တင်ပို့ရန် မုံရွာစျေးကွက်မှ ပဲကြီးကို မန္တလေးဝယ်လက်များ အဝယ်ရှိလာ

မုံရွာစျေးကွက်မှပဲကြီးကိုဝယ်လက်များအဝယ်ရှိလာ

ပြည်တွင်းစျေးကွက်သာ အားထားရသော ပဲကြီးကို မုံရွာစျေးကွက်တွင် တရုတ်သို့တင်ပို့မည့် မန္တလေးဝယ်လက်များ အဝယ်ရှိလာကြောင်း မုံရွာကုန်စည်ဒိုင် အတွင်းရေးမှူး ကိုချမ်းဟိန်း ထံကသိရသည်။

“ပြည်တွင်းစျေးကွက်သာ များပေမယ့် အခုလတ်တလောမှာ မန္တလေးက တရုတ်ပို့မယ့် ဝယ်လက်တွေက ဝယ်နေတယ်။ အရင်က ပြည်ပအဝယ် အမြဲမရှိဘူး။ ဝယ်တာနည်းတယ်”ဟု ကိုချမ်းဟိန်း ကပြောသည်။

မုံရွာစျေးကွက်တွင် ပဲကြီး ၁၉ပိသာ တစ်တင်းကို ပေါ်ဦးပေါ်ဖျား ၈၅၀၀၀ စျေးမှ ကျပ် ၇၁၀၀၀ အထိ စျေးကျသွားပြီး ယခုလက်ရှိတွင် ကျပ် ၇၄၀၀၀ စျေးဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။

မုံရွာစျေးကွက်မှပဲကြီးကိုဝယ်လက်များအဝယ်ရှိလာ

ပဲကြီးကို ချင်းတွင်းမြစ်အနောက်ဖက်တကြောဒေသများမှ အထွက်များပြီး ပြည်တွင်းပဲကြော်သမားများ၊ မန္တလေးစျေးကွက်၊ ပခုက္ကူ၊ ရေနံချောင်း၊ ချောက် ဘက်သို့ တင်ပို့မှုရှိကြောင်းသိရသည်။

ပဲကြီးသည် ဖေဖော်ဝါရီ၊ မတ်လ၊ ဧပြီလများတွင် စိုက်ပျိုးထွက်ရှိပြီး လတ်တလော မုံရွာစျေးကွက်သို့ ပဲကြီးအိတ် ၂၀၀၀ နှင့် ၃၀၀၀ အကြား ဝင်နေကြောင်းသိရသည်။ ပဲကြီးကို မုံရွာစျေးကွက်တွင် ချက်ချင်းရောင်းသူ ရှိသကဲ့သို့ လှောင်ထားသူများလည်း ရှိကြောင်းသိရသည်။

လတ်တလော မုံရွာစျေးကွက်တွင် ကုလားပဲအုပ်စု၊ ပဲကြီး၊ ပဲစဥ်းငုံနှင့် မတ်ပဲများ အရောင်းအဝယ်ဖြစ်နေပြီး မြေထောက်ပဲသည် ၂ ပတ် ၃ ပတ်အတွင်း ကျပ် ၈၀၀၀၀ ကျော်မှ ကျပ် ၉၁၀၀၀ ထိ စျေးတက်သွားကြောင်း သိရသည်။

စျာန်ထူးကို

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/03/11/%e1%80%99%e1%80%af%e1%80%b6%e1%80%9b%e1%80%bd%e1%80%ac%e1%80%85%e1%80%bb%e1%80%b1%e1%80%b8%e1%80%80%e1%80%bd%e1%80%80%e1%80%ba%e1%80%99%e1%80%be%e1%80%95%e1%80%b2%e1%80%80%e1%80%bc%e1%80%ae%e1%80%b8/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 3月 11, 2023 11:56 上午
下一篇 3月 11, 2023 11:58 上午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....