”တစ်ကမ္ဘာလုံးဆိုင်ရာယဉ်ကျေးမှုအကြံပြုချက်”

တရုတ်ကွန်မြူနစ်ပါတီနှင့်ကမ္ဘာ့နိုင်ငံရေးပါတီအဖွဲ့အစည်းအဆင့်မြင့်တွေ့ဆုံ ဆွေးနွေးပွဲမှာရှီကျင့်ဖိန်တင်ပြခဲ့သည့််”တစ်ကမ္ဘာလုံးဆိုင်ရာယဉ်ကျေးမှုအကြံပြုချက်”။

၂၀၂၃-၃-၁၅ ၂၂း၁၁

LADIES & GENTLEMEN;မိတ်ဆွေများခင်ဗျား။

တရုတ်ဆိုရိုးစကားတစ်ခွန်းရှိပါတယ်။”ပန်းတပွင့်ထဲဆိုလျှင်နွေဉီးမဟုတ်ပါ။ပန်းပေါင်းတရာပွင့်မှနွေဉီးပန်းခြံမည်၏။” နိုင်ငံအားလုံးတို့၏ အနာဂတ်ကံကြမ္မာ ဆက်စပ်နေတဲ့ ယခုလိုခေတ်ကြီးမှာယဉ် ကျေးမှုအပြန်အလှန်ပါဝင် အတူတကွယှဉ်တွဲရေး၊ အပြန်အလှန်အတုယူရေး စသည်တို့မှာ လူသားတို့၏ လူမှုရေးခေတ်မှီတိုးတက်ရေးဖြစ်စဉ်နှင့် ကမ္ဘာ့ယဉ်ကျေးမှုပန်းပေါင်းတစ်ရာပန်းခြံဉယျဉ်ကြီး သာယာစည် ကားရေးမှာမရှိမဖြစ်လိုအပ်လျက်ရှိနေပါတယ်။ သို့အတွက် ကျနော့်အနေနဲ့ ”ကမ္ဘာလုံးဆိုင်ရာယဉ်ကျေးမှု အကြံပြုချက်”ကိုတင်ပြလိုပါတယ်။

—ကျနော်တို့သည် ကမ္ဘာ့ယဉ်ကျေးမှုအမျိုးစုံလင်ခြင်းကို အတူတကွလေးစားကြပါမည်။ ယဉ်ကျေးမှုအ ကြား တန်းတူရည်တူဖြစ်ရေး၊ အပြန်အလှန်အတုယူရေး၊ အပြန်အလှန်ဆွေး‌နွေးရေး၊ အလုံးစုံလက်ခံပါဝင် ရေး စသည်တို့ကိုဆောင်ရွက်ကြကာ ယဉ်ကျေးမှုဖလှယ်မှုဖြင့်် ယဉ်ကျေးမှုကွာဟမှုကိုကျော်လွှားစေမည်။ ယဉ်ကျေးမှုအပြန်အလှန်အတုယူခြင်းဖြင့် ယဉ်ကျေးမှုအကြားပဋိပက္ခကိုကျော်လွှားစေမည်။ ယဉ်ကျေးမှု အပြန်အလှန်လက်ခံပါဝင်ခြင်းဖြင့်် ယဉ်ကျေးမှုသာလွန်ခြင်းကိုကျော်လွှားစေမည်။

—ကျနော်တို့သည် လူသားတစ်ရပ်လုံးလက်ခံသည့် တူညီသောတန်ဖိုးအမြင်များကို အတူတကွတွန်းတင် ကြပါမည်။ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးရေး၊ သမာဓမ္မကျရေး၊ အမှန်တရားဖြစ်ရေး၊ ဒီမိုကရေစီ ၊လွတ်လပ်ခြင်း စသည်တို့မှာ ကမ္ဘာ့နိုင်ငံအသီးသီး ပြည်သူလူထုတို့အားလုံး တောင့််တကြသည့်ဆန္ဒများ ဖြစ်ကြပါသည်။ မတူသောယဉ်ကျေးမှု အနက်အဓိပ္ပါယ်ကို သဘောထားကြီးကြီးဖြင့် နားလည်ပေးရပါမည်။မိမိ၏တန်ဖိုး အမြင်နှင့်ပုံစံများကိုတပါးသူထံ ဇွတ်အတင်းထိုးပေးခြင်းမျိုးအလျဉ်းမပြုရပါ။ Ideological ဆန်စွာဆန့် ကျင်ခြင်းမျိုးမလုပ်ဆောင်ရပါ။

—ကျနော်တို့သည် ယဉ်ကျေးမှုဆက်ခံခြင်းနှင့်် ဆန်းသစ်တီထွင်ခြင်းကို အတူတကွအလေးထားကြရပါ မည်။ နိုင်ငံအသီးသီး သမိုင်းယဉ်ကျေးမှုတို့၏ ခေတ်အလိုက်တန်ဖိုးများကို အပြည့်အဝဖေါ်ထုတ်ကြရပါ မည်။ နိုင်ငံအသီးသီး၏ အကောင်းဆုံးရိုးရာယဉ်ကျေးမှုအား ခေတ်သစ်ပြောင်းလဲမှုဖြစ်စဉ်မှာ ဆန်းသစ်တီ ထွင်အသွင်ကူးပြောင်းခြင်း၊ စွန့်ဉီးတီထွင်မှုဖြင့်ဖွံ့ဖြိုးတိုးတက်ခြင်းတို့ကို အကောင်အထည်ဖေါ်ဆောင်ရပါ မည်။

—ကျနော်တို့သည် နိုင်ငံတကာယဉ်ကျေးမှုဖလှယ်ခြင်း ပူးပေါင်းဆောင်ရွက်ခြင်းတို့ကို အတူတကွတိုးမြင့် ဆောင်ရွက်ကြပါမည်။ တစ်ကမ္ဘာလုံးဆိုင်ရာ ယဉ်ကျေးမှုဆွေးနွေးပူးပေါင်းဆောင်ရွက်မှု ကွန်ယက်ကို ဆောက်တည်ဖို့လမ်းစရှာဖွေကြပါမည်။ဖလှယ်မှုအကြောင်းအရာများပေါကြွယ်ဝစေကာ ပူးပေါင်းဆောင် ရွက်မှုလမ်းကြောင်းများကို တိုးချဲ့စေပါမည်။ နိုင်ငံအသီးသီးပြည်သူလူထုအကြားရင်းနှီးနားလည်မှုကိုတိုး မြင့်စေကာ လူသားတစ်ရပ်လုံး ယဉ်ကျေးမှုဖွံ့ဖြိုးတိုးတက်မှုကို အတူတကွတွန်းဆောင်ကြပါမည်။

—ကျနော်တို့သည် နိုင်ငံတကာအသိုင်းအဝိုင်းနှင့် အတူတကွ လက်တွဲကြကာ ကမ္ဘာ့ယဉ်ကျေးမှုအကြား အပြန်အလှန်နှီးနှောဖလှယ်ရေး၊ ယဉ်ကျေးမှုအချင်းချင်းရောယှက်နိုင်ရေး၊ လူထုနှလုံးသားချင်းချိတ်ဆက် ရေး အခြေအနေသစ်ပေါ်ထွန်းလာရေးကို ကြိုးပမ်းဆောင်ရွက်ကြပါမည်။ ကမ္ဘာ့ယဉ်ကျေးမှုပန်းပေါင်း တစ်ရာပန်းခြံဉယျဉ်ကြီးအား အရောင်အသွေးစုံလင်စေပြီး အသက်ဝင်လန်းဆန်းပါစေကြောင်း ဆောင် ရွက်ကြပါမည်။

တရုတ်ကွန်မြူနစ်ပါတီသည် နိုင်ငံရေးပါတီအားလုံးနှင့် နှီးနှောဖလှယ်ပူးပေါင်းဆောင်ရွက်ကြပါ မည်။ကျနော်တို့သည် နိုင်ငံအသီးသီးရှိနိုင်ငံရေးပါတီနှင့် နိုင်ငံရေးအဖွဲ့အစည်းအကြား ဆက်ဆံရေးကိုပိုမို နက်ရှိုင်းစွာလုပ်ဆောင်ရန်ဆန္ဒရှိပါသည်။တူညီသောအတွေးအမြင်များစုံစည်းနိုင်မည့်ပွိုင့်၊အကျိုးတူညီနိုင်မည့်ပွိုင့်တို့ကို စဉ်ဆက်မပြတ်တိုးချဲ့ပါမည်။ နိုင်ငံရေးပါတီအကြား ပုံစံသစ်ဆက်ဆံရေးဖြင့် နိုင်ငံတကာ ဆက်ဆံရေးပုံစံသစ်ကိုထူထောင်ကြပါမည်။ တစ်ကမ္ဘာလုံးဆိုင်ရာနိုင်ငံရေးပါတီမိတ်ဖက်ဆက်ဆံရေးဖြင့် တစ်ကမ္ဘာလုံးဆိုင်ရာ မိတ်ဆက်ဆက်ဆံရေးကို ပြီးပြည့်စုံအောင် အကောင်အထေည်ဖေါ်ဆောင်ပါမည်။ တရုတ်ကွန်မြူနစ်ပါတီသည် နိုင်ငံအသီးသီးရှိနိုင်ငံရေးပါတီနှင့် နိုင်ငံရေးအဖွဲ့အစည်းအားလုံးတို့နှင့်အတူ နိုင်ငံအုပ်ချုပ်ရေးအတွေအကြုံများကို နှီးနှောဖလှယ်ကြကာ ခေတ်မှီတိုးတက်ရေးလမ်းကြောင်းကို လက် ချင်းချိတ်၍လျှောက်လှမ်းပါမည်။ လူသားကံကြမ္မာတူအသိုင်းအဝိုင်းကို အတူတကွဆောက်လုပ်ရေးလမ်း ကြောင်းကြီးပေါ်မှာ ရှေ့သို့ချီတက်လျှောက်လှမ်းကြမည်ဖြစ်ပါသည်။

LADIES & GENTLEMEN မိတ်ဆွေများခင်ဗျား။

            လူဘောင်အသိုင်းအဝိုင်းက ခေတ်မှီရေးခရီးရှည်လမ်းကြောင်းကို ချီတက်ရာတွင် အခက်အခဲဆူး ညောင့််ခလုတ်မျိုးစုံကို ကြုံတွေနိုင်မည်မှာဧကန်မလွဲပါ။သိုသော်လည်း အနာဂါတ်ပန်းတိုင်မှာထွန်းလင်း တောက်ပနေဆဲဖြစ်နေပါသည်။တရုတ်ကွန်မြူနစ်ပါတီအနေနှင့် ဖက်ပေါင်းစုံနှင့်ပူးပေါင်းကြိုးပမ်းကြကာ ထူးခြားသည့်ခေတ်မှီတည်ဆောက်ရေးလုပ်ငန်းမျာဖြင့် တိုးတက်စည်ပင်သာယာပြောသော ခေတ်ရေစီး ကြောင်းကြီးကို တွန်းပို့ဆောင်ရွက်လိုပါသည်။ သမိုင်းစီးကြောင်းအတွင်း စဉ်ဆက်မပြတ်ရှေ့သိုလှမ်းချီ ကြကာ ထာဝရစဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးကို အတူတကွကြိုးပမ်းဆောင်ရွက်ကြပါစို့။

အားလုံးကိုကျေးဇူးတင်ပါတယ်။

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/03/25/%e1%80%90%e1%80%85%e1%80%ba%e1%80%80%e1%80%99%e1%80%b9%e1%80%98%e1%80%ac%e1%80%9c%e1%80%af%e1%80%b6%e1%80%b8%e1%80%86%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%9b%e1%80%ac%e1%80%9a%e1%80%89/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 3月 25, 2023 8:27 下午
下一篇 3月 27, 2023 8:18 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....