ဝမ်ပေါင်သည် အသားတင်အမြတ်ငွေ၏ ၂ ရာခိုင်နှုန်းကို CSD ရန်ပုံငွေအဖြစ် နှစ်စဉ်ရင်းနှီးမြှုပ်နှံလျက်ရှိ
ကြေးနီမိုင်းစီမံကိန်း လည်ပတ်စဉ်ကာလအတွင်း ဝမ်ပေါင်ကုမ္ပဏီသည် အသားတင်အမြတ်ငွေ၏ ၂ ရာခိုင်နှုန်းကို CSD ရန်ပုံငွေအဖြစ် နှစ်စဉ် ရင်းနှီးမြှုပ်နှံထားကြောင်း မြန်မာဝမ်ပေါင်ကြေးနီမိုင်း ကုမ္ပဏီလီမိတက်၏ ထုတ်ပြန်ချက်အရ သိရသည်။
ဒေသခံပြည်သူများ၏ လူနေမှုဘဝ တိုးတက်ကောင်းမွန်လာစေရန်အတွက် ကျေးရွာအဆောက်အအုံများ၊ လမ်းများ၊ ရေပေးဝေရေး၊ လျှပ်စစ်မီးရရှိရေး၊ တံတားဆောက်ခြင်းနှင့် တူးမြောင်းဖော်ခြင်း စသည့်အခြေခံဆောက်လုပ်ရေးများ ပြုလုပ်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဝမ်ပေါင်သည် ဒေသခံပြည်သူ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာစေရန် ဥစားကြက်မွေးမြူရေးလုပ်ငန်းကဲ့သို့ SME လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပြီး ကျန်းမာရေး၊ ပညာရေးနှင့် လူမှုဖူလုံရေးပရောဂျက်များကို ဆောင်ရွက်ကာ အမျိုးသမီးများ၊ ကလေးများနှင့် သက်ကြီးရွယ်အိုများအတွက် ထောက်ပံ့ကူညီပေးခဲ့ကြောင်း ထုတ်ပြန်သည်။
ဝမ်ပေါင်သည် ဒေသခံတို့ရဲ့ မိရိုးဖလာ သက်၀င်ယုံကြည်မှုကို အလေးထားသည့်အတွက် ယဉ်ကျေးမှု အမွေအနှစ်များ စောင့်ရှောက်ခြင်းနှင့် နှစ်ရှည်အကျိူးရှိစေမည့် လှူဒါန်းမှုများကို ပြုလုပ်ပေးကြောင်းလည်း ထုတ်ပြန်ထားသည်။
ရေကြီးရေလျှံမှုများ၊ ကပ်ရောဂါနှင့် အခြားသော သဘာဝဘေးအန္တရာယ်များ သို့မဟုတ် ကူးစက်ရောဂါ ဖြစ်ပွားနေချိန်ကာလတွင် ဝမ်ပေါင်သည် နေ့စဉ်သုံးပစ္စည်းများ၊ ကပ်ရောဂါတိုက်ဖျက်ရေးအတွက် လိုအပ်သည့်ပစ္စည်းများကို လှူဒါန်းခြင်းဖြင့် ဒေသခံပြည်သူများနှင့်အတူ ရပ်တည်ခဲ့ကြောင်း ဖော်ပြပါရှိသည်။
မြေပြင်တွင် ပိုမိုကောင်းမွန်စွာ ထောက်ပံ့ကူညီပေးနိုင်ရန်နှင့် ဒေသခံများ၏ အဓိကလိုအပ်ချက်များကို သိရှိနားလည်စေရန် ဒေသခံ CSD ကိုယ်စားလှယ်များကိုလည်း ခန့်ထားပေးထားပြီး ဝန်ထမ်းများနှင့် အနီးပတ်၀န်းကျင်ရှိ ဒေသခံပြည်သူများ၏ လူမှုဘ၀ တိုးတက်ကောင်းမွန်လာစေရန်အတွက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စျာန်ထူးကို
Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/03/11/%e1%80%9d%e1%80%99%e1%80%ba%e1%80%95%e1%80%b1%e1%80%ab%e1%80%84%e1%80%ba%e1%80%a1%e1%80%99%e1%80%bc%e1%80%90%e1%80%ba%e1%80%84%e1%80%bd%e1%80%b1%e1%81%8f-%e1%81%82%e1%80%80%e1%80%ad%e1%80%afcsd/