မြေပဲဆန်ကုန်ကြမ်း တရုတ်ဝယ်လိုအား နည်းနေသည့်အတွက် စျေးကွက်အေးနေ
မြေပဲဆန်ကုန်ကြမ်း တရုတ်ဝယ်လိုအား နည်းနေသည့်အတွက် စျေးကွက်အေးနေကြောင်း မုံရွာမြို့ဆီစက်လုပ်ငန်းရှင်များထံမှ သိရသည်။
“လတ်တလော ပြည်တွင်းထွက်ဆီက စျေးကွက်အေးနေတယ်။ အခုရာသီက မြေပဲနဲ့ နေကြာ အနည်းငယ် ထွက်နေတဲ့ရာသီပါ။ မြေပဲဆန်ကုန်ကြမ်းကို တရုတ်ဝယ်လိုအား နည်းနေတဲ့အတွက် စျေးကွက်အေးနေတယ်။ စောစောပိုင်းက ပြည်ပထွက် မြေပဲလုံးဆန်စျေးက တစ်ပိသာ ၈၀၀၀ ပတ်ဝန်းကျင်စျေးထိ ဖြစ်ရာက အခု ၇၀၀၀ စျေး ဖြစ်သွားတယ်”ဟု ဆီစက်လုပ်ငန်းရှင် ဦးထွန်းထွန်းဦး ကပြောသည်။
ပြီးခဲ့သည့်နှစ်ထက် မြေပဲထွက်ရှိမှု၊ စီးဆင်းမှုလျော့နည်းနေပြီး မုံရွာစျေးကွက်သို့ ချင်းတွင်းမြစ်တစ်လျှောက် ကနီ၊ မင်းကင်း၊ ဖောင်းပြင်၊ ဟုမ္မလင်း၊ ခန္တီးဒေသများမှ လာသည့် မြေပဲအနီသည် ပြီးခဲ့သည့်နှစ်များလောက် အထွက်မရှိ နည်းပါးနေကြောင်းသိရသည်။
“ပြီးခဲ့တဲ့ ၁၅ ရက်နဲ့ တစ်လအကြားမှာ နိုင်ငံခြားပို့ရတော့ မြေပဲဆန်စျေး ကောင်းခဲ့တယ်။ ပြည်တွင်းဆီကြိတ်တဲ့ မြေပဲဆန်စျေးက တစ်ပိသာ ကျပ် ၆၀၀၀ က ၆၅၀၀ ကြား စျေးရှိနေပါတယ်။ ပြည်တွင်းဆီစျေးက မှန်မှန်အေးအေး ဖြစ်နေတယ်။ နိုင်ငံခြားကလာတဲ့ တင်သွင်းဆီကတော့ တင်သွင်းတဲ့တန်ချိန်က တစ်လကို တန်ချိန် ၃၅၀၀၀ လောက်တင်သွင်းတယ်။ ရည်ညွှန်းစျေးက ကျပ်၄၇၀၀ လောက်ပေမယ့် ပြင်ပစျေးက ၇၀၀၀ ကျော် ဖြစ်နေတယ်။ ဝယ်လိုအားကျတဲ့အတွက် စျေးနှုန်းက တက်မရ ချမရ ဖြစ်နေတာပေါ့”ဟု ဦးထွန်းထွန်းဦး ကပြောသည်။
မြေပဲအထွက် နည်းသကဲ့သို့ ပြည်ပဝယ်လိုအားလည်း နည်းသွားပြီး ကျန်သည့်ပဲအမျိုးအစားများကသာ စျေးကွက်မာနေပြီး မြေပဲဆန်စျေးကွက်မှာ အေးနေခြင်း ဖြစ်ကြောင်းသိရသည်။
စျာန်ထူးကို
၎
င
၎
၎
Original works by shin@PaukPhaw Network: http://www.paukphaw.org/2023/03/25/%e1%80%99%e1%80%bc%e1%80%b1%e1%80%95%e1%80%b2%e1%80%86%e1%80%94%e1%80%ba%e1%80%80%e1%80%af%e1%80%94%e1%80%ba%e1%80%80%e1%80%bc%e1%80%99%e1%80%ba%e1%80%b8-%e1%80%90%e1%80%9b%e1%80%af%e1%80%90%e1%80%ba/