ရန်ကုန်-မန္တလေးအမြန်လမ်းတွင်ယာဉ်တစ်စီးတိမ်းမှောက်

ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ခရီးသည်တင်ယာဉ်တစ်စီး တိမ်းမှောက်ခဲ့ပြီး ၃ဦး သေဆုံး

ရန်ကုန်-မန္တလေးအမြန်လမ်းတွင်ယာဉ်တစ်စီးတိမ်းမှောက်

မတ်လ ၄ ရက်နေ့ နံနက် ၅ နာရီခွဲက ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် (၁၆၇/၄)တွင် ခရီးသည်တင်ယာဉ်တစ်စီး တိမ်းမှောက်ခဲ့ပြီး ၃ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၁၆၇/၄)နှင့် (၁၆၇/၅)ကြားတွင် YUTONG အမျိုးအစား (ဒို့ညီနောင်)ဖြူ/နီရောင် ခရီးသည်တင်ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းကာရံထားသော GUARD RAIL တန်းများအား တိုက်မိပြီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ရန်ကုန်-မန္တလေးအမြန်လမ်းတွင်ယာဉ်တစ်စီးတိမ်းမှောက်

ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ ကျား(၂၀)ဦး၊ မ(၁၁)ဦး စုစုပေါင်း(၃၁)ဦးအနက် ကျား(၃)ဦး သေဆုံးခဲ့ပြီး ကျား(၁၅)ဦးနှင့် မ(၁၀)ဦးတို့ ထိခိုက်ဒဏ်ရာရရှိကာ ကျန် ကျား(၂)ဦးနှင့် မ(၁)ဦး မှာ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ပေးခဲ့သော မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှသိရသည်။

ကိုကျားကြီး

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/03/11/%e1%80%9b%e1%80%94%e1%80%ba%e1%80%80%e1%80%af%e1%80%94%e1%80%ba-%e1%80%99%e1%80%94%e1%80%b9%e1%80%90%e1%80%9c%e1%80%b1%e1%80%b8%e1%80%a1%e1%80%99%e1%80%bc%e1%80%94%e1%80%ba%e1%80%9c%e1%80%99%e1%80%ba/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 3月 5, 2023 10:34 下午
下一篇 3月 11, 2023 11:23 上午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....