ကူမင်းတွင်ကျင်းပသည့်International Working Women’s day 2023

တရုတ်နိုင်ငံ ကူမင်းမြို့တွင်ကျင်းပသည့် International Working Women’s day 2023 တွင် မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှ ပါဝင်တက်ရောက်

ကူမင်းတွင်ကျင်းပသည့်International Working Women’s day 2023

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ်ပြည်သူ့အစိုးရ၊ နိုင်ငံခြားရေးရုံးမှ ကြီးမှူး၍ International Working Women’s day 2023 အခမ်းအနားကို မတ်လ ၇ ရက်နေ့တွင် ကူမင်းမြို့ရှိ ယူနန်ပြည်နယ် ပြည်သူ့အစိုးရ နိုင်ငံခြားရေးရုံး၊ ဧည့်ခန်းမ၌ ကျင်းပပြုလုပ်ရာ ကူမင်းမြို့အခြေစိုက် မြန်မာကောင်စစ်ဝန်ချုပ်ရုံးမှလည်း ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။

ကူမင်းတွင်ကျင်းပသည့်International Working Women’s day 2023ကူမင်းတွင်ကျင်းပသည့်International Working Women’s day 2023

အဆိုပါအခမ်းအနားသို့ ယူနန်ပြည်နယ် ပြည်သူ့အစိုးရ၊ နိုင်ငံခြားရေးရုံးမှ ညွှန်ကြားရေးမှူးချုပ် Ms. Yang Mu နှင့် ယူနန်နိုင်ငံခြားရေးရုံးမှ အမျိုးသမီးသံတမန်များ၊ ကူမင်းမြို့ အခြေစိုက် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ အမျိုးသမီးကောင်စစ်ဝန်ချုပ်များ၊ ကောင်စစ်ဝန်ချုပ်များ၏ ဇနီးများ၊ အမျိုးသမီးသံတမန်များ၊ တရုတ်နိုင်ငံမှ စွန့်ဦးတီထွင် အမျိုးသမီးစီးပွားရေး စွမ်းဆောင်ရှင်များနှင့် အခြားဖိတ်ကြားထားသည့် ဧည့်သည်တော်များ ပါဝင်တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် အိမ်ရှင်နိုင်ငံမှ အကအလှများဖြင့် ဖျော်ဖြေဧည့်ခံခဲ့ကြပြီး အာဆီယံ နိုင်ငံများမှလည်း အဆိုအကများဖြင့် ပြန်လည်ဖျော်ဖြေခဲ့ကြောင်း သိရသည်။

မြသုခ

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/03/11/%e1%80%80%e1%80%b0%e1%80%99%e1%80%84%e1%80%ba%e1%80%b8%e1%80%90%e1%80%bd%e1%80%84%e1%80%ba%e1%80%80%e1%80%bb%e1%80%84%e1%80%ba%e1%80%b8%e1%80%95%e1%80%9e%e1%80%8a%e1%80%b7%e1%80%bainternational-workin/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 3月 11, 2023 11:58 上午
下一篇 3月 11, 2023 12:08 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....