(၅၈)ကြိမ်မြောက်မြန်မာ့ကျောက်မျက်ရတနာပြပွဲပြုလုပ်မည်

(၅၈)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ နေပြည်တော် မဏိရတနာ ကျောက်စိမ်းခန်းမ၌ ပြုလုပ်မည်

(၅၈)ကြိမ်မြောက်မြန်မာ့ကျောက်မျက်ရတနာပြပွဲပြုလုပ်မည်

နှစ်စဉ်ကျင်းပလေ့ရှိသည့် မြန်မာ့ကျောက်မျက်ရတနာပြပွဲကို ယခုနှစ်တွင် (၅၈)ကြိမ်မြောက်အဖြစ် နေပြည်တော် မဏိရတနာ ကျောက်စိမ်းခန်းမ၌ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့ကျောက်မျက်ရတနာပြပွဲကို မတ်လ ၁၇ ရက်မှ ၂၃ ရက်အထိ ၇ရက်ကြာကျင်းပမှာဖြစ်ပြီး ပြပွဲအတွင်း မြန်မာနိုင်ငံကထွက်ရှိသည့် ပုလဲ၊ ကျောက်မျက်နဲ့ ကျောက်စိမ်းအတွဲများကို တင်ပြရောင်းချမည်ဖြစ်သည်။

(၅၈)ကြိမ်မြောက်မြန်မာ့ကျောက်မျက်ရတနာပြပွဲပြုလုပ်မည်(၅၈)ကြိမ်မြောက်မြန်မာ့ကျောက်မျက်ရတနာပြပွဲပြုလုပ်မည်

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီမှ ပြုလုပ်သည့် ရတနာပြပွဲသို့ မြန်မာ့ကျောက်မျက်ရတနာဥပဒေနှင့်အညီ ခွင့်ပြုမိန့်ရယူ၍ ကျောက်မျက်ရတနာများ တူးဖော်ထုတ်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် နိုင်ငံသားကျောက်မျက်ရတနာလုပ်ငန်းရှင်များ၊ လိုင်စင်ရယူ၍ ကျောက်မျက်ရတနာရောင်းဝယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် နိုင်ငံသားကျောက်မျက်ရတနာလုပ်ငန်းရှင်များကို သတ်မှတ်ချက်များနှင့်အညီ တက်ရောက် ဝယ်ယူနိုင်မည်ဖြစ်သည်။

၂၀၂၃ ခုနှစ်၊ (၅၈)ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာပြပွဲ တက်ရောက်ဝယ်ယူခွင့်ကိစ္စများ နှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက မြန်မာ့ကျောက်မျက်ရတနာပြပွဲဗဟိုကော်မတီ၊ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းရုံးချုပ်(နေပြည်တော်)၊ မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်းရုံးချုပ်(နေပြည်တော်)တို့တွင် ဆက်သွယ်စုံစမ်းနိုင်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

ကိုခန့်

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/03/11/%e1%81%85%e1%81%88%e1%80%80%e1%80%bc%e1%80%ad%e1%80%99%e1%80%ba%e1%80%99%e1%80%bc%e1%80%b1%e1%80%ac%e1%80%80%e1%80%ba%e1%80%99%e1%80%bc%e1%80%94%e1%80%ba%e1%80%99%e1%80%ac%e1%80%b7%e1%80%80%e1%80%bb/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 3月 11, 2023 11:27 上午
下一篇 3月 11, 2023 11:51 上午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....