မန္တလေးတိုင်းကုန်သည်ကြီးများတရုတ်သို့သွားရောက်

မန္တလေးတိုင်းဒေသကြီး ကုန်သည်ကြီးများနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ကိုယ်စားလှယ်အဖွဲ့ တရုတ်နိုင်ငံ ရွှေလီမြို့ နှင့် မန်စီမြို့သို့ သွားရောက်လေ့လာ

မန္တလေးတိုင်းကုန်သည်ကြီးများတရုတ်သို့သွားရောက်

မန္တလေးတိုင်းဒေသကြီး ကုန်သည်ကြီးများနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း MRCCI ဥက္ကဋ္ဌ ဦးဝင်းဌေး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့  ၂၁ ဦးသည် တရုတ်နိုင်ငံ တက်ဟုန်းပြည်နယ်ခွဲ ရွှေလီမြို့ နှင့် လုံချွမ်းခရိုင် မန်စီမြို့သို့ မတ်လ ၁၄ ရက်နေ့မှ ၁၇ရက်နေ့အထိ သွားရောက်လေ့လာခဲ့ကြကြောင်း သိရသည်။

ခရီးစဉ်အတွင်း နယ်စပ်ကုန်သွယ်ရေးကို လေ့လာခဲ့ကြပြီး တရုတ်-မြန်မာကူးသန်းရောင်းဝယ်ရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် နက်ရှိုင်းစွာ ဖလှယ်ခဲ့ကြသည်။

မန္တလေးတိုင်းကုန်သည်ကြီးများတရုတ်သို့သွားရောက်မန္တလေးတိုင်းကုန်သည်ကြီးများတရုတ်သို့သွားရောက်မန္တလေးတိုင်းကုန်သည်ကြီးများတရုတ်သို့သွားရောက်မန္တလေးတိုင်းကုန်သည်ကြီးများတရုတ်သို့သွားရောက်မန္တလေးတိုင်းကုန်သည်ကြီးများတရုတ်သို့သွားရောက်မန္တလေးတိုင်းကုန်သည်ကြီးများတရုတ်သို့သွားရောက်

အဆိုပါကိုယ်စားလှယ်အဖွဲ့သည် နန်းတော်ဂိတ်အပါအတင် ရွှေလီနယ်စပ်ဂိတ်၊ ကျယ်ဂေါင်ကျောက်ဝိုင်း၊ ရွှေလီနယ်စပ်ဂိတ်ပူးတွဲစစ်ဆေးရေးရုံး၊ ကျောက်မျက်ရတနာဈေး၊ ရွှေလီမြို့ PengHe စိုက်ပျိုးရေးနှင့် အစားအစာကုမ္ပဏီ၊ Ruili Experimental Area Planning Museum၊ ရွှေလီစက်မှုလုပ်ငန်းဇုန်၊ ဝမ်တိန်မန်မန်းလမ်းကြောင်း၊ ဝမ်တိန် ChangHe ကုမ္ပဏီ၊ KenFa ကုမ္ပဏီ၊ လုံချွမ်းကျန်းဖုန်းနယ်စပ်ဂိတ်၊ လုံချွမ်းစက်မှုလုပ်ငန်းဇုန်၊ တက်ဟုန်း ZhengXin ကုမ္ပဏီ၊ FuRui စားနပ်ရိက္ခာနှင့်အဆီကုမ္ပဏီ၊ မန်စီ ZhiCheng လက်ဖက်ကုမ္ပဏီလီမိတက်၊ YunChaWu ကော်ဖီကုမ္ပဏီ အစရှိသည့်နေရာများသို့ သွားရောက်လေ့လာခဲ့ကြပြီး နယ်စပ်ကူးသန်းရောင်းဝယ်ရေးနှင့် စိုက်ပျိုးရေးကုန်ထွက်ပစ္စည်း ကုန်ချောထုတ်လုပ်ခြင်း စသည့်လုပ်ငန်းများနှင့်စပ်လျဉ်းသည့် ဖွံ့ဖြိုးတိုးတက်ရေးအခြေအနေကိုလည်း လက်တွေ့လေ့လာခဲ့ကြကြောင်း သိရသည်။

ကိုခန့်

Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/03/25/%e1%80%99%e1%80%94%e1%80%b9%e1%80%90%e1%80%9c%e1%80%b1%e1%80%b8%e1%80%90%e1%80%ad%e1%80%af%e1%80%84%e1%80%ba%e1%80%b8%e1%80%80%e1%80%af%e1%80%94%e1%80%ba%e1%80%9e%e1%80%8a%e1%80%ba%e1%80%80%e1%80%bc/

(0)
打赏 WeChat PaukPhaw WeChat PaukPhaw
上一篇 3月 25, 2023 8:14 下午
下一篇 3月 25, 2023 8:20 下午

Related Posts

发表评论

登录后才能评论
WeChat ID
ပေါက်ဖော် Pauk Phaw: All for the brotherhood of the peoples of Myanmar and China, understanding, exchange, cooperation and .....