ဆေးတက္ကသိုလ်ကျောင်းသားတစ်ဦး မန္တလေးကျုံးရေပြင်အတွင်း ခုန်ချပြီးအဆုံးစီရင်ခဲ့ 

ဆေးတက္ကသိုလ်ကျောင်းသားတစ်ဦး မန္တလေးကျုံးရေပြင်အတွင်း ခုန်ချပြီးအဆုံးစီရင်ခဲ့ 

ဆေးတက္ကသိုလ်ကျောင်းသားတစ်ဦး မန္တလေးကျုံးရေပြင်အတွင်း ခုန်ချပြီးအဆုံးစီရင်ခဲ့ 

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ်ကွက်၊ ၂၆လမ်းနှင့်၇၇လမ်းထောင့်ရှိ ကျုံးရေပြင်အတွင်း မတ်လ ၂၁ ရက် နံနက် ၆ နာရီခန့်က ခုန်ချပြီး မိမိကိုယ်ကိုအဆုံးစီရင်မှုတစ်ခု ဖြစ်ပွားကြောင်း သိရသည်။

အဆိုပါမိမိကိုယ်ကိုအဆုံးစီရင်သွားသူမှာ အသက် ၂၈ နှစ်အရွယ် ဆေးတက္ကသိုလ်ကျောင်းသားတစ်ဦးဖြစ်ပြီး နေအိမ်မှ နံနက် ၄ နာရီခန့်က ထွက်ခွာလာခဲ့ပြီးနောက် ကျုံးရေပြင်အတွင်း ခုန်ချကာ အဆုံးစီရင်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

အဆိုပါဖြစ်စဉ်ကို အောင်မြေသာစံမြို့နယ်မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများမှ အသင်းသားများ ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ နံနက် ၆ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် ရေနစ်သေဆုံးသူ အမျိုးသား၏ ရုပ်အလောင်းအားရှာဖွေတွေ့ရှိခဲ့ပြီး စေတနာမေတ္တာဂရုဏာအသင်းမှ သူနာတင်ယာဉ်ဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ကိုကျားကြီး

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/03/25/%e1%80%86%e1%80%b1%e1%80%b8%e1%80%90%e1%80%80%e1%80%b9%e1%80%80%e1%80%9e%e1%80%ad%e1%80%af%e1%80%9c%e1%80%ba%e1%80%80%e1%80%bb%e1%80%b1%e1%80%ac%e1%80%84%e1%80%ba%e1%80%b8%e1%80%9e%e1%80%ac%e1%80%b8/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 3月 25, 2023 8:22 下午
下一篇 3月 25, 2023 8:24 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....